Skip to main content
အီတလီရဲ႕ ဗုိင္းရပ္စ္ကူးစက္ အေရအတြက္ဟာ တရား၀င္ ထုတ္ျပန္ခ်က္ထက္ ၁၀ဆ ပုိမ်ားေနႏုိင္ဟု ဆုိ 
Ads Block

အီတလီရဲ႕ ဗုိင္းရပ္စ္ကူးစက္ အေရအတြက္ဟာ တရား၀င္ ထုတ္ျပန္ခ်က္ထက္ ၁၀ဆ ပုိမ်ားေနႏုိင္ဟု ဆုိ 

အီတလီႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ထားသူဦးေရဟာ တရား၀င္ထုတ္ျပန္ထားတဲ့ ၆၄၀၀၀ နီးပါး ထက္ ၁၀ ဆေလာက္အထိ ပုိမ်ားေနႏုိင္ေၾကာင္း အခ်က္အလက္ေကာက္ယူေရး ေအဂ်င္စီ အႀကီးအကဲက အဂၤါေန ့မွာ ေျပာဆုိလုိက္ပါတယ္။ 

တစ္လၾကာ အခ်ိန္ေလာက္အတြင္း ေတြ႕ရွိထားတဲ့ ပုိးကူးလူနာဦးေရမွာ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ ေသဆုံးသူဟာ ၆၀၇၇ ဦး ရွိခဲ့ၿပီျဖစ္လုိ ့ အီတလီဟာ ကမာၻမွာ ေရာဂါပုိး အဆုိး၀ါးဆုံးသက္ေရာက္ခဲ့တဲ့ ႏုိင္ငံျဖစ္ခဲ့ၿပီး ေရာဂါစတင္ကူးစက္ျဖစ္ပြားခဲ့ရာ တရုတ္ႏုိင္ငံမွာထက္ ေသဆုံးဦးေရ ႏွစ္ဆ တုိးသြားခဲ့ပါတယ္။ 

သုိ ့ေသာ္လည္း ေဆးရုံေတြမွာ ကုသမႈခံယူလာၾကသူေတြကုိသာ ေရာဂါစစ္ေဆးမႈေတြ လုပ္ထား ရတာေၾကာင့္ ေဖာ္ထုတ္အတည္ျပဳထားျခင္းမရွိေသးတဲ့ ေရာဂါပုိး ကူးစက္ထားသူ ေထာင္ေပါင္းမ်ားစြာရွိေန ႏုိင္တယ္လုိ ့ ဆုိပါတယ္။ 

လူ ၁၀ ေယာက္မွာ တစ္ေယာက္ႏႈန္း အခ်ဳိးနဲ႕ ေရာဂါပုိးကူးစက္ခံထားရတယ္ဆုိတာ ယုံၾကည္ရ ေလာက္တဲ့အခ်က္ျဖစ္ေၾကာင္း အရပ္ဖက္ ကာကြယ္ေရး ေအဂ်င္စီအႀကီးအကဲ အိန္ဂ်ယ္လုိ ေဘာ္ရယ္လီ က La Repubblica သတင္းစာကုိ ေျပာဆုိခဲ့ၿပီး ႏုိင္ငံမွာ ပုိးကူးစက္သူဦးေရဟာ ၆၄၀၀၀၀ ေလာက္ရွိေန ႏုိင္တယ္လုိ ့ သူ ယုံၾကည္ေၾကာင္း ဆုိခဲ့ပါတယ္။ 

အီတလီႏုိင္ငံ ရင္ဆုိင္ေနရတဲ့ အႀကီးဆုံးအခက္အခဲဟာ mask နဲ႕ အသက္ရႈစက္ေတြ ျပတ္လပ္ေနမႈ ျဖစ္ၿပီး ေရာဂါပုိး စေတြ႕ခဲ့တဲ့ ေဖေဖာ္၀ါရီ ၂၁ ရက္ကေန ခုခ်ိန္ထိ မေျဖရွင္းႏုိင္တဲ့ ျပႆနာျဖစ္ေနေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ အီတလီႏုိင္ငံအေနနဲ႕ ယင္း ပစၥည္း ကိရိယာေတြ ျပည္ပမွ တင္သြင္းဖုိ ့ႀကိဳးစားခဲ့ ေပမယ့္ အိႏၵိယ၊ ရုိေမးနီးယား၊ ရုရွားနဲ႕ တူရကီတုိ ့လုိ ႏုိင္ငံေတြဟာ ေရာင္းခ်မႈေတြ ရပ္ဆုိင္းထားၾကေၾကာင္း ေဘာ္ရယ္လီ က ေျပာဆုိပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters 

 

Unicode Version

 

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူဦးရေဟာ တရားဝင်ထုတ်ပြန်ထားတဲ့ ၆၄၀၀၀ နီးပါး ထက် ၁၀ ဆလောက်အထိ ပိုများနေနိုင်ကြောင်း အချက်အလက်ကောက်ယူရေး အေဂျင်စီ အကြီးအကဲက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ 

တစ်လကြာ အချိန်လောက်အတွင်း တွေ့ရှိထားတဲ့ ပိုးကူးလူနာဦးရေမှာ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူဟာ ၆၀၇၇ ဦး ရှိခဲ့ပြီဖြစ်လို့ အီတလီဟာ ကမ္ဘာမှာ ရောဂါပိုး အဆိုးဝါးဆုံးသက်ရောက်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး ရောဂါစတင်ကူးစက်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံမှာထက် သေဆုံးဦးရေ နှစ်ဆ တိုးသွားခဲ့ပါတယ်။ 

သို့သော်လည်း ဆေးရုံတွေမှာ ကုသမှုခံယူလာကြသူတွေကိုသာ ရောဂါစစ်ဆေးမှုတွေ လုပ်ထား ရတာကြောင့် ဖော်ထုတ်အတည်ပြုထားခြင်းမရှိသေးတဲ့ ရောဂါပိုး ကူးစက်ထားသူ ထောင်ပေါင်းများစွာရှိနေ နိုင်တယ်လို့ ဆိုပါတယ်။ 

လူ ၁၀ ယောက်မှာ တစ်ယောက်နှုန်း အချိုးနဲ့ ရောဂါပိုးကူးစက်ခံထားရတယ်ဆိုတာ ယုံကြည်ရ လောက်တဲ့အချက်ဖြစ်ကြောင်း အရပ်ဖက် ကာကွယ်ရေး အေဂျင်စီအကြီးအကဲ အိန်ဂျယ်လို ဘော်ရယ်လီ က La Repubblica သတင်းစာကို ပြောဆိုခဲ့ပြီး နိုင်ငံမှာ ပိုးကူးစက်သူဦးရေဟာ ၆၄၀၀၀၀ လောက်ရှိနေ နိုင်တယ်လို့ သူ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ 

အီတလီနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးဆုံးအခက်အခဲဟာ mask နဲ့ အသက်ရှုစက်တွေ ပြတ်လပ်နေမှု ဖြစ်ပြီး ရောဂါပိုး စတွေ့ခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ခုချိန်ထိ မဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်နေကြောင်း ၎င်းက ပြောဆိုပါတယ်။ အီတလီနိုင်ငံအနေနဲ့ ယင်း ပစ္စည်း ကိရိယာတွေ ပြည်ပမှ တင်သွင်းဖို့ကြိုးစားခဲ့ ပေမယ့် အိန္ဒိယ၊ ရိုမေးနီးယား၊ ရုရှားနဲ့ တူရကီတို့လို နိုင်ငံတွေဟာ ရောင်းချမှုတွေ ရပ်ဆိုင်းထားကြကြောင်း ဘော်ရယ်လီ က ပြောဆိုပါတယ်။ 

ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။