Skip to main content
လာအုိမွာ ပထမဆုံး ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူ ႏွစ္ဦး ေတြ႕ရွိခဲ့ၿပီ 
Ads Block

လာအုိမွာ ပထမဆုံး ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူ ႏွစ္ဦး ေတြ႕ရွိခဲ့ၿပီ 

 

လာအုိႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူႏွစ္ဦး စတင္ေတြ႕ ရွိလုိက္ၿပီျဖစ္ေၾကာင္း လာအုိက်န္းမာေရး ၀န္ႀကီးဌာနကုိ ကုိးကားၿပီး ထုိင္း အစုိးရပုိင္ မီဒီယာ MCOT က အဂၤါေန ့(မတ္ ၂၄) မွာ သတင္းထုတ္ျပန္ ခဲ့ပါတယ္။ 

ပုိးကူးစက္ခံရသူႏွစ္ဦးဟာ အသက္ ၂၈ ႏွစ္အရြယ္ အမ်ဳိးသား ဟုိတယ္ ၀န္ထမ္းနဲ႕ အသက္ ၃၆ ႏွစ္အရြယ္ အမ်ဳိးသမီး ဧည့္လမ္းညႊန္တုိ ့ျဖစ္ၿပီး ႏွစ္ဦးစလုံး ၿမိဳ႕ေတာ္ ဗီယန္က်င္းၿမိဳ႕က ျဖစ္တယ္လုိ ့ သိရပါတယ္။ 

လူနာႏွစ္ဦးစလုံးဟာ ႏုိင္ငံရပ္ျခားသုိ ့ ခရီးထြက္ထားဖူးၿပီး ႏုိင္ငံျခား သားေတြနဲ႕ နီးနီးကပ္ကပ္ ရွိခဲ့သူေတြျဖစ္ပါတယ္။ လက္ရွိမွာ ၄င္းတုိ ့ကုိ ေဆးရုံတစ္ခုမွာ ကုသမႈေပးထားေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 

တစ္ခ်ိန္တည္းမွာပဲ ထုိင္းအစုိးရဟာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မႈ ထိန္းခ်ဳပ္ႏုိင္ဖုိ ့အတြက္ မတ္ ၂၆ ရက္မွစကာ တစ္လၾကာ အေရးေပၚ အေျခအေန ေၾကညာမွာျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အုိခ်ာ က သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။ 

အေရးေပၚ အမိန္႔အရ ၀န္ႀကီးခ်ဳပ္အေနနဲ႕ ဗုိင္းရပ္စ္ ထိန္းခ်ဳပ္ေရး အစီအမံသစ္ေတြ ထုတ္ျပန္ေၾကညာႏုိင္မယ့္ လုပ္ပုိင္ခြင့္အာဏာရရွိမွာျဖစ္ၿပီး တာ၀န္ရွိသူေတြကုိ လုပ္ပုိင္ခြင့္အာဏာ တုိးေပးျခင္း၊ အမ်ားျပည္သူ သြားလာ လႈပ္ရွားမႈေတြ ေလွ်ာ့ခ်မယ့္ စစ္ေဆးေရးဂိတ္ေတြ ထူေထာင္ျခင္း ေတြ လုပ္ေဆာင္ေစမွာျဖစ္ပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

 

Unicode Version

 

 

လာအိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူနှစ်ဦး စတင်တွေ့ ရှိလိုက်ပြီဖြစ်ကြောင်း လာအိုကျန်းမာရေး ဝန်ကြီးဌာနကို ကိုးကားပြီး ထိုင်း အစိုးရပိုင် မီဒီယာ MCOT က အင်္ဂါနေ့(မတ် ၂၄) မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။ 

ပိုးကူးစက်ခံရသူနှစ်ဦးဟာ အသက် ၂၈ နှစ်အရွယ် အမျိုးသား ဟိုတယ် ဝန်ထမ်းနဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ဧည့်လမ်းညွှန်တို့ဖြစ်ပြီး နှစ်ဦးစလုံး မြို့တော် ဗီယန်ကျင်းမြို့က ဖြစ်တယ်လို့ သိရပါတယ်။ 

လူနာနှစ်ဦးစလုံးဟာ နိုင်ငံရပ်ခြားသို့ ခရီးထွက်ထားဖူးပြီး နိုင်ငံခြား သားတွေနဲ့ နီးနီးကပ်ကပ် ရှိခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိမှာ ၎င်းတို့ကို ဆေးရုံတစ်ခုမှာ ကုသမှုပေးထားကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ထိုင်းအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့အတွက် မတ် ၂၆ ရက်မှစကာ တစ်လကြာ အရေးပေါ် အခြေအနေ ကြေညာမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

အရေးပေါ် အမိန့်အရ ဝန်ကြီးချုပ်အနေနဲ့ ဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံသစ်တွေ ထုတ်ပြန်ကြေညာနိုင်မယ့် လုပ်ပိုင်ခွင့်အာဏာရရှိမှာဖြစ်ပြီး တာဝန်ရှိသူတွေကို လုပ်ပိုင်ခွင့်အာဏာ တိုးပေးခြင်း၊ အများပြည်သူ သွားလာ လှုပ်ရှားမှုတွေ လျှော့ချမယ့် စစ်ဆေးရေးဂိတ်တွေ ထူထောင်ခြင်း တွေ လုပ်ဆောင်စေမှာဖြစ်ပါတယ်။ 

 ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : CNA

         
 

         
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။