Skip to main content
ထုိင္းအစုိးရရဲ႕ ပိတ္ဆုိ ့ကန္႕သတ္မႈ အစီအမံေၾကာင့္ ျမန္မာ အပါအ၀င္ ေရႊ႕ေျပာင္းလုပ္သား ၆၀၀၀၀ ခန္ ့ ႏုိင္ငံတြင္းမွ စုၿပဳံထြက္ခြာမႈ ျဖစ္ေစခဲ့ 
Ads Block

ထုိင္းအစုိးရရဲ႕ ပိတ္ဆုိ ့ကန္႕သတ္မႈ အစီအမံေၾကာင့္ ျမန္မာ အပါအ၀င္ ေရႊ႕ေျပာင္းလုပ္သား ၆၀၀၀၀ ခန္ ့ ႏုိင္ငံတြင္းမွ စုၿပဳံထြက္ခြာမႈ ျဖစ္ေစခဲ့ 

ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မႈ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ထုိင္းႏုိင္ငံ အာဏာပုိင္ေတြက ေရွာ့ပင္းေမာလ္ေတြနဲ႕ စီးပြားေရးလုပ္ငန္းမ်ားစြာကုိ ပိတ္သိမ္းေစလုိက္တာေၾကာင့္ ထုိင္းႏုိင္ငံမွာ ေနထုိင္ေနတဲ့ ေရႊ႕ေျပာင္းလုပ္သား ၆၀၀၀၀ ခန္ ့ ႏုိင္ငံတြင္းမွ စုၿပဳံထြက္ခြာခဲ့ၾကေၾကာင္း ထုိင္း ျပည္ထဲေရး၀န္ႀကီးဌာန အရာရွိတစ္ဦးက ဗုဒၶဟူးေန ့(မတ္ ၂၅)မွာ ေျပာဆုိပါတယ္။ 

ထုိင္းႏုိင္ငံ ေနာက္ဆုံးထုတ္ျပန္လုိက္တဲ့ အစီအမံေတြေၾကာင့္ အလုပ္လက္မဲ့မ်ားစြာျဖစ္ေစခဲ့ကာ ထုိင္းႏုိင္ငံမွာ ေရာက္ေနတဲ့ အေရအတြက္ ၄ သန္း သုိ ့မဟုတ္ ၅ သန္းေလာက္ရွိႏုိင္တဲ့ လာအုိ၊ ျမန္မာ၊ ကေမာၻဒီးယား ေရႊ႕ေျပာင္းလုပ္သား အေတာ္မ်ားမ်ား အစုအၿပဳံလုိက္ ေနရပ္ျပန္မႈေတြျဖစ္ခဲ့ရပါတယ္။ 

ထုိင္းႏုိင္ငံဟာ ၄င္းတုိ ့ရဲ႕ ကုန္းေျမနယ္စပ္၀င္ေပါက္ေတြကုိ ပိတ္ထားလုိက္ၿပီျဖစ္ကာ လူထုကုိ ေနအိမ္ေတြမွာပဲ ေနထုိင္ၾကဖုိ ့တုိက္တြန္းထားပါတယ္။ ၀န္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အုိခ်ာဟာ ၾကာသာပေတးေန ့မွာ အေရးေပၚအမိန္႕ ေၾကညာဖုိ႕ ရွိေနပါတယ္။ 

အဂၤါေန ့မွာ ေနရပ္ျပန္ၾကတဲ့ လာအုိ၊ ျမန္မာ၊ ကေမာၻဒီးယား အလုပ္သမား ၆၀၀၀၀ ခန္ ့ရွိတယ္လုိ ့ ထုိင္း ျပည္ထဲေရး၀န္ႀကီးွဌာန အရာရွိတစ္ဦးက ရုိက္တာသတင္းဌာနကုိ ေျပာဆုိခဲ့ပါတယ္။ ထုိင္းႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူ ၉၃၄ ဦး ေတြ႕ရွိထားၿပီး အေရွ႕ေတာင္အာရွမွာ ဒုတိယေျမာက္ ပုိးကူးစက္လူနာ အမ်ားဆုံး ႏုိင္ငံျဖစ္ပါတယ္။ 

လက္ဆြဲအိတ္ေတြ၊ ခရီးေဆာင္အိတ္ေတြကုိယ္စီ သယ္ေဆာင္ထားတဲ့ လူေပါင္းမ်ားစြာ ျမန္မာႏုိင္ငံနဲ႕ နယ္စပ္ကုိ စုၿပဳံေရာက္ရွိလာၿပီး နယ္စပ္ဂိတ္ေပါက္ကုိ ေက်ာ္ခြတက္မႈေတြရွိခဲ့ကာ ၀ရုန္းသုန္ကားအေျခအေနအခ်ဳိ႕ ျဖစ္ေပၚခဲ့ပါတယ္။ 

သက္ဆုိင္ရာ ျပည္နယ္၊တုိင္းေဒသေတြကုိ ျပန္မယ့္ အလုပ္သမားေတြအတြက္ အာဏာပုိင္ေတြက ကားေတြစီစဥ္ေပးခဲ့ေပမယ့္ မေစာင့္ႏုိင္တဲ့ အခ်ဳိ႕အလုပ္သမားေတြက အတားအဆီးလုိင္းကုိ ျဖတ္ေက်ာ္ခဲ့ၾကေၾကာင္း ထုိင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းလုပ္သားအေရး ကူညီေဆာင္ရြက္ေနတဲ့ Aid Alliance ေကာ္မတီမွ ဦးရဲမင္းက ေျပာဆုိပါတယ္။ ၿပီးခဲ့တဲ့ရက္ေတြက နယ္စပ္ဂိတ္အသီးသီးက ျပန္၀င္ေရာက္သူ ၃၀၀၀၀ ခန္ ့ရွိခဲ့တယ္လုိ ့ ၄င္းက ေျပာဆုိပါတယ္။ 

နယ္စပ္ဂိတ္တစ္ခုတည္းကေန ျပန္လည္၀င္ေရာက္လာခဲ့သူ ၁၈၀၀၀ ရွိကာ အျခား ဂိတ္သုံးခုကေန ျဖတ္ေက်ာ္၀င္ေရာက္ခဲ့သူဟာလည္း ယင္းအေရအတြက္ေလာက္ ရွိခဲ့တယ္လုိ ့ ျမန္မာ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ ဦးသန္ ့စင္ေအာင္က တရား၀င္စာရင္းမွတ္တမ္းေတြကုိ ကုိးကား ေျပာဆုိခဲ့ပါတယ္။ 

ယခုဆုိရင္ ထုိင္းႏုိင္ငံမွာ လူေတြဟာ စားေသာက္ကုန္ပစၥည္းေတြ စုေဆာင္း၀ယ္ယူေနၾကေၾကာင္း သုိ ့ေပမယ့္ မိမိမွာေတာ့ ေငြမ်ားမ်ားစားစား မရွိတာေၾကာင့္ စုေဆာင္းမ၀ယ္ယူႏုိင္လုိ ့ အိမ္ျပန္လုိခဲ့တာျဖစ္ေၾကာင္း အသက္ ၂၄ ႏွစ္အရြယ္ ျမန္မာအလုပ္သမား ကုိ၀င္းပုိင္က ရုိက္တာကုိ ေျပာဆုိခဲ့ပါတယ္။ 

လာအုိနဲ႕ ကေမာၻဒီးယားႏုိင္ငံေတြကုိ ျပန္လည္၀င္ေရာက္သြားၾကတဲ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားစြာရွိခဲ့ေၾကာင္းလည္း သိရပါတယ္။

 ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref :  Reuters 

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ အာဏာပိုင်တွေက ရှော့ပင်းမောလ်တွေနဲ့ စီးပွားရေးလုပ်ငန်းများစွာကို ပိတ်သိမ်းစေလိုက်တာကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၆၀၀၀၀ ခန့် နိုင်ငံတွင်းမှ စုပြုံထွက်ခွာခဲ့ကြကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့(မတ် ၂၅)မှာ ပြောဆိုပါတယ်။ 

ထိုင်းနိုင်ငံ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီအမံတွေကြောင့် အလုပ်လက်မဲ့များစွာဖြစ်စေခဲ့ကာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အရေအတွက် ၄ သန်း သို့မဟုတ် ၅ သန်းလောက်ရှိနိုင်တဲ့ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား အတော်များများ အစုအပြုံလိုက် နေရပ်ပြန်မှုတွေဖြစ်ခဲ့ရပါတယ်။ 

ထိုင်းနိုင်ငံဟာ ၎င်းတို့ရဲ့ ကုန်းမြေနယ်စပ်ဝင်ပေါက်တွေကို ပိတ်ထားလိုက်ပြီဖြစ်ကာ လူထုကို နေအိမ်တွေမှာပဲ နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ကြာသာပတေးနေ့မှာ အရေးပေါ်အမိန့် ကြေညာဖို့ ရှိနေပါတယ်။ 

အင်္ဂါနေ့မှာ နေရပ်ပြန်ကြတဲ့ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား အလုပ်သမား ၆၀၀၀၀ ခန့်ရှိတယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးှဌာန အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၃၄ ဦး တွေ့ရှိထားပြီး အရှေ့တောင်အာရှမှာ ဒုတိယမြောက် ပိုးကူးစက်လူနာ အများဆုံး နိုင်ငံဖြစ်ပါတယ်။ 

လက်ဆွဲအိတ်တွေ၊ ခရီးဆောင်အိတ်တွေကိုယ်စီ သယ်ဆောင်ထားတဲ့ လူပေါင်းများစွာ မြန်မာနိုင်ငံနဲ့ နယ်စပ်ကို စုပြုံရောက်ရှိလာပြီး နယ်စပ်ဂိတ်ပေါက်ကို ကျော်ခွတက်မှုတွေရှိခဲ့ကာ ဝရုန်းသုန်ကားအခြေအနေအချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ 

သက်ဆိုင်ရာ ပြည်နယ်၊တိုင်းဒေသတွေကို ပြန်မယ့် အလုပ်သမားတွေအတွက် အာဏာပိုင်တွေက ကားတွေစီစဉ်ပေးခဲ့ပေမယ့် မစောင့်နိုင်တဲ့ အချို့အလုပ်သမားတွေက အတားအဆီးလိုင်းကို ဖြတ်ကျော်ခဲ့ကြကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်နေတဲ့ Aid Alliance ကော်မတီမှ ဦးရဲမင်းက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရက်တွေက နယ်စပ်ဂိတ်အသီးသီးက ပြန်ဝင်ရောက်သူ ၃၀၀၀၀ ခန့်ရှိခဲ့တယ်လို့ ၎င်းက ပြောဆိုပါတယ်။ 

နယ်စပ်ဂိတ်တစ်ခုတည်းကနေ ပြန်လည်ဝင်ရောက်လာခဲ့သူ ၁၈၀၀၀ ရှိကာ အခြား ဂိတ်သုံးခုကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့သူဟာလည်း ယင်းအရေအတွက်လောက် ရှိခဲ့တယ်လို့ မြန်မာ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးသန့်စင်အောင်က တရားဝင်စာရင်းမှတ်တမ်းတွေကို ကိုးကား ပြောဆိုခဲ့ပါတယ်။ 

ယခုဆိုရင် ထိုင်းနိုင်ငံမှာ လူတွေဟာ စားသောက်ကုန်ပစ္စည်းတွေ စုဆောင်းဝယ်ယူနေကြကြောင်း သို့ပေမယ့် မိမိမှာတော့ ငွေများများစားစား မရှိတာကြောင့် စုဆောင်းမဝယ်ယူနိုင်လို့ အိမ်ပြန်လိုခဲ့တာဖြစ်ကြောင်း အသက် ၂၄ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဝင်းပိုင်က ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ 

လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ပြန်လည်ဝင်ရောက်သွားကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများစွာရှိခဲ့ကြောင်းလည်း သိရပါတယ်။

 ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref :  Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။