Skip to main content
ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႕၏ တုိက္ခုိက္မႈအတြင္း ခ်ဒ္စစ္သား ၁၀၀ နီးပါး ေသဆုံး 
Ads Block

ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႕၏ တုိက္ခုိက္မႈအတြင္း ခ်ဒ္စစ္သား ၁၀၀ နီးပါး ေသဆုံး 

ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႕ရဲ႕ တုိက္ခုိက္မႈေၾကာင့္ ခ်ဒ္ စစ္သား ၉၂ ဦး ေသဆုံးကာ ၄၇ ဦး ဒဏ္ရာ ရခဲ့ေၾကာင္း သမၼတ အုိင္ဒရစၥ ဒက္ဘီ က အဂၤါေန ့ညပုိင္းမွာ ေျပာဆုိခဲ့ၿပီး ယခုတုိက္ခုိက္မႈဟာ ႏုိင္ငံရဲ႕ စစ္တပ္ သမုိင္းမွာ အေသအေပ်ာက္အမ်ားဆုံး တုိက္ခုိက္မႈျဖစ္ခဲ့ေၾကာင္း သိရပါတယ္။  

အစၥလာမ္မစ္ စစ္ေသြးၾကြေတြနဲ႕ ႏွစ္မ်ားစြာ တုိက္ပြဲေတြျဖစ္ေနတဲ့ ႏုိင္ဂ်ီးရီးယား၊ ႏုိင္ဂ်ာနဲ႕ ခ်ဒ္ စစ္တပ္ဖြဲ႕ေတြ တည္ရွိရာ ႏုိင္ငံအေနာက္ပုိင္း စိမ့္ေတာေျမေဒသျဖစ္တဲ့ Lake Chad နယ္ေျမ ဘုိမာကၽြန္း ေက်းရြာမွာ တနလၤာေန ့က စစ္သားေတြ တုိက္ခုိက္ခံခဲ့ရတာျဖစ္ေၾကာင္း သိရပါတယ္။ 

“တုိက္ပြဲမ်ားစြာ မိမိတုိ ့ႀကဳံခဲ့ဖူးေပမယ့္ မိမိတုိ ့ရဲ႕ သမုိင္းမွာ တစ္ႀကိမ္တည္းနဲ႕ ဒီေလာက္ စစ္သည္ အေရအတြက္ က်ဆုံးမႈမ်ဳိး မရွိခဲ့ေသးပါဘူး” လုိ ့ အဂၤါေန ့က အခင္းျဖစ္ေနရာကုိ သြားေရာက္စစ္ေဆးခဲ့တဲ့ ဒက္ဘီက ေျပာဆုိခဲ့ပါတယ္။ 

ဘုိကုိဟာရမ္ သူပုန္အဖြဲ႕ဟာ ၂၀၀၉ ခုႏွစ္မွာ ႏုိင္ဂ်ီးရီးယားႏုိင္ငံ အေရွ႕ေျမာက္ပုိင္းကေန စတင္ ေပၚထြက္လာတာျဖစ္ၿပီး ၄င္းတုိ ့နဲ႕ တုိက္ပြဲေတြေၾကာင့္ လူ ၃၀၀၀၀ ေက်ာ္ေသဆုံးကာ လူဦးေရ ၂ သန္းခန္႔ ေနအိမ္စြန္ ့ခြာထြက္ေျပးခဲ့ရပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Reuters 

 

Unicode Version

 

ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ချဒ် စစ်သား ၉၂ ဦး သေဆုံးကာ ၄၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း သမ္မတ အိုင်ဒရစ္စ ဒက်ဘီ က အင်္ဂါနေ့ညပိုင်းမှာ ပြောဆိုခဲ့ပြီး ယခုတိုက်ခိုက်မှုဟာ နိုင်ငံရဲ့ စစ်တပ် သမိုင်းမှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။  

အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ နှစ်များစွာ တိုက်ပွဲတွေဖြစ်နေတဲ့ နိုင်ဂျီးရီးယား၊ နိုင်ဂျာနဲ့ ချဒ် စစ်တပ်ဖွဲ့တွေ တည်ရှိရာ နိုင်ငံအနောက်ပိုင်း စိမ့်တောမြေဒေသဖြစ်တဲ့ Lake Chad နယ်မြေ ဘိုမာကျွန်း ကျေးရွာမှာ တနင်္လာနေ့က စစ်သားတွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ 

“တိုက်ပွဲများစွာ မိမိတို့ကြုံခဲ့ဖူးပေမယ့် မိမိတို့ရဲ့ သမိုင်းမှာ တစ်ကြိမ်တည်းနဲ့ ဒီလောက် စစ်သည် အရေအတွက် ကျဆုံးမှုမျိုး မရှိခဲ့သေးပါဘူး” လို့ အင်္ဂါနေ့က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ ဒက်ဘီက ပြောဆိုခဲ့ပါတယ်။ 

ဘိုကိုဟာရမ် သူပုန်အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကနေ စတင် ပေါ်ထွက်လာတာဖြစ်ပြီး ၎င်းတို့နဲ့ တိုက်ပွဲတွေကြောင့် လူ ၃၀၀၀၀ ကျော်သေဆုံးကာ လူဦးရေ ၂ သန်းခန့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ 

 ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။