Skip to main content
ဘရာဇီးအသင်း၏ နိုင်ပွဲအတွက် အောင်ပွဲခံစဉ် အမျိုးသမီးတစ်ဦး မတော်တဆမှုကြောင့် သေဆုံးခဲ့ရ 
Ads Block

ဘရာဇီးအသင်း၏ နိုင်ပွဲအတွက် အောင်ပွဲခံစဉ် အမျိုးသမီးတစ်ဦး မတော်တဆမှုကြောင့် သေဆုံးခဲ့ရ 

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းကို အားပေးနေသည့် အမျိုးသမီး ပရိသတ်တစ်ဦးသည် ဘရာဇီးအသင်း၏ အနိုင်ပွဲအတွက် အောင်ပွဲခံစဉ် ၀ိုင်ဖန်ခွက်ပေါ်သို့ လဲကျကာ ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်အရွယ်ရှိ ဘရာဇီးနိုင်ငံသူ တမ်ရာမိုင်အိုချီဖြစ်သည်ဟုဆိုသည်။ မိုင်အိုချီသည် ဇွန်လ ၂၈ ရက်တွင် ဘရာဇီးနှင့် ဆားဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားပွဲစဉ်ကို ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့ရှိ အိမ်တစ်အိမ်တွင် သူငယ်ချင်းများနှင့်အတူ စုပေါင်းကြည့်ရှုအားပေးခဲ့သည်။

ဘရာဇီးအသင်း၏ နိုင်ပွဲအတွက် အောင်ပွဲခံစဉ် အမျိုးသမီးတစ်ဦး မတော်တဆမှုကြောင့် သေဆုံးခဲ့ရ 

အဆိုပါပွဲကို ကြည့်ရှုနေစဉ်အတွင်း မိုင်အိုချီသည် ဆိုဖာပေါ်တွင်ထိုင်ကာ လက်တစ်ဖက်၌ မိုဘိုင်းဖုန်း၊ အခြားလက်တစ်ဖက်တွင် ၀ိုင်ထည့်ထားသည့် ဖန်ခွက်တို့ကို ကိုင်ကာ ကြည့်ရှုအားပေးနေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောဆိုခဲ့သည်။ ဘရာဇီးက ဆားဘီးယားအသင်းအား ၂-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သော အဆိုပါပွဲ၏ ပွဲပြီးခရာမှုတ်ချိန်တွင် မိုင်အိုချီသည် အောင်ပွဲခံရန်အတွက် မတ်တပ်ရပ်လိုက်စဉ်အချိန်တွင် ဟန်ချက်ပျက်လဲကျခဲ့ကာ ဖန်ဖြင့် ပြုလုပ်ထားသည့် ၀ိုင်ခွက်လည်း ကျကွဲသွားခဲ့ပြီး ဖန်ခွက်ကွဲအပိုင်းအစများပေါ်သို့ မိုင်အိုချီ လဲကျခဲ့ရာတွင် ဖန်အပိုင်းအစများသည် မိုင်အိုချီ၏ လည်ပင်းသွေးပြန်ကြောကို ဖြတ်တောက်ခဲ့မိခြင်းဖြစ်သည်ဟုဆိုသည်။

မိုင်အိုချီနှင့်အတူ ရှိနေသည့် သူငယ်ချင်းများက မိုင်အိုချီ၏ လည်ပင်းမှ သွေးများထွက်နေမှုကို ရပ်တန့်သွားစေရန် တစ်ရှုးစက္ကူများဖြင့် စည်းပတ်ပေးမှုများ ပြုလုပ်ပေးခဲ့ကြသော်လည်း အခင်းဖြစ်ရာ နေအိမ်သို့ လူနာတင်ယာဉ် ရောက်ရှိချိန်၌ မိုင်အိုချီ သေဆုံးသွားခဲ့ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။