Skip to main content
 တရုတ္မွာ ျပည္တြင္း COVID-19 ကူးစက္လူနာထပ္မရွိေတာ့တာေၾကာင့္ ဟူေပျပည္နယ္မွာ ပိတ္ဆုိ႔ ကန္႔သတ္မႈေတြ ရုပ္သိမ္း
Ads Block

 တရုတ္မွာ ျပည္တြင္း COVID-19 ကူးစက္လူနာထပ္မရွိေတာ့တာေၾကာင့္ ဟူေပျပည္နယ္မွာ ပိတ္ဆုိ႔ ကန္႔သတ္မႈေတြ ရုပ္သိမ္း

တရုတ္ႏိုင္ငံမွာ ျပည္တြင္းဗိုင္းရပ္စ္ကူးစက္လူနာ ထပ္တိုးအေရအတြက္ မရွိေတာ့တာေၾကာင့္ ဟူေပ ျပည္နယ္မွာ တင္းၾကပ္စြာ ကန္႔သတ္ပိတ္ပင္ထားတဲ့ စည္းမ်ဥ္း၊ စည္းကမ္းေတြကို ရုပ္သိမ္းလိုက္ၿပီ ျဖစ္တယ္လို႔ ဗုဒၶဟူးေန႔ (မတ္လ ၂၅ ရက္ေန႔) မွာ သိရပါတယ္။ 

ဒါေပမယ့္လည္း ျပည္ပက ၀င္ေရာက္လာတဲ့ ဗိုင္းရပ္စ္ကူးစက္လူနာ ၄၇ ဦး ထပ္မံေတြ႔ရွိရတယ္လို႔ ႏိုင္ငံက်န္းမာေရး ေကာ္မရွင္က ေျပာၾကားပါတယ္။  အခုဆိုရင္ တရုတ္ႏိုင္ငံမွာ ႏိုင္ငံတြင္း ဗိုင္းရပ္စ္ကူးစက္ လူနာ ထပ္တိုးအေရအတြက္ မရွိေတာ့ေပမယ့္ ျပည္ပမွ ေရာက္ရွိလာသူေတြထဲမွာေတာ့ ဗိုင္းရပ္စ္ကူးစက္လူနာ အေရအတြက္ ထပ္တိုးေနတာ ေတြ႔ရပါတယ္။ 

 ျပည္ပမွ၀င္ေရာက္လာတဲ့ ဗိုင္းရပ္စ္ကူးစက္လူနာ စုစုေပါင္း ၄၇၄ ဦး ရွိေနၿပီး အမ်ားစုဟာ တရုတ္ႏိုင္ငံ သားေတြ ျဖစ္တယ္လို႔ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ေသဆံုးသူ ၄ ဦး ထပ္တိုးခဲ့ၿပီး ၄င္းတို႔ ထဲမွ ၃ ဦးဟာ ဟူေပျပည္နယ္မွ ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ဗုဒၶဟူးေန႔ ( မတ္လ ၂၅ ) မွာ ေျပာပါတယ္။ 

လူဦးေရ သန္း ၅၀ ေက်ာ္ေနထိုင္တဲ့ ဟူေပျပည္နယ္ကို ပိတ္ဆို႔ကန္႔သတ္ထားရာမွ ရုပ္သိမ္းေပးမွာျဖစ္ၿပီး က်န္းမာတဲ့ ေနထိုင္သူေတြ ထြက္ခြာႏိုင္ေအာင္ အခ်ဳိ႕ေလဆိပ္ေတြနဲ႔ ဘူတာရံုေတြကိုလည္း ဖြင့္လွစ္ထား ေၾကာင္း ႏိုင္ငံက ေၾကညာခဲ့ပါတယ္။  ဗိုင္းရပ္စ္စတင္ကူးစက္ပ်ံ႕ပြားရာ ၀ူဟန္ၿမိဳ႕မွ ေနထိုင္သူေတြကိုေတာ့ လာမယ့္ ဧၿပီ ၈ ရက္ေန႔မွာ ထြက္ခြာသြားလာခြင့္ ျပဳေပးေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။ 

ဟူေပျပည္နယ္ဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလက ပိတ္ဆို႔ကန္႔သတ္ဖို႔ အမိန္႔ခ်မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ စည္းမ်ဥ္းေတြ တျဖည္းျဖည္းေလွ်ာ့ခ်လိုက္ၿပီး မၾကာေသးမီရက္မ်ားက  ျပည္နယ္အတြင္းရွိ ေဒသမ်ားသို႔ ေျပာင္းေရႊ႕သြားလာခြင့္နဲ႔ လုပ္ငန္းခြင္သို႔ ၀င္ေရာက္ခြင့္ကို ျပန္လည္ခြင့္ျပဳခဲ့ပါတယ္။ စာသင္ ေက်ာင္းေတြကေတာ့ ပိတ္ထားဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ 

တရုတ္ျပည္မၾကီးမွာ စုစုေပါင္း COVID-19 ကူးစက္လူနာ ၈၁၂၀၀ ေက်ာ္ရွိေနၿပီး ေသဆံုးသူကေတာ့ ၃၂၈၁ ဦး ရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။ တရုတ္ႏိုင္ငံဟာ ျပည္ပမွ ၀င္ေရာက္လာတဲ့ ဗိုင္းရပ္စ္ကူးစက္လူနာ အေရအတြက္ေတြ မ်ားျပားလာတာေၾကာင့္ စိုးရိမ္ပူပန္မႈေတြ ျဖစ္ေပၚေနေပမယ့္ ႏိုင္ငံအေနနဲ႔ ဒီေရာဂါျဖစ္ပြား မႈကို ထိန္းခ်ဳပ္ထားႏိုင္စြမ္း ရွိတယ္လို႔ သိရပါတယ္။ 

ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : channelnewsasia 

 

Unicode Version

 

တရုတ်နိုင်ငံမှာ ပြည်တွင်းဗိုင်းရပ်စ်ကူးစက်လူနာ ထပ်တိုးအရေအတွက် မရှိတော့တာကြောင့် ဟူပေ ပြည်နယ်မှာ တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ (မတ်လ ၂၅ ရက်နေ့) မှာ သိရပါတယ်။ 

ဒါပေမယ့်လည်း ပြည်ပက ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၄၇ ဦး ထပ်မံတွေ့ရှိရတယ်လို့ နိုင်ငံကျန်းမာရေး ကော်မရှင်က ပြောကြားပါတယ်။  အခုဆိုရင် တရုတ်နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက် လူနာ ထပ်တိုးအရေအတွက် မရှိတော့ပေမယ့် ပြည်ပမှ ရောက်ရှိလာသူတွေထဲမှာတော့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက် ထပ်တိုးနေတာ တွေ့ရပါတယ်။ 

 ပြည်ပမှဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၄၇၄ ဦး ရှိနေပြီး အများစုဟာ တရုတ်နိုင်ငံ သားတွေ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သေဆုံးသူ ၄ ဦး ထပ်တိုးခဲ့ပြီး ၎င်းတို့ ထဲမှ ၃ ဦးဟာ ဟူပေပြည်နယ်မှ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ ( မတ်လ ၂၅ ) မှာ ပြောပါတယ်။ 

လူဦးရေ သန်း ၅၀ ကျော်နေထိုင်တဲ့ ဟူပေပြည်နယ်ကို ပိတ်ဆို့ကန့်သတ်ထားရာမှ ရုပ်သိမ်းပေးမှာဖြစ်ပြီး ကျန်းမာတဲ့ နေထိုင်သူတွေ ထွက်ခွာနိုင်အောင် အချို့လေဆိပ်တွေနဲ့ ဘူတာရုံတွေကိုလည်း ဖွင့်လှစ်ထား ကြောင်း နိုင်ငံက ကြေညာခဲ့ပါတယ်။  ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားရာ ဝူဟန်မြို့မှ နေထိုင်သူတွေကိုတော့ လာမယ့် ဧပြီ ၈ ရက်နေ့မှာ ထွက်ခွာသွားလာခွင့် ပြုပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဟူပေပြည်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပိတ်ဆို့ကန့်သတ်ဖို့ အမိန့်ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ စည်းမျဉ်းတွေ တဖြည်းဖြည်းလျှော့ချလိုက်ပြီး မကြာသေးမီရက်များက  ပြည်နယ်အတွင်းရှိ ဒေသများသို့ ပြောင်းရွှေ့သွားလာခွင့်နဲ့ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ စာသင် ကျောင်းတွေကတော့ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်ပြည်မကြီးမှာ စုစုပေါင်း COVID-19 ကူးစက်လူနာ ၈၁၂၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၃၂၈၁ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပမှ ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက်တွေ များပြားလာတာကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပေမယ့် နိုင်ငံအနေနဲ့ ဒီရောဂါဖြစ်ပွား မှုကို ထိန်းချုပ်ထားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ 

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )  | Ref : channelnewsasia 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။