Skip to main content
ထုိင္းစစ္တပ္တြင္ တပ္ဖြဲ႔၀င္ ငါးဦး COVID-19 ကူးစက္ခံရၿပီးေနာက္ စစ္ဦးစီးခ်ဳပ္က စစ္သားေတြအတြက္ ကာဖ်ဴးထုတ္  
Ads Block

ထုိင္းစစ္တပ္တြင္ တပ္ဖြဲ႔၀င္ ငါးဦး COVID-19 ကူးစက္ခံရၿပီးေနာက္ စစ္ဦးစီးခ်ဳပ္က စစ္သားေတြအတြက္ ကာဖ်ဴးထုတ္  

ထုိင္းစစ္တပ္မွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္လူနာ ၅ ဦး ေတြ႕ရွိ ထားၿပီျဖစ္တာေၾကာင့္ ထုိင္း စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး အပီရတ္ ေကာင္ဆမ္ေပါင္ က ဗုဒၶဟူးေန ့မွာ စစ္သားေတြအတြက္ အျပင္မထြက္ရ ကာဖ်ဴးမိန္႔ ထုတ္လုိက္ေၾကာင္း သိရပါတယ္။ 

စစ္သား ၂၃၈ ဦးကုိ သီးျခားခြဲ ေစာင့္ၾကည့္မႈေတြ လုပ္ခဲ့ရၿပီးေနာက္မွာ စစ္တပ္အတြက္ ကာဖ်ဴးထုတ္လုိက္တာဟာ အေကာင္းဆုံးေရြးခ်ယ္မႈ ျဖစ္လိမ့္မယ္လုိ ့ အပီရတ္ က ဆုံးျဖတ္ခဲ့ယူဆခဲ့ေၾကာင္း သိရပါတယ္။ 

စစ္သားအားလုံး ယေန ့ည ၉ နာရီမထုိးခင္ သက္ဆုိင္ရာ တပ္စခန္းေတြကုိ ျပန္ဖုိ ့၄င္းက အမိန္ ့ထုတ္ခဲ့ၿပီး စခန္းက ထြက္ခြာ ဖုိ ့လုိအပ္ပါက ၄င္းတုိ ့ရဲ႕ တပ္မွဴးေတြထံ ခြင့္ျပဳခ်က္ေတာင္းခံ ရမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ 

မတ္ ၂၅ ရက္ကေန ဧၿပီ ၂၂ ရက္အၾကား တစ္ျပည္နယ္မွ တစ္ျပည္နယ္ ခရီးသြားလာမႈေတြကုိ စစ္တပ္ရဲ႕ ရည္ရြယ္ခ်က္တာ၀န္ အတြက္သာ ခြင့္ျပဳမွာျဖစ္ကာ အေရးေပၚ သြားလာရမယ့္ ကိစၥမ်ဳိးႀကဳံပါက သက္ဆုိင္ရာ တပ္မွဴးေတြကုိ ပထမဆုံး အေၾကာင္းၾကားရမွာျဖစ္တယ္လုိ ့ ဆုိပါတယ္။ 

ဒါ့အျပင္ စစ္စခန္းေတြမွာ COVID-19 အႏၱရာယ္ ထိန္းခ်ဳပ္ႏုိင္ေရး အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ခပ္ခြာခြာအေနအထားနဲ႔ ေနထုိင္ရမယ့္ ကန္႔သတ္ခ်က္ကုိလည္း စစ္တပ္က ခ်မွတ္မွာျဖစ္တယ္လုိ ့ သိရပါတယ္။ 

ထုိင္းႏုိင္ငံ ျပည္သူ႔က်န္းမာေရးဌာနရဲ႕ ဗုဒၶဟူးေန ့ သတင္းထုတ္ျပန္ ခ်က္အရ ထုိင္းႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူ ၁၀၇ ထပ္တုိးခဲ့ၿပီး စုစုေပါင္း ၉၃၄ ဦး ရွိလာၿပီလုိ ့ သိရပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : The Nation 

 

Unicode Version

 

ထိုင်းစစ်တပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅ ဦး တွေ့ရှိ ထားပြီဖြစ်တာကြောင့် ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကောင်ဆမ်ပေါင် က ဗုဒ္ဓဟူးနေ့မှာ စစ်သားတွေအတွက် အပြင်မထွက်ရ ကာဖျူးမိန့် ထုတ်လိုက်ကြောင်း သိရပါတယ်။ 

စစ်သား ၂၃၈ ဦးကို သီးခြားခွဲ စောင့်ကြည့်မှုတွေ လုပ်ခဲ့ရပြီးနောက်မှာ စစ်တပ်အတွက် ကာဖျူးထုတ်လိုက်တာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ အပီရတ် က ဆုံးဖြတ်ခဲ့ယူဆခဲ့ကြောင်း သိရပါတယ်။ 

စစ်သားအားလုံး ယနေ့ည ၉ နာရီမထိုးခင် သက်ဆိုင်ရာ တပ်စခန်းတွေကို ပြန်ဖို့၎င်းက အမိန့်ထုတ်ခဲ့ပြီး စခန်းက ထွက်ခွာ ဖို့လိုအပ်ပါက ၎င်းတို့ရဲ့ တပ်မှူးတွေထံ ခွင့်ပြုချက်တောင်းခံ ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

မတ် ၂၅ ရက်ကနေ ဧပြီ ၂၂ ရက်အကြား တစ်ပြည်နယ်မှ တစ်ပြည်နယ် ခရီးသွားလာမှုတွေကို စစ်တပ်ရဲ့ ရည်ရွယ်ချက်တာဝန် အတွက်သာ ခွင့်ပြုမှာဖြစ်ကာ အရေးပေါ် သွားလာရမယ့် ကိစ္စမျိုးကြုံပါက သက်ဆိုင်ရာ တပ်မှူးတွေကို ပထမဆုံး အကြောင်းကြားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်စခန်းတွေမှာ COVID-19 အန္တရာယ် ထိန်းချုပ်နိုင်ရေး အတွက် တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာအနေအထားနဲ့ နေထိုင်ရမယ့် ကန့်သတ်ချက်ကိုလည်း စစ်တပ်က ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန် ချက်အရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ထပ်တိုးခဲ့ပြီး စုစုပေါင်း ၉၃၄ ဦး ရှိလာပြီလို့ သိရပါတယ်။ 

ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : The Nation 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။