Skip to main content
ကုိရုိနာဗုိင္းရပ္စ္ပုိးျပန္႔ပြားျခင္းကုိႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ႏိုင္ငံေရးပါတီအခ်ိဳ႕ ရုံးခန္းယာယီပိတ္သိမ္း၊ NLD ပါတီႏွင့္ ျပည္ခုိင္ၿဖဳိးပါတီတုိ႔ကမူ ဆက္လက္ဖြင့္ထားရွိ
Ads Block

ကုိရုိနာဗုိင္းရပ္စ္ပုိးျပန္႔ပြားျခင္းကုိႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ႏိုင္ငံေရးပါတီအခ်ိဳ႕ ရုံးခန္းယာယီပိတ္သိမ္း၊ NLD ပါတီႏွင့္ ျပည္ခုိင္ၿဖဳိးပါတီတုိ႔ကမူ ဆက္လက္ဖြင့္ထားရွိ

ကုိရုိနာဗုိင္းရပ္စ္ပုိးကူးစက္ျပန္႔ပြားျခင္းကုိႀကဳိတင္ကာကြယ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ NNDP ပါတီႏွင့္ NDF ပါတီတုိ႔ရုံးခန္းမ်ားယာယီပိတ္သိမ္းထားေသာ္လည္း NLD ပါတီႏွင့္ျပည္ခုိင္ၿဖဳိးပါတီတုိ႔မွာ ဆက္လက္ဖြင့္ထားေၾကာင္း အကုန္သိသတင္းဌာနမွ စုံစမ္းေမးျမန္းခ်က္အရသိရသည္။

အကုန္သိသတင္းဌာနအေနျဖင့္ မတ္လ ၂၅ ရက္၌  သက္ဆုိင္ရာႏုိင္ငံေရးပါတီမ်ားထံသို႔ ဆက္သြယ္ေမးျမန္းခဲ့ျခင္းျဖစ္သည္။

“ အစုိးရကေၾကညာထားတယ္ေလ။ ဒါအစုိးရကုိကူညီတဲ့အေနနဲ႔ မတ္လ ၂၄ ရက္ကစၿပီး ဧၿပီလ ၃၀ ရက္အထိ ပိတ္ထားတာပါ။ရုံးမွာေတာ့ လုံၿခဳံေရးအရေစာင့္တဲ့သ ူ၂ ဦးေလာက္ရွိမယ္။ ဧၿပီ ၃၀ ရက္ေက်ာ္ရင္ ဆက္ပိတ္မလားဆုိတာေတာ့ အစုိးရကဘယ္လုိဆက္ေၾကညာမလဲမူတည္တယ္ေလ။ အစုိးရေၾကညာတဲ့အတုိင္း ဆက္လက္ေဆာင္ရြက္မယ္’’ဟု အမ်ိဳးသားဒီမုိကေရစီပါတီသစ္ဥကၠ႒ ဦးသိန္းညြန္႔ကေျပာသည္။

မတ္လအတြင္းရုပ္ရွင္ရုံမ်ားဧၿပီလကုန္အထိပိတ္ထားရန္ ျပန္ၾကားေရး၀န္ႀကီးဌာနမွ ညႊန္ၾကားခဲ့ၿပီး ပုဂၢလိေက်ာင္းနွင့္သင္တန္းမ်ားလည္းပိတ္သိမ္းခုိင္းခဲ့ေၾကာင္းသိရသည္။

“အန္ကယ္တုိ႔ကေတာ့ မတ္လ ၃၁ ရက္အထိပိတ္ထားတယ္။ အေျခအေနကဘာမွန္းမသိဘူးေလ။ အဲဒီေတာ့ဆက္ပိတ္မပိတ္က ေရာဂါကူးစက္ျပန္႔ပြားမႈအေပၚမူတည္တယ္။ ဧၿပီလကုန္အထိပိတ္ဖုိ႔ကေတာ့ အမႈေဆာင္ေတြ အစည္းအေ၀းနဲ႔ဆုံးျဖတ္မယ္’’ဟု အမ်ိဳးသားဒီမုိကေရစီအင္အားစုပါတီ NDF မွ ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။

လက္ရွိတြင္ႏုိင္ငံေရးပါတီေပါင္း ၉၈ ပါတီရွိၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ႀကဳိတင္ျပင္ဆင္ ေဆာင္ရြက္ေနမႈမ်ားလည္း ရွိေၾကာင္းသိရသည္။

“ ရုံးကေတာ့ပုံမွန္အတုိင္းပဲ။မပိတ္ထားပါဘူး။ ပိတ္တယ္လုိ႔လည္းမၾကားမိေသးဘူး။ပ္ိတ္ဖုိ႔ကေတာ့ ဘာမွမေျပာေသးဘူး’’ဟုအမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီဗဟိုျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္ကေျပာသည္။

ျမန္မာႏုိင္ငံတြင္ လက္ရွိကုိရုိနာဗုိင္းရပ္စ္ပုိးေတြ႔ရွိသူ ၃ ဦးရွိၿပီး ၄င္းဗုိင္းရပ္စ္ပုိးမွာ မတ္လ ၂၄ ရက္၌ ႏုိင္ငံေပါင္း ၁၈၉ ႏုိင္ငံအထိ ျပန္႔ႏွံ႔သြားၿပီျဖစ္ေၾကာင္းသိရသည္။

“အစ္ကုိတုိ႔ကေတာ့ ဒီ COVID 19 ေရာဂါကုိႀကဳိတင္ကာကြယ္တဲ့အေနနဲ႔ လက္သန္႔ေဆးရည္ေတြ ေ၀တယ္။ ေရာဂါအသိပညာေပးတာေတြလုပ္ေနေတာ့ ရုံးေတာ့ပိတ္မထားဘူး။ ပုံမွန္ရုံးပိတ္ရက္ေတြေတာ့ အစ္ကုိတုိ႔ပိတ္ပါတယ္။ အဓိက ျပည္သူအတြက္အလုပ္လုပ္ေနရေတာ့ လုပ္ငန္းေတြရွိလုိ႔ ရုံးဆက္ဖြင့္ထားတာပါ’’ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွေျပာေရးဆုိခြင့္ရွိသူဦးသိန္းထြန္းဦးက အကုန္သိသတင္းဌာနသုိ႔ေျပာသည္။


မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားခြင်းကိုကြိုတင်ကာကွယ်သည့်အနေဖြင့် ရန်ကုန်မြို့တွင် NNDP ပါတီနှင့် NDF ပါတီတို့ရုံးခန်းများယာယီပိတ်သိမ်းထားသော်လည်း NLD ပါတီနှင့်ပြည်ခိုင်ဖြိုးပါတီတို့မှာ ဆက်လက်ဖွင့်ထားကြောင်း အကုန်သိသတင်းဌာနမှ စုံစမ်းမေးမြန်းချက်အရသိရသည်။

အကုန်သိသတင်းဌာနအနေဖြင့် မတ်လ ၂၅ ရက်၌  သက်ဆိုင်ရာနိုင်ငံရေးပါတီများထံသို့ ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ အစိုးရကကြေညာထားတယ်လေ။ ဒါအစိုးရကိုကူညီတဲ့အနေနဲ့ မတ်လ ၂၄ ရက်ကစပြီး ဧပြီလ ၃၀ ရက်အထိ ပိတ်ထားတာပါ။ရုံးမှာတော့ လုံခြုံရေးအရစောင့်တဲ့သ ူ၂ ဦးလောက်ရှိမယ်။ ဧပြီ ၃၀ ရက်ကျော်ရင် ဆက်ပိတ်မလားဆိုတာတော့ အစိုးရကဘယ်လိုဆက်ကြေညာမလဲမူတည်တယ်လေ။ အစိုးရကြေညာတဲ့အတိုင်း ဆက်လက်ဆောင်ရွက်မယ်’’ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။

မတ်လအတွင်းရုပ်ရှင်ရုံများဧပြီလကုန်အထိပိတ်ထားရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားခဲ့ပြီး ပုဂ္ဂလိကျောင်းနှင့်သင်တန်းများလည်းပိတ်သိမ်းခိုင်းခဲ့ကြောင်းသိရသည်။

“အန်ကယ်တို့ကတော့ မတ်လ ၃၁ ရက်အထိပိတ်ထားတယ်။ အခြေအနေကဘာမှန်းမသိဘူးလေ။ အဲဒီတော့ဆက်ပိတ်မပိတ်က ရောဂါကူးစက်ပြန့်ပွားမှုအပေါ်မူတည်တယ်။ ဧပြီလကုန်အထိပိတ်ဖို့ကတော့ အမှုဆောင်တွေ အစည်းအဝေးနဲ့ဆုံးဖြတ်မယ်’’ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

လက်ရှိတွင်နိုင်ငံရေးပါတီပေါင်း ၉၈ ပါတီရှိပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများလည်း ရှိကြောင်းသိရသည်။

“ ရုံးကတော့ပုံမှန်အတိုင်းပဲ။မပိတ်ထားပါဘူး။ ပိတ်တယ်လို့လည်းမကြားမိသေးဘူး။ပိတ်ဖို့ကတော့ ဘာမှမပြောသေးဘူး’’ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃ ဦးရှိပြီး ၎င်းဗိုင်းရပ်စ်ပိုးမှာ မတ်လ ၂၄ ရက်၌ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအထိ ပြန့်နှံ့သွားပြီဖြစ်ကြောင်းသိရသည်။

“အစ်ကိုတို့ကတော့ ဒီ COVID 19 ရောဂါကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ လက်သန့်ဆေးရည်တွေ ဝေတယ်။ ရောဂါအသိပညာပေးတာတွေလုပ်နေတော့ ရုံးတော့ပိတ်မထားဘူး။ ပုံမှန်ရုံးပိတ်ရက်တွေတော့ အစ်ကိုတို့ပိတ်ပါတယ်။ အဓိက ပြည်သူအတွက်အလုပ်လုပ်နေရတော့ လုပ်ငန်းတွေရှိလို့ ရုံးဆက်ဖွင့်ထားတာပါ’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက အကုန်သိသတင်းဌာနသို့ပြောသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။