Skip to main content
Knife-wielding man kills 2 boys in Shanghai
Ads Block

တရုတ်နိုင်ငံတွင် အလုပ်လက်မဲ့တစ်ဦး၏ ဓားချက်ဖြင့် မူလတန်းကျောင်းသားနှစ်ဦး သေဆုံး

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှိ မူလတန်းကျောင်းတစ်ကျောင်းရှေ့တွင် ဓားကိုင်အမျိုးသားတစ်ဦးက ကလေးများကို တိုက်ခိုက်ခဲ့မှုကြောင့် ကလေးနှစ်ဦးသေဆုံးကာ အခြားနှစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဇွန် ၂၈ ရက် နံနက် ၁၁ နာရီ ခွဲခန့်တွင် ရှန်ဟိုင်းမြို့ရှိ နိုင်ငံခြားဘာသာသင် မူလတန်းကျောင်းရှေ့၌ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ကျောင်းသားသုံးဦးနှင့် ကျောင်းသားမိခင်တစ်ဦးကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဒဏ်ရာရကလေးများကို ဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့သော်လည်း နှစ်ဦးမှာ သေဆုံးသွားခဲ့ကာ ကျန်ကျောင်းသား တစ်ဦးနှင့် ကျောင်းသားမိခင်တစ်ဦးမှာ ပြင်းထန်းစွာ ဒဏ်ရာရထားပြီး စိတ်ချရသော အခြေအနေသို့ မရောက်သေးကြောင်း ဒေသခံမီဒီယာသတင်းအရ သိရသည်။

တရုတ်နိုင်ငံတွင် အလုပ်လက်မဲ့တစ်ဦး၏ ဓားချက်ဖြင့် မူလတန်းကျောင်းသားနှစ်ဦး သေဆုံး

တရားခံကို အခင်းဖြစ်ရာ နေရာတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၄င်းသည် အလုပ်လက်မဲ့တစ်ဦးဖြစ်ကြောင်းနှင့် ၄င်း၏ဒေါသကို ပတ်ဝန်းကျင်အပေါ် ပေါက်ကွဲတတ်သူတစ်ဦးဟုသိရကာ ဖြစ်စဉ်ကို ရဲများက စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

ဓားထိုးတိုက်ခိုက်ခြင်းသည်  တရုတ်နိုင်ငံတွင် ဖြစ်လေ့ဖြစ်ထမရှိဘဲ အထူးသဖြင့် စာသင်ကျောင်းများတွင် ဖြစ်ပွားလေ့မရှိပေ။ သို့သော်လည်း အလားတူ အဖြစ်မျိုးတစ်ခုကို ရှန်ရှီပြည်နယ် မီချီကောင်တီ အလယ်တန်းကျောင်းတွင်  လွန်ခဲ့သောဧပြီလက ဖြစ်ပွားခဲ့ဖူးကာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက လူ ကိုးဦးကို ဓားနှင့် ထိုးသတ်ခဲ့ဖူးသည်ဟု သိရသည်။ ယင်းဖြစ်စဉ်တွင် တရားခံသည် ကျောင်းတွင်း အနိုင်ကျင့်ခံခဲ့ရဖူးသူတစ်ဦးဟု သိရကာ ကျောင်းသူကျောင်းသားများကို မုန်းတီး အငြိုးထားသူတစ်ဦးဟုသိရသည်။

  • မိုင် (အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။