Skip to main content
ကုိရုိနာဗုိင္းရပ္စ္ အေရးေၾကာင့္ ေဒလီၿမိဳ႕က ထုိင္သပိတ္စခန္းကုိ ရဲတပ္ဖြဲ႕ ဖ်က္သိမ္း 
Ads Block

ကုိရုိနာဗုိင္းရပ္စ္ အေရးေၾကာင့္ ေဒလီၿမိဳ႕က ထုိင္သပိတ္စခန္းကုိ ရဲတပ္ဖြဲ႕ ဖ်က္သိမ္း 

၀န္ႀကီးခ်ဳပ္ နာရင္ျဒာမုိဒီရဲ႕ ႏုိင္ငံသားျဖစ္ခြင့္ဆုိင္ရာ ဥပေဒကုိ ဆန္ ့က်င္တဲ့ အိႏၵိယႏုိင္ငံ ၿမိဳ႕ေတာ္ ေဒလီရွိ ရက္ရွည္ သပိတ္စခန္းကုိ အဂၤါေန ့မွာ ရဲတပ္ဖြဲ႕က ဖ်က္သိ္မ္းရွင္းလင္းလုိက္ေၾကာင္း သိရပါတယ္။ ကုိရုိနာ ဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈေၾကာင့္ လူစုလူေ၀း ျပဳလုပ္မႈ တားျမစ္ခ်က္အရ သပိတ္စခန္းကုိ ႏွိမ္နင္းခဲ့တာ ျဖစ္တယ္လုိ ့ သိရပါတယ္။ 

အမ်ဳိးသမီးအမ်ားစု ပါ၀င္တဲ့ လူ ဒါဇင္မ်ားစြာဟာ ရွာဟင္ဘတ္ရွ္အရပ္က လမ္းတစ္ခုေပၚမွာ ဒီဇင္ဘာလကတည္းက ထုိင္သပိတ္ ဆင္ႏႊဲေနတာျဖစ္ၿပီး မြတ္ဆလင္ေတြကုိ ခြဲျခားဆက္ဆံထားတယ္လုိ ့ ယူဆတဲ့ ဥပေဒအေပၚ ဆန္ ့က်င္မႈမွာ ဗဟုိခ်က္ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ 

အဓိကရုဏ္းႏွိမ္နင္းေရး ၀တ္စုံ၊ လက္နက္ျပည့္ ပါ၀င္တဲ့ ရဲတပ္ဖြဲ႕၀င္ ေထာင္ေပါင္းမ်ားစြာဟာ အဂၤါေန ့ မနက္ အေစာပုိင္းမွာ ဆႏၵျပသူေတြကုိ ၀ုိင္းထားလုိက္ၿပီး ေနရာကေန စြန္ ့ခြာၾကဖုိ ့ ေျပာဆုိခဲ့ေၾကာင္း ေဒလီရဲ႕ ပူးတြဲ ရဲမင္းႀကီး D.C Srivastava က ေျပာဆုိပါတယ္။ 

ယင္းေနရာဟာ ကုိရုိနာဗုိင္းရပ္စ္အတြက္ အႏၱရာယ္မ်ားတဲ့ ၀န္းက်င္တစ္ခုျဖစ္ေနကာ ထြက္ခြာ သြားၾကဖုိ ့ သူတုိ ့ေတြကုိ တုိက္တြန္းခဲ့ေၾကာင္း ၄င္းက သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ကုိ အာခံလာသူ ၉ ဦးကုိေတာ့ ဖမ္းဆီးထိန္းသိမ္းခဲ့ရၿပီး အမ်ဳိးသမီး ၆ ဦး ပါ၀င္ေၾကာင္းနဲ႕ အၾကမ္းဖက္ျဖစ္စဥ္မ်ဳိး မရွိခဲ့ေၾကာင္း ၄င္းက ဆက္လက္ေျပာဆုိပါတယ္။ 

ရုပ္သံျပကြက္အရ ဆႏၵျပသပိတ္စခန္းရွိ ယာယီတဲေတြနဲ႕ ဆုိင္းဘုတ္ေတြကုိ ရဲတပ္ဖြဲ႕က ဘူဒုိဇာေတြနဲ႕ ၿဖိဳခ် ဖ်က္သိမ္းခဲ့တာေတြ႕ရပါတယ္။ 

ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ တားဆီးေရးအတြက္ ေဒလီၿမိဳ႕ကုိ လကုန္အထိ lockdown ခ်ထားၿပီး လူ ငါးဦးထက္ပုိတဲ့ လူစုလူေ၀းမႈေတြ မလုပ္ဖုိ ့ တားျမစ္ထားပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters 

 

Unicode Version

 

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကို ဆန့်ကျင်တဲ့ အိန္ဒိယနိုင်ငံ မြို့တော် ဒေလီရှိ ရက်ရှည် သပိတ်စခန်းကို အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့က ဖျက်သိမ်းရှင်းလင်းလိုက်ကြောင်း သိရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် လူစုလူဝေး ပြုလုပ်မှု တားမြစ်ချက်အရ သပိတ်စခန်းကို နှိမ်နင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အမျိုးသမီးအများစု ပါဝင်တဲ့ လူ ဒါဇင်များစွာဟာ ရှာဟင်ဘတ်ရှ်အရပ်က လမ်းတစ်ခုပေါ်မှာ ဒီဇင်ဘာလကတည်းက ထိုင်သပိတ် ဆင်နွှဲနေတာဖြစ်ပြီး မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံထားတယ်လို့ ယူဆတဲ့ ဥပဒေအပေါ် ဆန့်ကျင်မှုမှာ ဗဟိုချက်နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံ၊ လက်နက်ပြည့် ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ အင်္ဂါနေ့ မနက် အစောပိုင်းမှာ ဆန္ဒပြသူတွေကို ဝိုင်းထားလိုက်ပြီး နေရာကနေ စွန့်ခွာကြဖို့ ပြောဆိုခဲ့ကြောင်း ဒေလီရဲ့ ပူးတွဲ ရဲမင်းကြီး D.C Srivastava က ပြောဆိုပါတယ်။ 

ယင်းနေရာဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် အန္တရာယ်များတဲ့ ဝန်းကျင်တစ်ခုဖြစ်နေကာ ထွက်ခွာ သွားကြဖို့ သူတို့တွေကို တိုက်တွန်းခဲ့ကြောင်း ၎င်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကို အာခံလာသူ ၉ ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး အမျိုးသမီး ၆ ဦး ပါဝင်ကြောင်းနဲ့ အကြမ်းဖက်ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုပါတယ်။ 

ရုပ်သံပြကွက်အရ ဆန္ဒပြသပိတ်စခန်းရှိ ယာယီတဲတွေနဲ့ ဆိုင်းဘုတ်တွေကို ရဲတပ်ဖွဲ့က ဘူဒိုဇာတွေနဲ့ ဖြိုချ ဖျက်သိမ်းခဲ့တာတွေ့ရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တားဆီးရေးအတွက် ဒေလီမြို့ကို လကုန်အထိ lockdown ချထားပြီး လူ ငါးဦးထက်ပိုတဲ့ လူစုလူဝေးမှုတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ 

ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။