Skip to main content
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံတွင် မီးလောင်မှု ဖြစ်ပွား၊ လက်ရှိတွင် level 3 သတ်မှတ်ထား
Ads Block

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံတွင် မီးလောင်မှု ဖြစ်ပွား၊ လက်ရှိတွင် level 3 သတ်မှတ်ထား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ စိန်ပန်း ၂ လမ်းတွင် ယနေ့(ဧပြီလ ၇ ရက်)၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိရာမှ ညနေ ၅ နာရီ ၄၄ မိနစ်ခန့်တွင် level 2 ယာဉ်စုများ ထွက်ခွာလျှက်ခဲ့ပြီး ညနေ ၅ နာရီ ၅၂ မိနစ်ခန့်တွင် level 3 ယာဉ်အုပ်စုများ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်၍ ဆက်လက် ဖော်ပြပေးသွားပါမည်။ 

  • နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။