Skip to main content
COVID- 19 နဲ႔ပတ္သက္လို႔ အဂၤလန္ႏိုင္ငံမွာေနာက္ဆံုးျဖစ္ေပၚေနတဲ့အေျခအေနကိုေျပာျပခဲ့တဲ့ စာေရးဆရာမလြန္းထားထား(ေဆးတကၠသိုလ္)
Ads Block

COVID- 19 နဲ႔ပတ္သက္လို႔ အဂၤလန္ႏိုင္ငံမွာေနာက္ဆံုးျဖစ္ေပၚေနတဲ့အေျခအေနကိုေျပာျပခဲ့တဲ့ စာေရးဆရာမလြန္းထားထား(ေဆးတကၠသိုလ္)

လက္ရွိအဂၤလန္ႏိုင္ငံမွာေနထိုင္ေနတဲ့စာေရးဆရာမ လြန္းထားထား(ေဆးတကၠသိုလ္)က ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး အဂၤလန္ႏိုင္ငံကအေျခအေနေတြကိုေျပာျပခဲ့ၿပီး ျမန္မာႏိုင္ငံသားေတြအားလံုးက်န္းမာေရးကိုအထူးဂရုစိုက္ၾကဖို႔အတြက္ တိုက္တြန္းလိုက္ပါတယ္။ 

ဒီအေၾကာင္းအရာေတြနဲ႔ပတ္သက္လုိ႔ အကုန္သိသတင္းဌာနက စာေရးဆရာမလြန္းထားထားကို အြန္လိုင္းကေနတစ္ဆင့္ ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။ 

“ မေန႔ညကသန္းေခါင္ယံအခ်ိန္ကေနစၿပီးေတာ့ အဂၤလန္ႏိုင္ငံကို Lock Down လုပ္လိုက္ပါၿပီ။ အဲဒီအတြက္ ကၽြန္မတို႔အားလံုးအိမ္ထဲကအိမ္အျပင္မထြက္ဘဲအိမ္ထဲမွာပဲေနရပါမယ္။ မသြားမျဖစ္ မထြက္မျဖစ္ အလုပ္လုပ္ရမယ့္သူကေတာ့ ဆရာ၀န္ေတြ၊ သူနာျပဳေတြနဲ႔ From Line Worker ေတြ? သူတို႔ကလြဲၿပီးေတာ့ က်န္တဲ့သူေတြအားလံုးအိမ္ထဲမွာပဲေနရပါမယ္။ မေန႔ကစၿပီးေတာ့ အ၀တ္အထည္ဆိုင္ေတြ၊ လွ်ပ္စစ္ပစၥည္းဆိုင္ေတြ၊ ဆိုင္ေတြအကုန္လံုးနဲ႔ ဟိုတယ္ေတြ၊ စာၾကည့္တိုက္ေတြ၊ အားကစားစင္တာေတြ အကုန္လံုးပိတ္ရမယ္လို႔ အစိုးရကအမိန္႔ထုတ္ျပန္လိုက္ပါတယ္။ အဓိကကအစားအေသာက္နဲ႔ ေဆးဆိုင္ေတြကလြဲလို႔ က်န္တဲ့ဆိုင္ေတြအကုန္လံုးကိုပိတ္လိုက္ပါၿပီ။ အခုေတြ႕ႀကံဳေနရတဲ့အေျခအေနမွာ လူတိုင္းကစိုးရိမ္ပူပန္မႈေတြအမ်ားႀကီးရွိေနပါတယ္” လို႔ စာေရးဆရာမလြန္းထားထားက ေျပာပါတယ္။ 

ဒါ့အျပင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ႏိုင္ဖို႔အတြက္ကိုလည္း အခုလိုပဲ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ 

“အခုလိုအခ်ိန္မွာ ကၽြန္မတို႔ျပည္သူေတြအေနနဲ႔ကေနအိမ္မွာေနထိုင္ၿပီး ကိုယ္တိုင္မဖ်ားေစဖို႔နဲ႔ အကယ္၍ ကိုယ္ကေနမေကာင္းျဖစ္ဖ်ားတယ္ဆိုလည္း ေနအိမ္မွာေနထိုင္ၿပီးတျခားသူေတြဆီကိုမကူးစက္ေစဖို႔ သီးျခားေနထိုင္ဖုိ႔တိုက္တြန္းခ်င္ပါတယ္။ အဓိကအေရးႀကီးတာကေတာ့ ေနအိမ္မွာေနထိုင္ဖို႔နဲ႔ လက္ကိုနည္းစနစ္တက်ေဆးဖို႔ကအထူးအေရးႀကီးပါတယ္” လို႔ သူမက ဆိုပါတယ္။ 

ၿဗိတိန္က်န္းမာေရး၀န္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရေတာ့ Covid- 19 ကူးစက္သူဦးေရဟာ ၈၀၀၀ ဦးေက်ာ္ရွိလာၿပီး ေသဆံုးသူဦးေရကေတာ့ ၄၂၂ ဦးအထိရွိလာၿပီျဖစ္တယ္လို႔သိရပါတယ္။ 

ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိအထိ ျမန္မာႏုိင္ငံအတြင္းကိုရုိနာဗိုင္းရပ္စ္ (ေခၚ) COVID-19 ပိုးေတြ႕ရွိသူဓာတ္ခြဲအတည္ျပဳလူနာ (၃)ဦးရွိေနၿပီးျဖစ္ကာ ေ၀ဘာဂီ ေဆးရုံမွ (၁) ဦး၊ ခ်င္းျပည္နယ္ တီးတိန္ျပည္သူ႔ေဆးရုံႀကီးမွ (၁)ဦးနဲ႔ အင္းစိန္ျပည္သူ႔ေဆးရုံႀကီးမွ (၁) ဦးတို႔႔႔႔႔ျဖစ္ပါတယ္။ 

အိျဖဴသိမ့္ ( အကုန္သိ သတင္းဌာန )  

 

Unicode Version

 

လက်ရှိအင်္ဂလန်နိုင်ငံမှာနေထိုင်နေတဲ့စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အင်္ဂလန်နိုင်ငံကအခြေအနေတွေကိုပြောပြခဲ့ပြီး မြန်မာနိုင်ငံသားတွေအားလုံးကျန်းမာရေးကိုအထူးဂရုစိုက်ကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။ 

ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ အကုန်သိသတင်းဌာနက စာရေးဆရာမလွန်းထားထားကို အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ 

“ မနေ့ညကသန်းခေါင်ယံအချိန်ကနေစပြီးတော့ အင်္ဂလန်နိုင်ငံကို Lock Down လုပ်လိုက်ပါပြီ။ အဲဒီအတွက် ကျွန်မတို့အားလုံးအိမ်ထဲကအိမ်အပြင်မထွက်ဘဲအိမ်ထဲမှာပဲနေရပါမယ်။ မသွားမဖြစ် မထွက်မဖြစ် အလုပ်လုပ်ရမယ့်သူကတော့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ From Line Worker တွေ? သူတို့ကလွဲပြီးတော့ ကျန်တဲ့သူတွေအားလုံးအိမ်ထဲမှာပဲနေရပါမယ်။ မနေ့ကစပြီးတော့ အဝတ်အထည်ဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ၊ ဆိုင်တွေအကုန်လုံးနဲ့ ဟိုတယ်တွေ၊ စာကြည့်တိုက်တွေ၊ အားကစားစင်တာတွေ အကုန်လုံးပိတ်ရမယ်လို့ အစိုးရကအမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဓိကကအစားအသောက်နဲ့ ဆေးဆိုင်တွေကလွဲလို့ ကျန်တဲ့ဆိုင်တွေအကုန်လုံးကိုပိတ်လိုက်ပါပြီ။ အခုတွေ့ကြုံနေရတဲ့အခြေအနေမှာ လူတိုင်းကစိုးရိမ်ပူပန်မှုတွေအများကြီးရှိနေပါတယ်” လို့ စာရေးဆရာမလွန်းထားထားက ပြောပါတယ်။ 

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ဖို့အတွက်ကိုလည်း အခုလိုပဲ ဆက်လက်ပြောကြားခဲ့ပါတယ်။ 

“အခုလိုအချိန်မှာ ကျွန်မတို့ပြည်သူတွေအနေနဲ့ကနေအိမ်မှာနေထိုင်ပြီး ကိုယ်တိုင်မဖျားစေဖို့နဲ့ အကယ်၍ ကိုယ်ကနေမကောင်းဖြစ်ဖျားတယ်ဆိုလည်း နေအိမ်မှာနေထိုင်ပြီးတခြားသူတွေဆီကိုမကူးစက်စေဖို့ သီးခြားနေထိုင်ဖို့တိုက်တွန်းချင်ပါတယ်။ အဓိကအရေးကြီးတာကတော့ နေအိမ်မှာနေထိုင်ဖို့နဲ့ လက်ကိုနည်းစနစ်တကျဆေးဖို့ကအထူးအရေးကြီးပါတယ်” လို့ သူမက ဆိုပါတယ်။ 

ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတော့ Covid- 19 ကူးစက်သူဦးရေဟာ ၈၀၀၀ ဦးကျော်ရှိလာပြီး သေဆုံးသူဦးရေကတော့ ၄၂၂ ဦးအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ 

မြန်မာနိုင်ငံမှာတော့ လက်ရှိအထိ မြန်မာနိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ပိုးတွေ့ရှိသူဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးရှိနေပြီးဖြစ်ကာ ဝေဘာဂီ ဆေးရုံမှ (၁) ဦး၊ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံကြီးမှ (၁)ဦးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ (၁) ဦးတို့ဖြစ်ပါတယ်။ 

အိဖြူသိမ့် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။