Skip to main content
ေမာ္စကိုမွာ ကုိရုိနာဗုိင္းရပ္စ္ဆုိင္ရာ သီးျခားခြဲထားသူေတြကို လံုၿခံဳေရး ကင္မရာ တစ္သိန္း နဲ႔ ေစာင့္ၾကည့္ေန
Ads Block

ေမာ္စကိုမွာ ကုိရုိနာဗုိင္းရပ္စ္ဆုိင္ရာ သီးျခားခြဲထားသူေတြကို လံုၿခံဳေရး ကင္မရာ တစ္သိန္း နဲ႔ ေစာင့္ၾကည့္ေန

ရုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ရွိ လံုၿခံဳေရး ကင္မရာကြန္ရက္ေတြဟာ ႏိုင္ငံရဲ႕ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး မွာ အဓိကအခန္းက႑ကေန ပါ၀င္လာပါတယ္။ 

ေမာ္စကိုၿမိဳ႕မွာ  ဒီနည္းပညာကို ကိုရိုနာဗိုင္းရပ္စ္ ရုရွားႏိုင္ငံ မ၀င္ေရာက္ခင္ကတည္းက ျဖန္႔က်က္ တပ္ဆင္ထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့လက ေမာ္စကိုေဒသခံ ေထာင္နဲ႔ခ်ီဟာ ဗိုင္းရပ္စ္ကူးစက္ ခံထားရတဲ့ ႏိုင္ငံေတြက ျပန္ေရာက္လာၾကၿပီး ၄င္းတို႔ေနအိမ္ေတြမွာပဲ ၁၄ ရက္ၾကာ မျဖစ္မေန သီးျခားခြဲေနထိုင္ ရပါတယ္။ ရဲတပ္ဖြဲ႔က ယင္းသီးျခားခြဲေနထိုင္သူေတြရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို မွတ္တမ္းတင္ ထားၿပီး ၄င္းတို႔ၿမိဳ႕တြင္းကို ၀င္ေရာက္လာတာေတြ႔ရွိခဲ့ရင္ ေထာင္ဒဏ္ ၅ ႏွစ္ (သို႔) ႏိုင္ငံျခားသားေတြအတြက္ ျပည္ႏွင္ဒဏ္ေပးသြားမွာ ျဖစ္တယ္လို႔ သတိေပးေၾကညာခဲ့ပါတယ္။ 

   လံုျခံဳေရးကင္မရာေတြမွာ အလိုအေလ်ာက္ မ်က္ႏွာဖတ္စနစ္ေတြ ထည့္သြင္းတပ္ဆင္ထားၿပီး၊ ခ်မွတ္ထားတဲ့ စည္းမ်ည္းစည္းကမ္းေတြကို လိုက္နာျခင္း ရွိ၊ မရွိ စစ္ေဆးသြားမွာ ျဖစ္တယ္လို႔ ၿမိဳ႕ေတာ္၀န္ Sergei Sobyanin က သူ႔ရဲ႕ဘေလာ့မွာ ေဖေဖာ္၀ါရီလက ေရးသားခဲ့ပါတယ္။ 

လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္းကတည္းက ရုရွားႏိုင္ငံ ၿမိဳ႕ေတာ္တစ္ေလွ်ာက္ရွိ လမ္းေတြနဲ႔ ေျမေအာက္ ရထားေတြမွာ တပ္ဆင္ထားခဲ့တဲ့ လံုျခံဳေရး ကင္မရာ ၁၇၀၀၀၀ မွာ ခိုင္မာတဲ့ ကြန္ရက္ရွိေနၿပီး ျဖစ္ပါတယ္။ ၄င္းတို႔ထဲမွ ကင္မရာ ၁၀၀၀၀၀ ၀န္းက်င္ဟာ ရိုက္ကူးထားတဲ့ လူေတြရဲ႕ ရုပ္ပံုေတြကို ခြဲျခားသတ္မွတ္ႏိုင္ဖို႔ အတြက္ ၿဂိဳဟ္တုေထာက္လွမ္းေရးစနစ္ ခ်ိတ္ဆက္ထားၿပီး က်န္ရွိေနတဲ့ ကင္မရာေတြကိုလည္း မၾကာမီ ၿဂိဳဟ္တုခ်ိတ္ဆက္မႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ ၿဂိဳဟ္တုနဲ႔ ခ်ိတ္ဆက္ထားၿပီးျဖစ္တဲ့ ကင္မရာ ေတြဟာ သီးျခားခြဲထား (Quarantine) စည္းမ်ဥ္းစည္းကမ္း ေဖာက္ဖ်က္သူ ၂၀၀ နီးပါးကို ခြဲျခားသိျမင္ဖို႔ ျဖစ္တယ္လို႔ ေမာ္စကိုရဲတပ္ဖြဲ႕မွ  ၿပီးခဲ့တဲ့ သတင္းပတ္က ေျပာၾကားခဲ့ပါတယ္။ 

ရုရွားႏိုင္ငံမွာ ယင္းလံုျခံဳေရး ကင္မရာေတြအျပင္ စူပါမားကက္ေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ ေစာင့္ၾကည့္ႏိုင္ရန္၊ လူမႈမီဒီယာက မွားယြင္းတဲ့သတင္းေတြကို ေဖာ္ထုတ္ရန္နဲ႔ ဖယ္ရွားႏိုင္ရန္ အပါအ၀င္ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ နည္းပညာမ်ားစြာကို အသံုးျပဳေနေၾကာင္းလည္း သိရပါတယ္။ 

ရုရွားႏိုင္ငံမွာ တနလၤာေန႔ကအထိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္လူနာ ၄၃၈ ဦး ရွိေနၿပီး ၄င္းတို႔ထဲက အမ်ားစုဟာ ေမာ္စကိုမွ ျဖစ္တယ္လို႔ သိရပါတယ္။ ယင္းဗိုင္းရပ္စ္ကူးစက္ လူနာေတြထဲမွ တစ္ဦးေသဆံုး ခဲ့ေပမယ့္ တာ၀န္ရွိသူေတြက ေသဆံုးမႈဟာ ဗိုင္းရပ္စ္နဲ႔ ဆက္စပ္မႈမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ 

 ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : channelnewsasia 

 

Unicode Version

 

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လုံခြုံရေး ကင်မရာကွန်ရက်တွေဟာ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ 

မော်စကိုမြို့မှာ  ဒီနည်းပညာကို ကိုရိုနာဗိုင်းရပ်စ် ရုရှားနိုင်ငံ မဝင်ရောက်ခင်ကတည်းက ဖြန့်ကျက် တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက မော်စကိုဒေသခံ ထောင်နဲ့ချီဟာ ဗိုင်းရပ်စ်ကူးစက် ခံထားရတဲ့ နိုင်ငံတွေက ပြန်ရောက်လာကြပြီး ၎င်းတို့နေအိမ်တွေမှာပဲ ၁၄ ရက်ကြာ မဖြစ်မနေ သီးခြားခွဲနေထိုင် ရပါတယ်။ ရဲတပ်ဖွဲ့က ယင်းသီးခြားခွဲနေထိုင်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မှတ်တမ်းတင် ထားပြီး ၎င်းတို့မြို့တွင်းကို ဝင်ရောက်လာတာတွေ့ရှိခဲ့ရင် ထောင်ဒဏ် ၅ နှစ် (သို့) နိုင်ငံခြားသားတွေအတွက် ပြည်နှင်ဒဏ်ပေးသွားမှာ ဖြစ်တယ်လို့ သတိပေးကြေညာခဲ့ပါတယ်။ 

   လုံခြုံရေးကင်မရာတွေမှာ အလိုအလျောက် မျက်နှာဖတ်စနစ်တွေ ထည့်သွင်းတပ်ဆင်ထားပြီး၊ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန် Sergei Sobyanin က သူ့ရဲ့ဘလော့မှာ ဖေဖော်ဝါရီလက ရေးသားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကတည်းက ရုရှားနိုင်ငံ မြို့တော်တစ်လျှောက်ရှိ လမ်းတွေနဲ့ မြေအောက် ရထားတွေမှာ တပ်ဆင်ထားခဲ့တဲ့ လုံခြုံရေး ကင်မရာ ၁၇၀၀၀၀ မှာ ခိုင်မာတဲ့ ကွန်ရက်ရှိနေပြီး ဖြစ်ပါတယ်။ ၎င်းတို့ထဲမှ ကင်မရာ ၁၀၀၀၀၀ ဝန်းကျင်ဟာ ရိုက်ကူးထားတဲ့ လူတွေရဲ့ ရုပ်ပုံတွေကို ခွဲခြားသတ်မှတ်နိုင်ဖို့ အတွက် ဂြိုဟ်တုထောက်လှမ်းရေးစနစ် ချိတ်ဆက်ထားပြီး ကျန်ရှိနေတဲ့ ကင်မရာတွေကိုလည်း မကြာမီ ဂြိုဟ်တုချိတ်ဆက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဂြိုဟ်တုနဲ့ ချိတ်ဆက်ထားပြီးဖြစ်တဲ့ ကင်မရာ တွေဟာ သီးခြားခွဲထား (Quarantine) စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သူ ၂၀၀ နီးပါးကို ခွဲခြားသိမြင်ဖို့ ဖြစ်တယ်လို့ မော်စကိုရဲတပ်ဖွဲ့မှ  ပြီးခဲ့တဲ့ သတင်းပတ်က ပြောကြားခဲ့ပါတယ်။ 

ရုရှားနိုင်ငံမှာ ယင်းလုံခြုံရေး ကင်မရာတွေအပြင် စူပါမားကက်တွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်နိုင်ရန်၊ လူမှုမီဒီယာက မှားယွင်းတဲ့သတင်းတွေကို ဖော်ထုတ်ရန်နဲ့ ဖယ်ရှားနိုင်ရန် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် နည်းပညာများစွာကို အသုံးပြုနေကြောင်းလည်း သိရပါတယ်။ 

ရုရှားနိုင်ငံမှာ တနင်္လာနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၄၃၈ ဦး ရှိနေပြီး ၎င်းတို့ထဲက အများစုဟာ မော်စကိုမှ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းဗိုင်းရပ်စ်ကူးစက် လူနာတွေထဲမှ တစ်ဦးသေဆုံး ခဲ့ပေမယ့် တာဝန်ရှိသူတွေက သေဆုံးမှုဟာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ 

 ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : channelnewsasia 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။