Skip to main content
အိမ္ေထာင္သည္အမ်ိဳးသားက ၇ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ၿပီးမီးရိႈ႕သတ္မႈျဖစ္ပြား
Ads Block

အိမ္ေထာင္သည္အမ်ိဳးသားက ၇ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ၿပီးမီးရိႈ႕သတ္မႈျဖစ္ပြား

အိမ္ေထာင္သည္အမ်ိဳးသားက ၇ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ၿပီးမီးရိႈ႕သတ္မႈ ကသာၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ မိုးတားေလးေက်းရြာ၊ တိုက္ကုန္းရပ္၌ေနထိုင္သူ တရားလို ဦး------၊  ၃၀ ႏွစ္သည္ မတ္လ ၂၃ ရက္၊ နံနက္ပိုင္း၌ အုတ္လုပ္ငန္းလုပ္ကိုင္ေနစဥ္ ဇနီးျဖစ္သူေရာက္ရိွလာကာ သမီးျဖစ္သူေပ်ာက္ဆံုးေနေၾကာင္းေျပာဆိုသျဖင့္ လိုက္လံရွာေဖြခဲ့ၾကေၾကာင္းရဲမွတ္တမ္းအရသိရသည္။

ထိုသို႔လိုက္လံရွာေဖြၾကရာမေတြ႔သျဖင့္ နယ္ေျမပိုင္ရဲတပ္ဖြဲ႔ထံအသိေပးအေၾကာင္းၾကားခဲ့ရာ ရဲတပ္ဖြဲ႔က စံုစမ္းရွာေဖြေပးစဥ္ အုတ္ဖိုႏွင့္တိုက္ကုန္းရြာသြားလမ္း၊ ညာဘက္ျခမ္းခ်ဳံေတာအတြင္း၌ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေသာသမီးျဖစ္သူ၏ရုပ္အေလာင္းကိုေတြ႔ရွိခဲ့ၾကသည္။

စစ္ေဆးခ်က္အရသမီးျဖစ္သူမွာေက်းရြာဘုန္းႀကီးေက်ာင္း၌ ရွိေနစဥ္တစ္ရြာတည္းေန မင္းမင္းဦး၊ (၂၇)ႏွစ္က ေခၚေဆာင္သြားေၾကာင္းသိရသျဖင့္ ၎ကိုအခင္းျဖစ္ပြားၿပီးနာရီပိုင္းအတြင္းဖမ္းဆီးစစ္ေမးခဲ့ရာအဓမၼျပဳက်င့္၍ မီးရိႈ႕သတ္ခဲ့ေၾကာင္း ၀န္ခံခဲ့သည္ဟု သိရသည္။

“ကေလးမေလးကိုေရေႏြးအိုးတည္ခိုင္းထားခဲ့ၿပီးေတာ့ ဦးဇင္းကဆြမ္းခံၾကြသြားခဲ့တာကေန ကေလးကေပ်ာက္သြားတာ။ ကေလးမိဘေတြက အုတ္ဖုိမွာအုတ္လုပ္ငန္းလုပ္ကိုင္ေနၾကတာေပါ့။ အဲဒီေကာင္(မင္းမင္းဦး)ကလည္း အုတ္လုပ္သားဆိုေပမဲ့အလုပ္ကိုေသခ်ာမလုပ္ဘူး။ ဟိုေယာင္ေယာင္၊ ဒီေယာင္ေယာင္လုပ္ေနတာေၾကာင့္မသကၤာဘူးဆိုၿပီးေတာ့ ေခၚစစ္တာကေနေပၚသြားတာ။အစကေတာ့ နမ္းရံႈ႕ေနရင္းကေန အခင္းျဖစ္ခ်ံဳေတာကိုသြားၿပီးအဓမၼျပဳက်င့္ခဲ့တာလို႔ဆိုတယ္။ ကေလးက သတိေမ့ေျမာေနတာေၾကာင့္မထူးဘူးဆိုၿပီးမီးရိႈ႕ခဲ့တာလို႔ ေျပာတယ္” ဟုတိုက္ကုန္းရပ္ေက်းရြာရွိ ဘုန္းႀကီးေက်ာင္းတိုက္မွ ဆရာေတာ္ဥဴးနႏိၵယက အကုန္သိသတင္းဌာသို႔ေျပာသည္။

အမႈႏွင့္ပတ္သက္၍ လက္ရွိတြင္စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ထိုက္သင့္ျပစ္ဒဏ္ရရွိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း ကသာၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။   

ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source - ျမင့္လြင္(ကသာ)

 

Unicode Version

 

အိမ်ထောင်သည်အမျိုးသားက ၇ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ပြီးမီးရှို့သတ်မှု ကသာမြို့နယ်၌ ဖြစ်ပွားကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၊ တိုက်ကုန်းရပ်၌နေထိုင်သူ တရားလို ဦး------၊  ၃၀ နှစ်သည် မတ်လ ၂၃ ရက်၊ နံနက်ပိုင်း၌ အုတ်လုပ်ငန်းလုပ်ကိုင်နေစဉ် ဇနီးဖြစ်သူရောက်ရှိလာကာ သမီးဖြစ်သူပျောက်ဆုံးနေကြောင်းပြောဆိုသဖြင့် လိုက်လံရှာဖွေခဲ့ကြကြောင်းရဲမှတ်တမ်းအရသိရသည်။

ထိုသို့လိုက်လံရှာဖွေကြရာမတွေ့သဖြင့် နယ်မြေပိုင်ရဲတပ်ဖွဲ့ထံအသိပေးအကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေပေးစဉ် အုတ်ဖိုနှင့်တိုက်ကုန်းရွာသွားလမ်း၊ ညာဘက်ခြမ်းချုံတောအတွင်း၌ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသောသမီးဖြစ်သူ၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြသည်။

စစ်ဆေးချက်အရသမီးဖြစ်သူမှာကျေးရွာဘုန်းကြီးကျောင်း၌ ရှိနေစဉ်တစ်ရွာတည်းနေ မင်းမင်းဦး၊ (၂၇)နှစ်က ခေါ်ဆောင်သွားကြောင်းသိရသဖြင့် ၎င်းကိုအခင်းဖြစ်ပွားပြီးနာရီပိုင်းအတွင်းဖမ်းဆီးစစ်မေးခဲ့ရာအဓမ္မပြုကျင့်၍ မီးရှို့သတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။

“ကလေးမလေးကိုရေနွေးအိုးတည်ခိုင်းထားခဲ့ပြီးတော့ ဦးဇင်းကဆွမ်းခံကြွသွားခဲ့တာကနေ ကလေးကပျောက်သွားတာ။ ကလေးမိဘတွေက အုတ်ဖိုမှာအုတ်လုပ်ငန်းလုပ်ကိုင်နေကြတာပေါ့။ အဲဒီကောင်(မင်းမင်းဦး)ကလည်း အုတ်လုပ်သားဆိုပေမဲ့အလုပ်ကိုသေချာမလုပ်ဘူး။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်နေတာကြောင့်မသင်္ကာဘူးဆိုပြီးတော့ ခေါ်စစ်တာကနေပေါ်သွားတာ။အစကတော့ နမ်းရှုံ့နေရင်းကနေ အခင်းဖြစ်ချုံတောကိုသွားပြီးအဓမ္မပြုကျင့်ခဲ့တာလို့ဆိုတယ်။ ကလေးက သတိမေ့မြောနေတာကြောင့်မထူးဘူးဆိုပြီးမီးရှို့ခဲ့တာလို့ ပြောတယ်” ဟုတိုက်ကုန်းရပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက်မှ ဆရာတော်ဥူးနန္ဒိယက အကုန်သိသတင်းဌာသို့ပြောသည်။

အမှုနှင့်ပတ်သက်၍ လက်ရှိတွင်စစ်ဆေးပေါ်ပေါက်ချက်များအရ ထိုက်သင့်ပြစ်ဒဏ်ရရှိရေးအတွက် ဆောင်ရွက်နေကြောင်း ကသာမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။   

ဒါးဇ ( အကုန်သိ သတင်းဌာန )  \ Source - မြင့်လွင်(ကသာ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။