Skip to main content
အင်္ဂလန်နှင့် ကိုလံဘီယာတို့ပွဲအပြီးတွင် ရုရှားနိုင်ငံရှိ မြို့တစ်မြို့တွင် သွေးရောင်မိုး ရွာသွန်းခဲ့
Ads Block

အင်္ဂလန်နှင့် ကိုလံဘီယာတို့ပွဲအပြီးတွင် ရုရှားနိုင်ငံရှိ မြို့တစ်မြို့တွင် သွေးရောင်မိုး ရွာသွန်းခဲ့

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များအနက် အင်္ဂလန်နှင့် ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သောပွဲအပြီးတွင် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ်ရှိ မြို့တစ်မြို့၌ သွေးရောင်မိုးများ ရွာသွန်းခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

သွးရောင်မိုးများ ရွာသွန်းခဲ့သော ဆိုက်ဘေးရီးယားပြည်နယ်ရှိ မြို့တစ်မြို့

အင်္ဂလန်နှင့် ကိုလံဘီယာတို့ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ဆိုက်ဘေးရီးယားပြည်နယ် Norilsk မြို့ရှိ နီကယ်နှင့် ကြေးနီထုတ်လုပ်သည့် စက်ရုံတစ်ရုံအနီးတွင် သွေးနီရောင်မိုးရွာသွန်းခဲ့ကာ အဆိုပါ စက်ရုံ၏ ကားပါကင်သည် အင်္ဂလန်အသင်း၏ အနီရောင်ဂျာစီကဲ့သို့ နီရဲသွားခဲ့သည်ဟု ဆိုသည်။ ဒေသခံများက ယခုကဲ့သို့ သွေးနီရောင်မိုးရွာသွန်းခြင်းသည် ကမ္ဘာပျက်ကိန်း (သို့မဟုတ်) သမ္မာကျမ်းစာပါကပ်ဆိုးတစ်ခု ဖြစ်လာမည့် နိမိတ်ဟု ယုံကြည်ကြောက်ရွံ့နေကြောင်း ရုရှားမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

သွးရောင်မိုးများ ရွာသွန်းခဲ့သော ဆိုက်ဘေးရီးယားပြည်နယ်ရှိ မြို့တစ်မြို့

အခြားမြို့သူမြို့သား များကလည်း သွေးနီရောင်မိုးတွင် အဆိပ်များ ပါဝင်လာမည်ကို စိုးရိမ်နေသည်ဟုဆိုသည်။ လူမှုမီဒီယာအသုံးပြုသူတစ်ဦးက “ဒါက ကြောက်ရွံ့စရာရုပ်ရှင်ကားတစ်ကားလိုပါပဲ။ သွေးနီရောင် မိုးတွေ ရွာသွန်းခဲ့တာပါ”ဟု ရေးသားခဲ့သည်။ Nadezhdinsky နီကယ်နှင့် ကြေးနီစက်ရုံ၏ မိခင်ကုမ္ပဏီဖြစ်သည့် Nornickel ကုမ္ပဏီကမူ သွေးနီရောင်မိုး ရွာသွန်းခဲ့သော်လည်း ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာများမရှိဟု သတင်းထုတ်ပြန်ခဲ့သည်။

  • အကုန်သိ သတင်းဌာန
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။