Skip to main content
အင်ဒိုနီးရှားကမ်းလွန်တွင် ဘင်္ဂါလီ ၅ ဦးကို တံငါသည်များ ကယ်တင်ခဲ့ဟုဆို
Ads Block

အင်ဒိုနီးရှားကမ်းလွန်တွင် ဘင်္ဂါလီ ၅ ဦးကို တံငါသည်များ ကယ်တင်ခဲ့ဟုဆို

ဧပြီ ၆ ရက်နေ့  အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်း ကမ်းလွန်ရေပြင်မှာ ဘင်္ဂါလီ ၅ ဦးခန့် ကို အင်ဒိုတံငါသည်တွေက ကယ်တင်ခဲ့ကာ ကမ်းခြေသို့ ခေါ်ဆောင်လာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 

ယင်း ဘင်္ဂါလီဆိုသူတွေဟာ ဘယ်အရပ်ဒေသကနေ လာရောက်ခဲ့ကြတယ်ဆိုတာတော့ လတ်တလောမသိရသေးဘူးလို့  ဆိုပါတယ်။ လူ့ အခွင့်အရေးအုပ်စုတွေကတော့ အန္တရာယ်များတဲ့ ပယ်လယ်ခရီးကို ဖြတ်သန်းဖို့ ကြိုးစားရင်း မြန်မာက ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာဖွယ်ရှိနေတယ်လို့  ယူဆနေကြပါတယ်။ အာချေးပြည်နယ်အရှေ့ ပိုင်းမှ တံငါသည်တွေဟာ ဆူမာတြာကျွန်းရဲ့  မြောက်ဖက်စွန်း ရေပြင်မှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးတစ်ဦးကို ကမ်းခြေဆီ သယ်ဆောင်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အတည်မပြုနိုင်တဲ့ မီဒီယာသတင်းတွေအရ အခြားဘင်္ဂါလီ ၅ ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရပါတယ်။ 

ဒီလူတွေ နံနက် ၁ နာရီခွဲလောက်မှာ ကမ်းခြေကို ရောက်ရှိလာခဲ့ပြီး ချက်ချင်းပဲ ဆေးရုံကို တင်ပို့ ပေးခဲ့ကြောင်း အာချေးအရှေ့ ပိုင်း ရေတပ်စခန်းမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ရာဇာလီက ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ရေကြောင်းကနေ လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံသူတွေကို လက်ခံထားလေ့ရှိပေမယ့် ၄င်းတို့ ရဲ့ အခွင့်အရေးတွေကို ကန့်သတ်မှုတွေလုပ်ထားပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေနဲ့  ထိန်းသိမ်းရေးစင်တာတွေ အသုံးပြုမှုကာလကို အဆုံးသတ်ထားခဲ့ပါတယ်။ 

ယခုသီတင်းပတ်အစောပိုင်းက လန်ကာဝီကျွန်းကမ်းလွန်ရေပြင်မှာ မြန်မာနိုင်ငံကလို့ ဆိုတဲ့ ဘင်္ဂါလီ ၅၆ ဦးတင်ဆောင်လာတဲ့ လှေတစ်စင်းကို မလေးရှားအာဏာပိုင်တွေက ရပ်တန့် စစ်ဆေးခဲ့ပါတယ်။

  • ကိုလင်း ( အကုန်သိ သတင်းဌာန )

Ref: CNA 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။