Skip to main content
ဦးသိမ်းဝေ
Ads Block

ရန်ကုန်မြို့ သစ်၌ နေပြည်တော်ကဲ့သို့ ကားအစီး ၂၀ မောင်းနိုင်သည့်လမ်းမျိုး ထည့်မဖောက်ဟု NYDC လုပ်ခွင့်ရ မစ္စတာဆာ့ခ်ျပန်းပြော

ရန်ကုန်မြို့ သစ်စီမံကိန်းကြီးအတွင်း၌ မည့်သည့်အတွက်ကြောင့်မှန်းမသိဘဲ နေပြည်တော်တွင် ဆောက်ထားသည့် ကားစီးရေ ၂၀ သွားနိုင်သော လမ်းမျိုးထည့်သွင်းဆောက်လိမ့်မည်မဟုတ်ကြောင်း မြို့ သစ်စီမံကိန်းကုမ္ပဏီ NYDC ၏ ဒုတိယဥက္ကဋ္ဌ အိမ်ခြံမြေသူဌေးကြီး မစ္စတာ ဆာ့ခ်ျပန်းက ပြောကြားလိုက်သည်။ 

နေပြည်တော်

မြို့ သစ်စီမံကိန်းကြီးအတွက် ရန်ကုန်ဝန်ကြီးချုပ်က အထူးဦးစားပေး နေရာပေးခံထားရသော ဦးသိမ်းဝေခေါ် မစ္စတာ ဆာ့ခ်ျပန်းက ဇွန်လ ၂၃ ရက်တွင် ကျင်းပခဲ့သည့် NYDC Town Hall ဆွေးနွေးပွဲတွင် မေးခွန်းမေးသူများအပေါ် နေပြည်တော်နှင့်နှိုင်းယှဉ်၍ ပြန်လည်တုံ့ ပြန်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ " နေပြည်တော်လို ဖြစ်မလားပေါ့။ ကျွန်တော် နေပြည်တော်အကြောင်းမပြောရဲပါဘူး။ ဒါပေမဲ့ ကားလမ်း ၂၀ တော့ ကျိန်းသေပေါက် ဆောက်မှာမဟုတ်ဘူး။ ကား ၂၀ သွားနိုင်တဲ့လမ်းကြီးကတော့ ဘာကြောင့်ဆောက်လဲတော့ မသိဘူးပေါ့နော် " ဟု မစ္စတာ ဆာ့ခ်ျပန်းက ပြောသည်။ ရန်ကုန်မြို့ သစ်တွင် နေပြည်တော်ကဲ့သို့ မဟုတ်စေဘဲ သတ်မှတ်ကန့် သတ်ချက်များစွာ ရှိထားကြောင်း၊ လမ်းလိုအပ်ချက်ကိုလည်း တွက်ချက်ချိန်ဆထားပြီး ယာဉ်ကျောကြပ်တည်းမှုများလည်း ရှိလိမ့်မည်မဟုတ်ကြောင်း ၄င်းကပြောသည်။ မြို့ သစ်စီမံကိန်းနှင့်ပတ်သက်၍ နောက်ထပ် အချိန်(၆) ပတ်ပေးပါက သိသင့်သိထိုက်သောအချက်အလက်အသစ်များကို ထပ်မံသိခွင့်ပေးမည်ဖြစ်ကြောင်းလည်း ဆိုသည်။ မေးခွန်းမေးသူများကမူ ရန်ကုန်မြို့ သစ်သည် နေပြည်တော်ကဲ့သို့ တစ်သီတစ်ခြားပုံစံမျိုးဖြစ်သွားမည်ကို စိုးရိမ်စိတ်ပူခဲ့ကြခြင်းသာ ဖြစ်သော်လည်း ဦးသိမ်းဝေကမူ နေပြည်တော်၏ လမ်းမကြီးများ ကျယ်ဝန်းမှုကို အပြစ်တစ်ခုသဖွယ်ထောက်ပြတုံ့ ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

နေပြည်တော်မြို့ သစ်တည်ဆောက်ချိန်တွင် ကား ၁၆ စီးအထိ သွားနိုင်သော လမ်းမကျယ်ကြီးကိုပါ ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းသည် နိုင်ငံတော်၏အရေးပေါ် လုံခြုံရေးအခြေအနေအရ အရေးကြုံလာလျှင် လေယာဉ်များပါ ဆင်းသက်ပျံသန်းနိုင်စေရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်ကြောင်း ကြားသိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ လေယာဉ်ကွင်းများကို လေကြောင်းမှ ဖျက်ဆီးခံရမှုများ ရှိလာလျှင်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် လေယာဉ်များရပ်တန့် စရာနေရာ မရှိလျှင်ဖြစ်စေ၊ တပ်မတော်နေ့ အခမ်းအနားနှင့် နိုင်ငံတော်သမ္မတအား ချီတက်ဂုဏ်ပြုရသောအခမ်းအနားများတွင် ကျယ်ပြန့် သော ကားလမ်းမကြီးပေါ်မှတစ်ဆင့် အိမ်တော်အထိ ချီတက်နိုင်စေရန်ဆိုသော ရည်ရွယ်ချက်များ ပါဝင်နေကြောင်း ကြားသိရသည်။ 

  - အေ၀ိုင်အီး

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။