Skip to main content
ယခုနှစ် မေလအထိ ကချင်ပြည်နယ်အတွင်း ကျပ်သိန်းပေါင်း (၇၇၇၂) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ ဟု ပြည်နယ် နယ်လုံ ၀န်ကြီးပြော
Ads Block

ယခုနှစ် မေလအထိ ကချင်ပြည်နယ်အတွင်း ကျပ်သိန်းပေါင်း (၇၇၇၂) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ ဟု ပြည်နယ် နယ်လုံ ၀န်ကြီးပြော

ယခုနှစ် မေလအထိ ကချင်ပြည်နယ်အတွင်း ငွေကျပ်သိန်းပေါင်း (၇၇၇၂) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ဇွန်လ၂၆ ရက် က ကျင်းပရာ ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာ ကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် မေလအထိ ကချင်ပြည်နယ်အတွင်း ကျပ်သိန်းပေါင်း (၇၇၇၂) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ ဟု ပြည်နယ် နယ်လုံ ၀န်ကြီးပြော

ယင်းသို့ အမှာ စကားပြောကြားရာတွင် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် ဘယ်လောက် ကြီးမားနေသည်ကို ထောက်ပြ အသိပေးလိုကြောင်း၊ ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါး မှု နှင့် ပတ်သက်သည့် အမှုပေါင်း(၁၈၁၄)မှု ရှိခဲ့ပြီး ကျား/မတရားခံပေါင်း(၂၄၀၇) ဦး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၈၅၂၁၆)ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ မေလအထိ အမှုပေါင်း(၆၇၃)မှု၊ တရားခံပေါင်း(၉၅၁)ဦး နှင့် ကာလတန်ဖိုးကျပ်သိန်းပေါင်း (၇၇၇၂) ကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ရဲတပ်ဖွဲ့ရဲမှူးကြီးထက်လွင်က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ယခုနှစ် မေလအထိ ကချင်ပြည်နယ်အတွင်း ကျပ်သိန်းပေါင်း (၇၇၇၂) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ ဟု ပြည်နယ် နယ်လုံ ၀န်ကြီးပြော

၎င်းနောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ကာတွန်း၊ ပိုစတာပြိုင်ပွဲများနှင့် အလွတ်တန်းဝတ္ထုတိုပြိုင်ပွဲတွင် ဆုရ ရှိသူများနှင့် ပြည်နယ်အဆင့် ထက်၊လယ်၊မူ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများနှင့် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးထူးချွန်စွာ ဖမ်းဆီးနိုင်သည့်ဆုနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

  • မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။