Skip to main content
ထုိင္းႏုိင္ငံ ခ်င္းရုိင္တြင္ ဘတ္စ္ကားစီး ခရီးသည္ သုံးဦး COVID-19 စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ အတူစီးခဲ့သည့္ အျခား ခရီးသည္မ်ားကုိ လုိက္လံရွာေဖြေန  
Ads Block

ထုိင္းႏုိင္ငံ ခ်င္းရုိင္တြင္ ဘတ္စ္ကားစီး ခရီးသည္ သုံးဦး COVID-19 စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ အတူစီးခဲ့သည့္ အျခား ခရီးသည္မ်ားကုိ လုိက္လံရွာေဖြေန  

ထုိင္းႏုိင္ငံ ခ်င္းရုိင္ျပည္နယ္မွာ Tour ဘတ္စ္တစ္စီးနဲ႕ လုိက္ပါခဲ့တဲ့ ခရီးသည္သုံးဦး COVID-19 positive ေတြ႕ခဲ့တာေၾကာင့္ ယင္းကားေပၚ အတူပါခဲ့တဲ့ အျခားခရီးသည္ေတြကုိ က်န္းမာေရး တာ၀န္ ရွိသူေတြက လုိက္လံရွာေဖြေနေၾကာင္း သိရပါတယ္။ ယင္း ဘတ္စ္ကားဟာ ဘန္ေကာက္ကေန ခ်င္းရုိင္ ျပည္နယ္ Chiang Saen ခရုိင္ကုိ လာေရာက္ခဲ့တာျဖစ္တယ္လုိ ့ ဆုိပါတယ္။ 

ဘတ္စ္ကားေပၚက မိသားစု၀င္ သုံးဦးမွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ထားတာ စစ္ေဆးေတြ႕ရွိခဲ့ၿပီး ယခုအခါ ဘတ္စ္ကားေပၚ လုိက္ပါခဲ့တဲ့ ခရီးသည္အားလုံးကုိ ေရာဂါပုိးဆုိင္ရာ စစ္ေဆးမႈလုပ္ဖုိ ့ လုိအပ္ေၾကာင္း ခ်င္းရုိင္ က်န္းမာေရးဌာနက ေျပာဆုိခဲ့ပါတယ္။ 

မတ္ ၂၁ ရက္ ည ၇ နာရီ ၁၅ မိနစ္ေလာက္မွာ ဘန္ေကာက္ကေန Chiang Saen သုိ ့ ေရာက္ရွိလာတဲ့ Sombat Tour ကုမၸဏီရဲ႕ နံပါတ္ ၁၆-၃၄၇၃ ဘတ္စ္ကားနဲ႕ လုိက္ပါခဲ့တဲ့ ခရီးသည္ေတြအေနနဲ႕ စစ္ေဆးမႈေတြ လုပ္ဖုိ႕အတြက္ ျပည္နယ္က်န္းမာေရးဌာနကုိ သတင္းပုိ ့ၾကပါရန္ တုိက္တြန္းထားေၾကာင္း ခ်င္းရုိင္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴးနဲ႕ ျပည္နယ္က်န္းမာေရးဌာန အႀကီးအကဲတုိ ့က အဂၤါေန ့မွာ ထုိင္း မီဒီယာကုိ ေျပာဆုိပါတယ္။ 

ပုိးေတြ႕ခဲ့သူ သုံးဦးလုံးကုိ ခ်င္းရုိင္ Prachanukroh ေဆးရုံမွာ ကုသေပးထားတယ္လုိ ့ သိရပါတယ္။ 

 ကုိလင္း ( အကုန္သိ သတင္းဌာန )   | Ref : Chiang Rai Times 

 

Unicode Version

 

 

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်မှာ Tour ဘတ်စ်တစ်စီးနဲ့ လိုက်ပါခဲ့တဲ့ ခရီးသည်သုံးဦး COVID-19 positive တွေ့ခဲ့တာကြောင့် ယင်းကားပေါ် အတူပါခဲ့တဲ့ အခြားခရီးသည်တွေကို ကျန်းမာရေး တာဝန် ရှိသူတွေက လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။ ယင်း ဘတ်စ်ကားဟာ ဘန်ကောက်ကနေ ချင်းရိုင် ပြည်နယ် Chiang Saen ခရိုင်ကို လာရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဘတ်စ်ကားပေါ်က မိသားစုဝင် သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတာ စစ်ဆေးတွေ့ရှိခဲ့ပြီး ယခုအခါ ဘတ်စ်ကားပေါ် လိုက်ပါခဲ့တဲ့ ခရီးသည်အားလုံးကို ရောဂါပိုးဆိုင်ရာ စစ်ဆေးမှုလုပ်ဖို့ လိုအပ်ကြောင်း ချင်းရိုင် ကျန်းမာရေးဌာနက ပြောဆိုခဲ့ပါတယ်။ 

မတ် ၂၁ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဘန်ကောက်ကနေ Chiang Saen သို့ ရောက်ရှိလာတဲ့ Sombat Tour ကုမ္ပဏီရဲ့ နံပါတ် ၁၆-၃၄၇၃ ဘတ်စ်ကားနဲ့ လိုက်ပါခဲ့တဲ့ ခရီးသည်တွေအနေနဲ့ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ပြည်နယ်ကျန်းမာရေးဌာနကို သတင်းပို့ကြပါရန် တိုက်တွန်းထားကြောင်း ချင်းရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ကျန်းမာရေးဌာန အကြီးအကဲတို့က အင်္ဂါနေ့မှာ ထိုင်း မီဒီယာကို ပြောဆိုပါတယ်။ 

ပိုးတွေ့ခဲ့သူ သုံးဦးလုံးကို ချင်းရိုင် Prachanukroh ဆေးရုံမှာ ကုသပေးထားတယ်လို့ သိရပါတယ်။ 

 ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Chiang Rai Times 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။