Skip to main content
ဗြိတိန် ချားလ်စ်မင်းသား ကိုရိုနာဗိုင်းရပ်စ် positive တွေ့ 
Ads Block

ဗြိတိန် ချားလ်စ်မင်းသား ကိုရိုနာဗိုင်းရပ်စ် positive တွေ့ 





 

Unicode Version

 

ဗြိတိန် ဘုရင်မကြီး အယ်လိဇဘတ် ၂ ရဲ့ အကြီးဆုံးသားဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် တော်ဝင်နန်းလျာ  မင်းသားကြီး ချားလ်စ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တော်ဝင်နန်းတော်က မတ် ၂၅ ရက် မနက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ 

 ရောဂါလက္ခဏာ အနည်းအကျဉ်းဖြစ်ပေါ်တာကလွဲရင် ကျန်တဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန် ပါကြောင်းနဲ့ ထုံးစံအတိုင်း ရက်အနည်းငယ်လောက် နေအိမ်ကနေ အလုပ်တာဝန်တွေ ဆောင်ရွက်သွား မှာဖြစ်ပါကြောင်းလည်း ဆိုခဲ့ပါတယ်။ ကြင်ယာတော် Cornwall မြို့စားကတော်ဟာလည်း ဗိုင်းရပ်စ် စစ်ဆေးမှုလုပ်ခဲ့ပေမယ့် ပိုးမတွေ့ခဲ့ကြောင်းနဲ့ မင်းသားဟာ စကော့တလန်ရှိနေအိမ်မှာ ဇနီးဖြစ်သူ ကာမီလာနဲ့ သီးခြားခွဲနေထိုင် နေတယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က မင်းသားဟာ ထိတွေ့ဆက်ဆံခဲ့သူများစွာရှိထားခဲ့တာကြောင့် ဘယ်သူ့ထံက ပိုးကူးခဲ့တယ်ဆိုတာကို အတိအကျပြောလို့မရနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

 ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : CNA

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။