Skip to main content
အေမရိကန္မွာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈဆုိးလာတာေၾကာင့္ စင္းလုံးငွားေလယာဥ္ေတြနဲ႕ အျမန္ျပန္ထြက္ဖုိ ့ တရုတ္ေက်ာင္းသားေတြ စီစဥ္ 
Ads Block

အေမရိကန္မွာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈဆုိးလာတာေၾကာင့္ စင္းလုံးငွားေလယာဥ္ေတြနဲ႕ အျမန္ျပန္ထြက္ဖုိ ့ တရုတ္ေက်ာင္းသားေတြ စီစဥ္ 

အေမရိကန္ႏိိုင္ငံတစ္၀န္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားေနတာေၾကာင့္ လူခ်မ္းသာ မိသားစုေတြက ေမြးဖြားလာတဲ့ တရုတ္ေက်ာင္းသားေတြဟာ သီးသန္ ့ ေလယာဥ္ေတြနဲ႕ အိမ္ျပန္ႏိုင္ဖို႔ အတြက္ ေဒၚလာေထာင္ခ်ီတဲ့ ေလယာဥ္လက္မွတ္ခေတြ ေပးေခ်ဖို႔ မိဘေတြကို တိုက္တြန္းေနၾကပါတယ္။

အေမရိကန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၅၀၀၀၀ ေက်ာ္သြားခ်ိန္မွာ ဗိုင္းရပ္စ္စတင္ ကူးစက္ပ်ံ႕ပြားရာျဖစ္တဲ့ တရုတ္ႏိုင္ငံဟာ ပိုးကူးစက္လူနာ ထပ္တိုးအေရအတြက္ မရွိေတာ့တာေၾကာင့္ အေမရိကန္ေရာက္ တရုတ္ေက်ာင္းသားေတြဟာ ေမြးရပ္ေျမကို အျမန္ဆံုးျပန္ႏိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္။ 

ၿပီးခဲ့တဲ့ အဂၤါေန႔က တရုတ္ႏိုင္ငံသို႔ အသြား/အျပန္ စီစဥ္ထားတဲ့ ေလယာဥ္ ခရီးစဥ္ ၃၈၀၀ မွာ ၃၁၀၂ ကို ဖ်က္သိမ္းလိုက္ေၾကာင္း ေလေၾကာင္းပ်ံသန္းမႈ အခ်က္အလက္၀န္ေဆာင္ဌာန VariFlight မွ ေျပာၾကားခဲ့ပါတယ္။ ပညာေရးေအးဂ်င့္မ်ားနဲ႔ စာသင္ေက်ာင္းေတြဟာ သီးသန္႕ ေလယာဥ္ေတြ အုပ္စုဖြဲ႔ စင္းလံုးငွားဖို႔ စီစဥ္ေနတဲ့ တရုတ္မိသားစုေတြကိုယ္စား ပုဂၢလိက ေလေၾကာင္းလိုင္းေတြကို ဆက္သြယ္ေပးသြားမွာ ျဖစ္တယ္လို႔ Private Fly မွ စီးပြားေရး ဒါရိုက္တာ Annelies Garcia က ေျပာၾကားခဲ့ပါတယ္။ 

သို႔ေသာ္လည္း စင္းလံုးငွားေလယာဥ္ေတြ ဆိုက္ကပ္ဖုိ႔အတြက္ တရုတ္ႏိုင္ငံ ေပက်င္း၊ ရွန္ဟိုင္း၊ ေဟာင္ေကာင္နဲ႔ မကာအိုမွ ေလဆိပ္ေတြ ပိတ္ခဲ့တာေတာင္ ေလယာဥ္လက္မွတ္ေစ်းႏႈန္းေတြကေတာ့ ဆက္လက္ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။ ေလာ့အိန္ဂ်လိစ္၊ ရွန္ဟိုင္းခရီးစဥ္ေတြ ပ်ံသန္းေပးေနတဲ့ အေမရိကန္ အေျခဆိုက္ စင္းလုံးငွား ေလယာဥ္၀န္ေဆာင္မႈ Air Charter Service က ထိုင္ခံု ၁၄ ခံုပါ ေလယာဥ္တစ္စီး စင္းလုံးငွားေစ်းႏႈန္း ယြမ္ ၃ သန္း( အေမရိကန္ေဒၚလာ ၃၂၅၃၀၀) သုိ ့မဟုတ္ လူတစ္ေယာက္စာအတြက္ ေဒၚလာ ၂၃၀၀၀ က်သင့္မွာ ျဖစ္တယ္လို႔ ဆုိပါတယ္။ စင္းလံုးငွားေလယာဥ္ေစ်းႏႈန္းေတြဟာ မွာယူတဲ့ ရက္စြဲနဲ႔ အခ်ိန္ေတြေပၚ မူတည္ၿပီး ေစ်းႏႈန္းေတြဟာလည္း အရမ္းကို ကြာျခားသြားတယ္လို႔ Air Charter Service မွ ေၾကာ္ျငာမန္ေနဂ်ာ Glenn Phillips က ေျပာၾကားခဲ့ပါတယ္။

 အကုန္သိ သတင္းဌာန  | Ref :  channelnewsasia 

 

Unicode Version

 

အမေရိကန်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေတာကြောင့် လူချမ်းသာ မိသားစုတွေက မွေးဖွားလာတဲ့ တရုတ်ကျောင်းသားတွေဟာ သီးသန့် လေယာဉ်တွေနဲ့ အိမ်ပြန်နိုင်ဖို့ အတွက် ဒေါ်လာထောင်ချီတဲ့ လေယာဉ်လက်မှတ်ခတွေ ပေးချေဖို့ မိဘတွေကို တိုက်တွန်းနေကြပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅၀၀၀၀ ကျော်သွားချိန်မှာ ဗိုင်းရပ်စ်စတင် ကူးစက်ပျံ့ပွားရာဖြစ်တဲ့ တရုတ်နိုင်ငံဟာ ပိုးကူးစက်လူနာ ထပ်တိုးအရေအတွက် မရှိတော့တာကြောင့် အမေရိကန်ရောက် တရုတ်ကျောင်းသားတွေဟာ မွေးရပ်မြေကို အမြန်ဆုံးပြန်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံသို့ အသွား/အပြန် စီစဉ်ထားတဲ့ လေယာဉ် ခရီးစဉ် ၃၈၀၀ မှာ ၃၁၀၂ ကို ဖျက်သိမ်းလိုက်ကြောင်း လေကြောင်းပျံသန်းမှု အချက်အလက်ဝန်ဆောင်ဌာန VariFlight မှ ပြောကြားခဲ့ပါတယ်။ ပညာရေးအေးဂျင့်များနဲ့ စာသင်ကျောင်းတွေဟာ သီးသန့် လေယာဉ်တွေ အုပ်စုဖွဲ့ စင်းလုံးငှားဖို့ စီစဉ်နေတဲ့ တရုတ်မိသားစုတွေကိုယ်စား ပုဂ္ဂလိက လေကြောင်းလိုင်းတွေကို ဆက်သွယ်ပေးသွားမှာ ဖြစ်တယ်လို့ Private Fly မှ စီးပွားရေး ဒါရိုက်တာ Annelies Garcia က ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း စင်းလုံးငှားလေယာဉ်တွေ ဆိုက်ကပ်ဖို့အတွက် တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင်နဲ့ မကာအိုမှ လေဆိပ်တွေ ပိတ်ခဲ့တာတောင် လေယာဉ်လက်မှတ်ဈေးနှုန်းတွေကတော့ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ လော့အိန်ဂျလိစ်၊ ရှန်ဟိုင်းခရီးစဉ်တွေ ပျံသန်းပေးနေတဲ့ အမေရိကန် အခြေဆိုက် စင်းလုံးငှား လေယာဉ်ဝန်ဆောင်မှု Air Charter Service က ထိုင်ခုံ ၁၄ ခုံပါ လေယာဉ်တစ်စီး စင်းလုံးငှားဈေးနှုန်း ယွမ် ၃ သန်း( အမေရိကန်ဒေါ်လာ ၃၂၅၃၀၀) သို့မဟုတ် လူတစ်ယောက်စာအတွက် ဒေါ်လာ ၂၃၀၀၀ ကျသင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စင်းလုံးငှားလေယာဉ်ဈေးနှုန်းတွေဟာ မှာယူတဲ့ ရက်စွဲနဲ့ အချိန်တွေပေါ် မူတည်ပြီး ဈေးနှုန်းတွေဟာလည်း အရမ်းကို ကွာခြားသွားတယ်လို့ Air Charter Service မှ ကြော်ငြာမန်နေဂျာ Glenn Phillips က ပြောကြားခဲ့ပါတယ်။

( အကုန်သိ သတင်းဌာန )  | Ref :  channelnewsasia 
     


     

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။