Skip to main content
ျမိဳ႔ေတာ္၀န္
Ads Block

ရန္ကုန္ေန ျပည္သူမ်ား စုိးရိမ္စိတ္မလြန္ၾကရန္ ျမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိး ေျပာ

ရန္​ကုန္​ျမိဳ႕႐ွိ ျပည္​သူ​မ်ားအ​ေနျဖင္​့ စုိးရိမ္​စိတ္​မလြန္​ကဲၾကရန္​ႏွင္​့ အစုိးရကခ်မွတ္​​ေပးထားသည္​့စည္​းကမ္​းမ်ားကုိ လုိက္​နာၾကရန္​လုိအပ္ေၾကာင္း ႐န္​ကုန္​ျမိဳ႕ေတာ္​ဝန္​ဦး​ေမာင္ေမာင္​စုိးက ​ေျပာသည္​။

ေအာင္မဂၤလာ


ရန္ကုန္ျမိဳ ့ေအာင္မဂၤလာအေ၀းေျပး၀င္းအတြင္း ခရီးသည္တင္ကားမ်ား၏ ဗုိင္းရပ္စ္ၾကိဳတင္ကာကြယ္ေရးဆုိင္ရာ ပုိးသတ္ေဆးပက္ျဖန္းမႈလုပ္ငန္းစဥ္စစ္ေဆးသည့္ မတ္​လ ၂၃ ရက္​​ညပုိင္းက ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။ " ဒီက​ေန႔က​ေတာ့ ​ေလဆိပ္​​ေတြ၊ ​ေရဆိပ္​​ေတြမွာ ကားဂိတ္​​ေတြမွာ လူစု​တဲ့​ေနရာ​ေတြမွာ အ​ေျခအ​ေနလာၾကည္​့တာပါ။ ကား​ေတြကုိလည္​း ပုိးသတ္​​ေဆးျဖန္​းမယ္။ လူ​ေတြကုိလည္​း အပူခ်ိန္​တိုင္​းမယ္​။ အဲဒီအတြက္​ လာၾကည္​့တာပါ " ဟု ရန္​ကုန္​ျမိဳ႕ေတာ္​ဝန္​ ဦး​ေမာင္​​ေမာင္​စုိးက​ေျပာသည္​။ ယင္းအျပင္ ျမန္​မာႏုိင္​ငံ၌ ဗုိင္းရပ္စ္ကူးစက္​ခံရသူႏွစ္​ဦး​ေတြ႕ရိွ​ခဲ့သည့္တုိင္ စုိးရိမ္စိတ္​​အစြန္​းမ​ေရာက္​ေရးႏွင့္ လုံျခဳံ​ေရးခ်မွတ္​ထားသည့္အတုိင္း မိမိတုိ ့၏ေနအိမ္​မ်ားတြင္သာ အမ်ားဆုံးေနထုိင္ျခင္းက အ​ေကာင္​းဆုံးျဖစ္ေၾကာင္း ၄င္​းက ဆက္​လက္​​ေျပာၾကားသည္​။

ျမန္​မာႏုိ​င္​ငံတြင္​ မတ္​လ ၂၄ ရက္​​ ညပုိင္းအထိ ကုိ႐ုိနာဗုိင္​းရပ္​စ္​ ကူးစက္​ခံထားရသူ ႏွစ္​ဦး႐ွိေနၿပီး တစ္​ဦး​ကုိ​ ေဝဘာဂီ​ေဆး႐ုံတြင္​ ထား႐ွိကာ အျခား​တစ္​ဦးကုိ ခ်င္​းျပည္​နယ္​ တီးတိန္မွတစ္ဆင့္ ဖလမ္းေဆးရုံသုိ ့ပုိ ့ေဆာင္ထားေၾကာင္း သိရသည္။

Unicode Version 

ရန်ကုန်နေ ပြည်သူများ စိုးရိမ်စိတ်မလွန်ကြရန် မြို့တော်ဝန် ဦးမောင်မောင်စိုး ပြော
-------  ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန)  -------
ရန်ကုန်မြို့ရှိ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်မလွန်ကဲကြရန်နှင့် အစိုးရကချမှတ်ပေးထားသည့်စည်းကမ်းများကို လိုက်နာကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ခရီးသည်တင်ကားများ၏ ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပိုးသတ်ဆေးပက်ဖြန်းမှုလုပ်ငန်းစဉ်စစ်ဆေးသည့် မတ်လ ၂၃ ရက်ညပိုင်းက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ " ဒီကနေ့ကတော့ လေဆိပ်တွေ၊ ရေဆိပ်တွေမှာ ကားဂိတ်တွေမှာ လူစုတဲ့နေရာတွေမှာ အခြေအနေလာကြည့်တာပါ။ ကားတွေကိုလည်း ပိုးသတ်ဆေးဖြန်းမယ်။ လူတွေကိုလည်း အပူချိန်တိုင်းမယ်။ အဲဒီအတွက် လာကြည့်တာပါ " ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။ ယင်းအပြင် မြန်မာနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးတွေ့ရှိခဲ့သည့်တိုင် စိုးရိမ်စိတ်အစွန်းမရောက်ရေးနှင့် လုံခြုံရေးချမှတ်ထားသည့်အတိုင်း မိမိတို့၏နေအိမ်များတွင်သာ အများဆုံးနေထိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၄ ရက် ညပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ နှစ်ဦးရှိနေပြီး တစ်ဦးကို ဝေဘာဂီဆေးရုံတွင် ထားရှိကာ အခြားတစ်ဦးကို ချင်းပြည်နယ် တီးတိန်မှတစ်ဆင့် ဖလမ်းဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။