Skip to main content
အိႏၵိယမွာ သီတင္းပတ္ ၃ ပတ္ၾကာ ပိတ္ဆို႔မႈ စတင္ၿပီ ျဖစ္တာေၾကာင့္ မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းေတြ အလုအယက္၀ယ္ယူေနၾက
Ads Block

အိႏၵိယမွာ သီတင္းပတ္ ၃ ပတ္ၾကာ ပိတ္ဆို႔မႈ စတင္ၿပီ ျဖစ္တာေၾကာင့္ မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းေတြ အလုအယက္၀ယ္ယူေနၾက

ကမာၻတစ္၀န္းမွာ ကူးစက္ပ်ံ႕ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ အိႏၵိယႏိုင္ငံမွာ သီတင္းပတ္ ၃ ပတ္ၾကာ အလုံးစုံ ပိတ္ပင္ကန္႔သတ္မႈ ျပဳလုပ္ေတာ့မွာျဖစ္ေၾကာင္း အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi  ေၾကညာခဲ့ၿပီးေနာက္ ဗုဒၶဟူးေန ့(မတ္ ၂၅) မွာ အိႏၵိယႏိုင္ငံသားေတြဟာ မရွိမျဖစ္ လိုအပ္တဲ့ ပစၥည္းေတြ ၀ယ္ယူဖို႔အတြက္ အစားအေသာက္ စတိုးဆုိင္ေတြနဲ႔ ေဆးဆိုင္ေတြမွာ စုၿပဳံတိုးေ၀ွ႔ေနခဲ့တယ္လို႔ သိရပါတယ္။ 

အိႏၵိယႏိုင္ငံမွာ စုစုေပါင္း ဗိုင္းရပ္စ္ကူးစက္လူနာ ၅၃၆ ဦး၊ ေသဆံုးသူ ၁၀ ဦး ရွိေနၿပီး ဒီအေရအတြက္ဟာ တရုတ္၊ အီတလီနဲ႔ စပိန္ႏိုင္ငံမွာ ျဖစ္ပြားမႈေတြထက္ နည္းပါးေနေပမယ့္ တင္းက်ပ္တဲ့ ပိတ္ပင္ကန္႔သတ္မႈေတြ မလုပ္ေဆာင္ရင္ လူဦးေရ ၁.၃ ဘီလီယံ ေနထိုင္တဲ့ ႏိုင္ငံဟာဗိုင္းရပ္စ္ ကူးစက္မႈ အေရအတြက္ ထပ္တိုးမႈေတြနဲ႔ ရင္ဆုိင္ရလိမ့္မယ္လို႔ မိုဒီနဲ႔ က်န္းမာေရး ကၽြမ္းက်င္သူေတြက သတိေပး ေျပာၾကားခဲ့ပါတယ္။ ေနာက္ ၄ နာရီၾကာရင္ ပိတ္ဆို႔မႈေတြ ျပဳလုပ္ေတာ့မွာျဖစ္ေၾကာင္း မိုဒီရဲ႕ သတိေပးခ်က္ မိ္န္႔ခြန္းကို ႏိုင္ငံတစ္၀န္းရွိ ရုပ္ျမင္သံၾကားေတြမွာ ထုတ္လႊင့္လိုက္တဲ့အခါ အဓိကၿမိဳ႕ႀကီးေတြျဖစ္တဲ့ ေဒလီ၊ မြမ္ဘိုင္းနဲ႔ Bengaluru မွာ ေနထိုင္သူေတြဟာ ကုန္ပစၥည္းေတြ ၀ယ္ယူသိုေလွာင္ဖို႔အတြက္ အေျပးအလႊား သြားေရာက္၀ယ္ယူေနခဲ့ၾကတယ္လို႔ သိရပါတယ္။ 

မိုဒီရဲ႕ ရည္ရြယ္ခ်က္ကေတာ့ အိႏၵိယႏိုင္ငံရဲ႕ မ်ားျပားတဲ့ ၿမိဳ႕ငယ္ေလးေတြမွာ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ျဖစ္ၿပီး သီတင္းပတ္ ၃ ပတ္အတြင္း ကမာၻ႕အႀကီးဆံုး ဒီမိုကေရစီႏိုင္ငံမွာ ဘယ္သူ႔ကိုမွ ေနအိမ္ ကေန အျပင္ထြက္ခြာခြင့္ ျပဳေတာ့မွာ မဟုတ္ဘူးလို႔ မိုဒီက ေျပာခဲ့ပါတယ္။ ကမာၻ႔လူဦးေရရဲ႕ ေလးပံုတစ္ပံု ေနထိုင္တဲ့ ေတာင္အာရွတစ္၀န္းလံုးမွာ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ကာကြယ္ႏိုင္ေရးအတြက္ နည္းလမ္းေတြကို အာဏာပိုင္ေတြက ရွာေဖြေဖာ္ထုတ္ေနၾကတယ္လို႔ သိရပါတယ္။ 

ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref : reuters

 

Unicode Version

 

ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အိန္ဒိယနိုင်ငံမှာ သီတင်းပတ် ၃ ပတ်ကြာ အလုံးစုံ ပိတ်ပင်ကန့်သတ်မှု ပြုလုပ်တော့မှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi  ကြေညာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့(မတ် ၂၅) မှာ အိန္ဒိယနိုင်ငံသားတွေဟာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် အစားအသောက် စတိုးဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ စုပြုံတိုးဝှေ့နေခဲ့တယ်လို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်လူနာ ၅၃၆ ဦး၊ သေဆုံးသူ ၁၀ ဦး ရှိနေပြီး ဒီအရေအတွက်ဟာ တရုတ်၊ အီတလီနဲ့ စပိန်နိုင်ငံမှာ ဖြစ်ပွားမှုတွေထက် နည်းပါးနေပေမယ့် တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်မှုတွေ မလုပ်ဆောင်ရင် လူဦးရေ ၁.၃ ဘီလီယံ နေထိုင်တဲ့ နိုင်ငံဟာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် ထပ်တိုးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မိုဒီနဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေး ပြောကြားခဲ့ပါတယ်။ နောက် ၄ နာရီကြာရင် ပိတ်ဆို့မှုတွေ ပြုလုပ်တော့မှာဖြစ်ကြောင်း မိုဒီရဲ့ သတိပေးချက် မိန့်ခွန်းကို နိုင်ငံတစ်ဝန်းရှိ ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင့်လိုက်တဲ့အခါ အဓိကမြို့ကြီးတွေဖြစ်တဲ့ ဒေလီ၊ မွမ်ဘိုင်းနဲ့ Bengaluru မှာ နေထိုင်သူတွေဟာ ကုန်ပစ္စည်းတွေ ဝယ်ယူသိုလှောင်ဖို့အတွက် အပြေးအလွှား သွားရောက်ဝယ်ယူနေခဲ့ကြတယ်လို့ သိရပါတယ်။ 

မိုဒီရဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယနိုင်ငံရဲ့ များပြားတဲ့ မြို့ငယ်လေးတွေမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ဖို့ဖြစ်ပြီး သီတင်းပတ် ၃ ပတ်အတွင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံမှာ ဘယ်သူ့ကိုမှ နေအိမ် ကနေ အပြင်ထွက်ခွာခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ မိုဒီက ပြောခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံ နေထိုင်တဲ့ တောင်အာရှတစ်ဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ကာကွယ်နိုင်ရေးအတွက် နည်းလမ်းတွေကို အာဏာပိုင်တွေက ရှာဖွေဖော်ထုတ်နေကြတယ်လို့ သိရပါတယ်။ 

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )  | Ref : reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။