Skip to main content
ဗဟုိဘဏ္
Ads Block

မည့္သည့္အေျခအေနတြင္မွ ဘဏ္လုပ္ငန္းမ်ား ရပ္တန္ ့မည္မဟုတ္သည့္အျပင္ ျပည္သူမ်ား ပုံမွန္အတုိင္း လုံျခဳံစိတ္ခ်စြာေငြထုတ္ယူခြင့္ရွိမည္ဟု ဗဟုိဘဏ္ႏွင့္ ဘဏ္အသုိင္းအ၀ုိင္းက အတိအလင္းေၾကညာ

စုိးရိမ္စိတ္မ်ားလြန္ကဲျပီး ဘဏ္မ်ားတြင္ ျပည္သူမ်ားက စုျပဳံ၍ ေငြထုတ္ယူမႈမ်ား မျဖစ္ေစေရးအတြက္ ဘဏ္လုပ္ငန္းမ်ားစဥ္ဆက္မျပတ္လည္ပတ္ေရးႏွင့္ မည္သည့္အေျခအေနတြင္မဆုိ ဘဏ္လုပ္ငန္းမ်ားရပ္တန္ ့မသြားေရးကုိ စနစ္တက်ၾကီးၾကပ္ေဆာင္ရြက္ေနေၾကာင္း ဗဟုိဘဏ္က သတင္းထုတ္ျပန္လုိက္သည္။

ဗဟုိဘဏ္


ကုိရုိနာဗုိင္းရပ္စ္ႏွင့္ဆက္စပ္၍ ျပည္သူမ်ားက စုိးရိမ္စိတ္ၾကီးစြာျဖင့္ ဘဏ္မ်ားတြင္ ေငြသားမ်ားထုတ္ယူမႈ စတင္ရွိလာေသာေၾကာင့္ ျမန္မာႏုိင္ငံေတာ္ဗဟုိဘဏ္က မတ္လ ၂၄ ရက္ညပုိင္း၌ သတင္းထုတ္ျပန္လုိက္ျခင္းလည္း ျဖစ္သည္။ ဗဟုိဘဏ္၏ထုတ္ျပန္ခ်က္တြင္ မတ္လ ၂၃ ရက္က ေၾကညာခဲ့ေသာ အစုိးရ၏ထုတ္ျပန္ခ်က္အရ ဗုိင္းရပ္စ္ပုိးေတြ႔လူနာ(၂)ဦးရွိေၾကာင္း သတင္းအျပီး ၂၄ နာရီအတြင္း၌ ဘဏ္မ်ားတြင္ ျပည္သူမ်ားက သာမန္ထက္ေငြထုတ္ယူမႈမ်ားျပားလာခဲ့ေၾကာင္း ဆုိသည္။ ယင္းကဲ့သုိ ့စုိးရိမ္စိတ္ေၾကာင့္ ေငြထုတ္ယူမႈမ်ားျဖစ္လာျခင္းကုိလည္း ဗဟုိဘဏ္ဘက္က အာမခံခ်က္အျဖစ္ မည္သည့္ဘဏ္ကုိမဆုိ လုပ္ငန္းစဥ္ရပ္တန္႔မသြားေရးႏွင့္ ပုံမွန္အတုိင္း ဘဏ္လုပ္ငန္းမ်ား လည္ပတ္ေပးရန္ တာ၀န္ခံစီစဥ္ေပးထားမည္ျဖစ္ေၾကာင္း ကတိက၀တ္ျပဳထုတ္ျပန္လာျခင္းမ်ဳိးလည္း ျဖစ္သည္။ အထူးသျဖင့္ ဗဟုိဘဏ္ဘက္မွလည္း ဘဏ္လုပ္ငန္းမ်ားကုိပုံမွန္အတုိင္း လည္ပတ္ရမည္ျဖစ္ေၾကာင္း၊ မည္သည့္အေျခအေနမ်ဳိးတြင္မွ ရပ္တန္ ့ခြင့္ရွိမည္ မဟုတ္ေၾကာင္း ျမန္မာႏုိင္ငံတြင္းရွိ ဘဏ္အားလုံးထံသုိ႔ မတ္လ ၁၃ ရက္ကတည္းကစတင္၍ ညႊန္ၾကားခ်က္ေပးထားျပီးျဖစ္ေၾကာင္း အတိအလင္းေဖာ္ျပထားသည္။ ယင္းအတြက္ေၾကာင့္ မည္သည့္အေျခအေနတြင္ျဖစ္ေစ ျပည္သူမ်ားက ပုံမွန္ေငြထုတ္သည့္လုပ္ငန္းစဥ္မ်ားအျပင္ ဘဏ္မ်ားႏွင့္ဆက္သြယ္လုပ္ေဆာင္ရမည့္လုပ္ငန္းေဆာင္တာမ်ားအားလုံးကုိ ပုံမွန္ဘဏ္ဖြင့္ရက္မ်ားအတုိင္း ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ဆုိသည္။ ယင္းအျပင္ မုိဘုိင္းေငြေပးေခ်သည့္၀န္ေဆာင္မႈမ်ားႏွင့္ ATM စက္မ်ားကိုလည္း မူလအတုိင္း ပုံမွန္လုပ္ေဆာင္ႏုိင္မည္ျဖစ္ေၾကာင္း အတိအလင္းေၾကညာလုိက္သည္။ အဓိကအားျဖင့္ ဘဏ္လုပ္ငန္းႏွင့္ပတ္သက္၍ မသမာသူမ်ား၊ မလုိသူမ်ား၏ သတင္းမွားလႊင့္ျခင္းမ်ားကုိ အလြယ္တကူ ယုံၾကည္ရန္မသင့္သည့္အျပင္ ကုိယ္တုိင္ ဘဏ္မ်ားႏွင့္ထိေတြ႔ဆက္ဆံျခင္းျဖင့္ ျပည္သူမ်ား၏ အဆင္ေျပေခ်ာေမြ႕မႈကုိ ဦးတည္ေစလုိေၾကာင္းလည္း ဆုိသည္။

ျပည္သူမ်ားက ယုံၾကည္၍ အပ္ႏွံထားေသာ မည္သည့္ေငြေၾကးတစ္ျပားတစ္ခ်ပ္မွမဆုိ မည္သည့္နည္းႏွင့္မွ် ထိခုိက္ပြန္းရွမခံဘဲ ကာကြယ္ေပးသြားမည့္အျပင္ ယုံၾကည္စိတ္ခ်စြာ ပုံမွန္အတုိင္း ဆက္လက္လုပ္ငန္းလည္ပတ္ေနမည္ျဖစ္ေၾကာင္း ဘဏ္လုပ္ငန္းအသုိင္းအ၀ုိင္းဘက္ကလည္း အတိအလင္း ေျပာၾကားသည္။ 

Unicode Version

မည့်သည့်အခြေအနေတွင်မှ ဘဏ်လုပ်ငန်းများ ရပ်တန့်မည်မဟုတ်သည့်အပြင် ပြည်သူများ ပုံမှန်အတိုင်း လုံခြုံစိတ်ချစွာငွေထုတ်ယူခွင့်ရှိမည်ဟု ဗဟိုဘဏ်နှင့် ဘဏ်အသိုင်းအဝိုင်းက အတိအလင်းကြေညာ
---------   အေဝိုင်အီး(အကုန်သိသတင်းဌာန)   --------
စိုးရိမ်စိတ်များလွန်ကဲပြီး ဘဏ်များတွင် ပြည်သူများက စုပြုံ၍ ငွေထုတ်ယူမှုများ မဖြစ်စေရေးအတွက် ဘဏ်လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်ရေးနှင့် မည်သည့်အခြေအနေတွင်မဆို ဘဏ်လုပ်ငန်းများရပ်တန့်မသွားရေးကို စနစ်တကျကြီးကြပ်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်သည်။


ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်၍ ပြည်သူများက စိုးရိမ်စိတ်ကြီးစွာဖြင့် ဘဏ်များတွင် ငွေသားများထုတ်ယူမှု စတင်ရှိလာသောကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၂၄ ရက်ညပိုင်း၌ သတင်းထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် မတ်လ ၂၃ ရက်က ကြေညာခဲ့သော အစိုးရ၏ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးတွေ့လူနာ(၂)ဦးရှိကြောင်း သတင်းအပြီး ၂၄ နာရီအတွင်း၌ ဘဏ်များတွင် ပြည်သူများက သာမန်ထက်ငွေထုတ်ယူမှုများပြားလာခဲ့ကြောင်း ဆိုသည်။ ယင်းကဲ့သို့စိုးရိမ်စိတ်ကြောင့် ငွေထုတ်ယူမှုများဖြစ်လာခြင်းကိုလည်း ဗဟိုဘဏ်ဘက်က အာမခံချက်အဖြစ် မည်သည့်ဘဏ်ကိုမဆို လုပ်ငန်းစဉ်ရပ်တန့်မသွားရေးနှင့် ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းများ လည်ပတ်ပေးရန် တာဝန်ခံစီစဉ်ပေးထားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထုတ်ပြန်လာခြင်းမျိုးလည်း ဖြစ်သည်။ အထူးသဖြင့် ဗဟိုဘဏ်ဘက်မှလည်း ဘဏ်လုပ်ငန်းများကိုပုံမှန်အတိုင်း လည်ပတ်ရမည်ဖြစ်ကြောင်း၊ မည်သည့်အခြေအနေမျိုးတွင်မှ ရပ်တန့်ခွင့်ရှိမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတွင်းရှိ ဘဏ်အားလုံးထံသို့ မတ်လ ၁၃ ရက်ကတည်းကစတင်၍ ညွှန်ကြားချက်ပေးထားပြီးဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။ ယင်းအတွက်ကြောင့် မည်သည့်အခြေအနေတွင်ဖြစ်စေ ပြည်သူများက ပုံမှန်ငွေထုတ်သည့်လုပ်ငန်းစဉ်များအပြင် ဘဏ်များနှင့်ဆက်သွယ်လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများအားလုံးကို ပုံမှန်ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအပြင် မိုဘိုင်းငွေပေးချေသည့်ဝန်ဆောင်မှုများနှင့် ATM စက်များကိုလည်း မူလအတိုင်း ပုံမှန်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အတိအလင်းကြေညာလိုက်သည်။ အဓိကအားဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မသမာသူများ၊ မလိုသူများ၏ သတင်းမှားလွှင့်ခြင်းများကို အလွယ်တကူ ယုံကြည်ရန်မသင့်သည့်အပြင် ကိုယ်တိုင် ဘဏ်များနှင့်ထိတွေ့ဆက်ဆံခြင်းဖြင့် ပြည်သူများ၏ အဆင်ပြေချောမွေ့မှုကို ဦးတည်စေလိုကြောင်းလည်း ဆိုသည်။

ပြည်သူများက ယုံကြည်၍ အပ်နှံထားသော မည်သည့်ငွေကြေးတစ်ပြားတစ်ချပ်မှမဆို မည်သည့်နည်းနှင့်မျှ ထိခိုက်ပွန်းရှမခံဘဲ ကာကွယ်ပေးသွားမည့်အပြင် ယုံကြည်စိတ်ချစွာ ပုံမှန်အတိုင်း ဆက်လက်လုပ်ငန်းလည်ပတ်နေမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းဘက်ကလည်း အတိအလင်း ပြောကြားသည်။ 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။