Skip to main content
ဖင္လန္ သမၼတေဟာင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရ 
Ads Block

ဖင္လန္ သမၼတေဟာင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရ 

၂၀၀၈ ခုႏွစ္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ဖင္လန္သမၼတေဟာင္း Martti Ahtisaari မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း သမၼတရံုးက အဂၤါေန႔ ( မတ္လ ၂၄ ရက္) မွာ သတင္းထုန္ျပန္ပါတယ္။ 

သမၼတေဟာင္း Ahtisaari ဟာ တနလၤာေန႔ (မတ္လ ၂၃ ရက္ေန႔) က ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳခဲ့တာျဖစ္ၿပီး အခုအေျခအေနေကာင္းမြန္လ်က္ရွိေၾကာင္း သမၼတရံုးရဲ႕  ေၾကညာခ်က္မွာ ေျပာၾကား ခဲ့ပါတယ္။ 

အသက္ ၈၂ ႏွစ္ ရွိၿပီျဖစ္တဲ့ ဖင္လန္သမၼတေဟာင္း Ahtisaari ဟာ ၁၉၉၄ ခုႏွစ္မွ ၂၀၀၀ ခုႏွစ္အထိ ႏိုင္ငံကို ေခါင္းေဆာင္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ညွိႏိႈင္းမႈေတြမွာ အခ်ိန္ၾကာျမင့္စြာ ပါ၀င္ခဲ့ျခင္းေၾကာင့္ ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆု ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ ဖင္လန္ႏိုင္ငံမွာ အတည္ျပဳၿပီးသား ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၇၀၀ ရွိၿပီး ေသဆံုးသူ တစ္ဦး ရွိၿပီျဖစ္ေၾကာင္း သိရပါတယ္။ 

ဆက္စပ္သတင္းအရ ဂ်ာမနီႏိုင္ငံမွာ တစ္ရက္အတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္လူနာ ၄၇၆၄ ဦး ထိျမင့္တက္္ခဲ့ၿပီး အတည္ျပဳ ဗိုင္းရပ္စ္ကူးစက္လူနာ စုစုေပါင္း အေရအတြက္ဟာ ၂၇၄၃၆ ဦးထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လု႔ိ ကူးစက္ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဆိုင္ရာ Robert Koch Institute က ေျပာၾကား ခဲ့ပါတယ္။ တနလၤာေန႔မွာ ႏိုင္ငံတြင္း ဗိုင္းရပ္စ္ကူးစက္ ေသဆံုးသူ အေရအတြက္ ၂၈ ဦးထပ္တိုးခဲ့ၿပီး စုစုေပါင္း ၁၁၄ ဦးထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ 

ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန) | Ref : reuters 

 

Unicode Version

 

၂၀၀၈ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖင်လန်သမ္မတဟောင်း Martti Ahtisaari မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သမ္မတရုံးက အင်္ဂါနေ့ ( မတ်လ ၂၄ ရက်) မှာ သတင်းထုန်ပြန်ပါတယ်။ 

သမ္မတဟောင်း Ahtisaari ဟာ တနင်္လာနေ့ (မတ်လ ၂၃ ရက်နေ့) က ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး အခုအခြေအနေကောင်းမွန်လျက်ရှိကြောင်း သမ္မတရုံးရဲ့  ကြေညာချက်မှာ ပြောကြား ခဲ့ပါတယ်။ 

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဖင်လန်သမ္မတဟောင်း Ahtisaari ဟာ ၁၉၉၄ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ နိုင်ငံကို ခေါင်းဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေမှာ အချိန်ကြာမြင့်စွာ ပါဝင်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာ အတည်ပြုပြီးသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇၀၀ ရှိပြီး သေဆုံးသူ တစ်ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။ 

ဆက်စပ်သတင်းအရ ဂျာမနီနိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၄၇၆၄ ဦး ထိမြင့်တက်ခဲ့ပြီး အတည်ပြု ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း အရေအတွက်ဟာ ၂၇၄၃၆ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လု့ိ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ Robert Koch Institute က ပြောကြား ခဲ့ပါတယ်။ တနင်္လာနေ့မှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက် သေဆုံးသူ အရေအတွက် ၂၈ ဦးထပ်တိုးခဲ့ပြီး စုစုပေါင်း ၁၁၄ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန)  | Ref : reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။