Skip to main content
ျမန္မာႏုိင္ငံမွာ COVID-19 စမ္းသပ္စစ္ေဆး ကိရိယာမ်ား အလုံအေလာက္ရွိဟု WHO တာ၀န္ရွိသူ ေျပာ 
Ads Block

ျမန္မာႏုိင္ငံမွာ COVID-19 စမ္းသပ္စစ္ေဆး ကိရိယာမ်ား အလုံအေလာက္ရွိဟု WHO တာ၀န္ရွိသူ ေျပာ 

မတ္ ၂၄ ရက္ထုတ္ျပန္ခ်က္အရ ကုိရုိနာဗုိင္းရပ္စ္ အတည္ျပဳ ကူးစက္လူနာ သုံးဦးေတြ႕ရွိထားတဲ့ ျမန္မာႏုိင္ငံမွာ လက္ရွိအေနအထားအရ သံသယရွိ ေ၀ဒနာရွင္ေတြကုိ စစ္ေဆးေဖာ္ထုတ္ႏုိင္မယ့္ ေရာဂါပုိးစမ္းသပ္ကိရိယာေတြ အလုံအေလာက္ရွိထားေၾကာင္း ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO အရာရွိတစ္ဦးက ေျပာဆုိပါတယ္။ 

WHO ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ ဌာေနကုိယ္စားလွယ္ စတီဖင္ ဂ်ဳိ႕စ္က အထက္ပါအတုိင္း အာမခံေျပာဆုိခဲ့တာျဖစ္ၿပီး အတည္ျပဳ ပုိးကူးစက္လူနာေတြ ေတြ႔ခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံမွာ စုိးရိမ္တႀကီး ၀ယ္ယူစုေဆာင္းတာေတြျဖစ္ခဲ့ပါတယ္။ 

 ေဖေဖာ္၀ါရီ အေႏွာင္းပုိင္းေလာက္အထိ ျမန္မာႏုိင္ငံဟာ သံသယရွိလူနာေတြရဲ႕ နမူနာေတြကုိ ထုိင္းႏုိင္ငံသုိ႕ ေပးပုိ ့စစ္ေဆးေနခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ ထုိင္း၊ ဂ်ပန္၊ အေမရိိကန္၊ စင္ကာပူနဲ႕ တရုတ္ႏုိင္ငံတုိ ့အပါအ၀င္ ႏုိင္ငံေတြက လွဴဒါန္းခဲ့တာေၾကာင့္ ေဖေဖာ္၀ါရီ ၂၀ ရက္ေန ့ကစလုိ ့ ျမန္မာႏုိင္ငံရဲ႕  အမ်ဳိးသားဓါတ္ခြဲဌာနမွာ COVID-19 စမ္းသပ္ကိရိယာေတြ ရွိေနခဲ့ၿပီျဖစ္ပါတယ္။ 

စမ္းသပ္ ကိရိယာတစ္ခုဟာ တစ္ႀကိမ္သာ အသုံးျပဳရတာျဖစ္ေပမယ့္ သံသယလူနာမ်ဳိးကုိေတာ့ ေရာဂါပုိးရွိ မရွိ တိက်ေသခ်ာေစဖုိ ့ သုံးႀကိမ္အနည္းဆုံး စစ္ေဆးရမွာျဖစ္တယ္လုိ ့ ေဒါက္တာ ဂ်ဳိ႕စ္က ေျပာဆုိပါတယ္။ အခုခ်ိန္မွာေတာ့ ျမန္မာႏုိင္ငံမွာ ေရာဂါပုိး စမ္းသပ္ကိရိယာ ၅၀၀၀ ေက်ာ္ေလာက္ရွိေနတာေၾကာင့္ လူ ၁၇၀၀ အေရအတြက္ စမ္းသပ္စစ္ေဆးႏုိင္မွာ ျဖစ္တယ္လုိ ့ ၄င္းက ဆုိခဲ့ပါတယ္။ 

မၾကာခင္ကာလေလာက္အထိေတာ့ ျမန္မာႏုိင္ငံမွာ စမ္းသပ္ကိရိယာေတြ ျပတ္လပ္သြားဖုိ ့မရွိေသးဘဲ အစုိးရိမ္လြန္စရာ မလုိပါေၾကာင္း၊ ျမန္မာႏုိင္ငံအတြက္ စမ္းသပ္ကိရိယာေတြ ပုိမုိရရွိဖုိ ့ စီစဥ္ေဆာင္ရြက္ေနပါေၾကာင္းနဲ႕ ျမန္မာႏုိင္ငံသုိ ့ လွဴဒါန္းေပးဖုိ ့ ျဖစ္ႏုိင္ေျခအရွိဆုံး ေတာင္ကုိရီးယားအပါအ၀င္ အျခားေနရာေတြကေန ရရွိဖုိ ့ ေဆာင္ရြက္ေနတယ္လုိ ့ ေဒါက္တာ ဂ်ဳိ႕စ္က ေျပာဆုိပါတယ္။ 

ဒါ့အျပင္ ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ဟာ အားနည္းခ်က္ေတြရွိေနတယ္ဆုိတာ အသိအမွတ္ျပဳပါေၾကာင္း သုိ ့ေပမယ့္ ဒါကုိသတိျပဳမိတဲ့ ျမန္မာအစုိးရဟာ တရုတ္မွာ ေရာဂါပုိး စတင္ျဖစ္ပြားကတည္းက ကာကြယ္မႈေတြလုပ္ထားခဲ့ပါေၾကာင္းလည္း ၄င္းက ေျပာဆုိခဲ့ပါတယ္။ 

 ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

 

Unicode Version

 

မတ် ၂၄ ရက်ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်လူနာ သုံးဦးတွေ့ရှိထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားအရ သံသယရှိ ဝေဒနာရှင်တွေကို စစ်ဆေးဖော်ထုတ်နိုင်မယ့် ရောဂါပိုးစမ်းသပ်ကိရိယာတွေ အလုံအလောက်ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အရာရှိတစ်ဦးက ပြောဆိုပါတယ်။ 

WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင် ဂျို့စ်က အထက်ပါအတိုင်း အာမခံပြောဆိုခဲ့တာဖြစ်ပြီး အတည်ပြု ပိုးကူးစက်လူနာတွေ တွေ့ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ စိုးရိမ်တကြီး ဝယ်ယူစုဆောင်းတာတွေဖြစ်ခဲ့ပါတယ်။ 

 ဖေဖော်ဝါရီ အနှောင်းပိုင်းလောက်အထိ မြန်မာနိုင်ငံဟာ သံသယရှိလူနာတွေရဲ့ နမူနာတွေကို ထိုင်းနိုင်ငံသို့ ပေးပို့စစ်ဆေးနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်း၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံတွေက လှူဒါန်းခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစလို့ မြန်မာနိုင်ငံရဲ့  အမျိုးသားဓါတ်ခွဲဌာနမှာ COVID-19 စမ်းသပ်ကိရိယာတွေ ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

စမ်းသပ် ကိရိယာတစ်ခုဟာ တစ်ကြိမ်သာ အသုံးပြုရတာဖြစ်ပေမယ့် သံသယလူနာမျိုးကိုတော့ ရောဂါပိုးရှိ မရှိ တိကျသေချာစေဖို့ သုံးကြိမ်အနည်းဆုံး စစ်ဆေးရမှာဖြစ်တယ်လို့ ဒေါက်တာ ဂျို့စ်က ပြောဆိုပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ ရောဂါပိုး စမ်းသပ်ကိရိယာ ၅၀၀၀ ကျော်လောက်ရှိနေတာကြောင့် လူ ၁၇၀၀ အရေအတွက် စမ်းသပ်စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။ 

မကြာခင်ကာလလောက်အထိတော့ မြန်မာနိုင်ငံမှာ စမ်းသပ်ကိရိယာတွေ ပြတ်လပ်သွားဖို့မရှိသေးဘဲ အစိုးရိမ်လွန်စရာ မလိုပါကြောင်း၊ မြန်မာနိုင်ငံအတွက် စမ်းသပ်ကိရိယာတွေ ပိုမိုရရှိဖို့ စီစဉ်ဆောင်ရွက်နေပါကြောင်းနဲ့ မြန်မာနိုင်ငံသို့ လှူဒါန်းပေးဖို့ ဖြစ်နိုင်ခြေအရှိဆုံး တောင်ကိုရီးယားအပါအဝင် အခြားနေရာတွေကနေ ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာ ဂျို့စ်က ပြောဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အားနည်းချက်တွေရှိနေတယ်ဆိုတာ အသိအမှတ်ပြုပါကြောင်း သို့ပေမယ့် ဒါကိုသတိပြုမိတဲ့ မြန်မာအစိုးရဟာ တရုတ်မှာ ရောဂါပိုး စတင်ဖြစ်ပွားကတည်းက ကာကွယ်မှုတွေလုပ်ထားခဲ့ပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။ 

 ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။