Skip to main content
လူပေါင်း ၂၀၀ နီးပါးနစ်မြုပ်ခဲ့ရတဲ့ ကူးတို့လှေ ကပ္ပတိန်ကို ဖမ်းဆီး
Ads Block

လူပေါင်း ၂၀၀ နီးပါးနစ်မြုပ်ခဲ့ရတဲ့ ကူးတို့လှေ ကပ္ပတိန်ကို ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ ကန်ကြီးတစ်ခုအောက်ခြေအထိ နစ်မြှပ်ခဲ့သည့် ကူတို့လှေ ကပ္ပတိန်ကို စုံစမ်းမေးမြန်းမှုတွေလုပ်နိုင်ဖို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

တူအာ ဆာဂါလာ အမည်ရှိ ကပ္ပတိန်ဟာ သင်္ဘော နစ်မြှပ်ချိန်အတွင်း ပြန်ကယ်တင်ခဲ့ရတဲ့သူ ၁၈ ဦးထဲမှာပါဝင်ခဲ့ပြီးနောက် စုံစမ်းမှုတွေလုပ်ဖို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ လှေနစ်မြှစ်ရတဲ့အကြောင်းအရင်းကို စုံစမ်းမေးမြန်းမှုတွေလုပ်မှာဖြစ်ပြီး ခရီးသွားတွေကို ဆွဲဆောင်မှုရှိတဲ့ ဆူမတ်တြားကျွန်းပေါ်ရှိ Lake Toba အတွင်း လှေတစ်စင်းနစ်မြှပ်သွားခဲ့ပါတယ်။

လူပေါင်း ၂၀၀ နီးပါးနစ်မြုပ်ခဲ့ရတဲ့ ကူးတို့လှေ ကပ္ပတိန်ကို ဖမ်းဆီး

တာဝန်ရှိသူတွေ က အဲဒီနစ်မြှပ်သွားတဲ့ လှေပေါ်မှာ လူပေါင်း ၁၉၃ ဦးပါဝင်ကြောင်း ၊ သေဆုံးသူအရေအတွက်မြင့်တက်လာမှာကို စိုးရိမ်နေကြောင်း ၊ လက်ရှိအချိန်အထိ လူ ၄ ဦး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ရဲ့ ကူတို့ လှေနစ်မြှပ်မှု တွေထဲမှာ အသေပျောက်အများဆုံးဖြစ်လာမှာကိုလည်း စိုးရိမ်မှုရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ သစ်သားနဲ့ ပြုလုပ်ထားတဲ့ လှေဟာ ခရီးသည်လက်မှတ်တွေကို တရားမဝင် စီမံခန်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားတာဝန်ရှိသူတွေ က ပျောက်ဆုံးနေသူတွေရဲ့ဆွေးမျိုး မိသားစုတွေ ရဲ့ပြောဆိုချက်ကိုအခြေခံကာ ခရီးသွားအရေအတွက်ကို ခန့်မှန်းနေရတာဖြစ်ပြီး လှေပေါ်မှာ ပါသွားသူဦးရေအတိကျသိနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။