Skip to main content
အေ၀းေျပးယာဥ္လုိင္းအားလံုး ဧၿပီလ ၉ ရက္အထိပံုမွန္ေျပးဆြဲႏိုင္ေရးေဆာင္ရြက္ေန၊ ပိတ္ရက္မ်ားတြင္ ယာဥ္လုိင္း ၁၁ လုိင္းေျပးဆြဲေပးမည္ဟု ဆို 
Ads Block

အေ၀းေျပးယာဥ္လုိင္းအားလံုး ဧၿပီလ ၉ ရက္အထိပံုမွန္ေျပးဆြဲႏိုင္ေရးေဆာင္ရြက္ေန၊ ပိတ္ရက္မ်ားတြင္ ယာဥ္လုိင္း ၁၁ လုိင္းေျပးဆြဲေပးမည္ဟု ဆို 

အေ၀းေျပးယာဥ္လုိင္းအားလံုးကို ဧၿပီလ ၉ ရက္အထိ ပံုမွန္ေျပးဆြဲႏိုင္ေရးေဆာင္ရြက္ေနကာ ၁၀ ရက္မွ စတင္ၿပီး ယာဥ္လုိင္း ၁၁ လုိင္းေျပးဆြဲေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔(YRTA) မွတြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔(YRTA)၏ ေဆာင္ရြက္ခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္သူမ်ားထံသို႔အသိေပးရွင္းလင္းျခင္း (၆/၂၀၂၀) မီဒီယာမ်ား၏ ေမးျမန္းခ်က္အေပၚ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“သၾကၤန္မတိုင္မီ ၉ ရက္ေန႔အထိ ပုံမွန္ေျပးဆြဲနိုင္ေအာင္ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ ယာဥ္လိုင္းေတြကို ရက္အလိုက္နားပါ့မယ္။ ယာဥ္လိုင္း ၁၁ လိုင္းကေတာ့႐ုံးပိတ္ရက္အတြင္းမွာလည္းမနားဘဲ ေျပးဆြဲေပးပါမယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔(YRTA) မွ တြဲဖက္အတြင္းေရးမွဴးဦးလွေအာင္က ေျပာသည္။
ယာဥ္လိုင္းမ်ားအေနျဖင့္အြန္လိုင္းမွလက္မွတ္မ်ားကို ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး အခ်ိဳ႕ယာဥ္လိုင္းမ်ားသည္ ႐ုံးပိတ္ရက္နီးမွ ေရာင္းခ်သည့္စနစ္မ်ားျဖင့္ ေဆာင္ရြက္မည္ျဖစ္ကာ ယာဥ္စီးခပိုမိုေတာင္းခံမႈမ်ားရွိပါက တိုင္ၾကားႏိုင္ေၾကာင္းလည္း YRTA ထံမွသိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

အဝေးပြေးယာဉ်လိုင်းအားလုံး ဧပြီလ ၉ ရက်အထိပုံမှန်ပြေးဆွဲနိုင်ရေးဆောင်ရွက်နေ၊ ပိတ်ရက်များတွင် ယာဉ်လိုင်း ၁၁ လိုင်းပြေးဆွဲပေးမည်ဟု ဆို 

အဝေးပြေးယာဉ်လိုင်းအားလုံးကို ဧပြီလ ၉ ရက်အထိ ပုံမှန်ပြေးဆွဲနိုင်ရေးဆောင်ရွက်နေကာ ၁၀ ရက်မှ စတင်ပြီး ယာဉ်လိုင်း ၁၁ လိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်သူများထံသို့အသိပေးရှင်းလင်းခြင်း (၆/၂၀၂၀) မီဒီယာများ၏ မေးမြန်းချက်အပေါ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“သင်္ကြန်မတိုင်မီ ၉ ရက်နေ့အထိ ပုံမှန်ပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယာဉ်လိုင်းတွေကို ရက်အလိုက်နားပါ့မယ်။ ယာဉ်လိုင်း ၁၁ လိုင်းကတော့ရုံးပိတ်ရက်အတွင်းမှာလည်းမနားဘဲ ပြေးဆွဲပေးပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောသည်။
ယာဉ်လိုင်းများအနေဖြင့်အွန်လိုင်းမှလက်မှတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး အချို့ယာဉ်လိုင်းများသည် ရုံးပိတ်ရက်နီးမှ ရောင်းချသည့်စနစ်များဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ယာဉ်စီးခပိုမိုတောင်းခံမှုများရှိပါက တိုင်ကြားနိုင်ကြောင်းလည်း YRTA ထံမှသိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။