Skip to main content
ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ ဆုိး၀ါးေနသည့္ စပိန္တြင္ စြန္႔ပစ္ခံ သက္ႀကီးရြယ္အုိ လူနာမ်ားႏွင့္ အေလာင္းတစ္ခ်ဳိ႕ ေတြ႕ရွိ 
Ads Block

ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ ဆုိး၀ါးေနသည့္ စပိန္တြင္ စြန္႔ပစ္ခံ သက္ႀကီးရြယ္အုိ လူနာမ်ားႏွင့္ အေလာင္းတစ္ခ်ဳိ႕ ေတြ႕ရွိ 

 

ကုိရုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး ကူညီေဆာင္ရြက္ေနတဲ့ စပိန္စစ္သားေတြဟာ ပင္စင္စား ေနအိမ္ေတြမွာ စြန္႕ပစ္ခံထားရတဲ့ သက္ႀကီးရြယ္အုိ လူနာေတြနဲ႕ အေလာင္းတစ္ခ်ဳိ႕ေတြ႕ရွိခဲ့တယ္လုိ႕ ဆုိပါတယ္။ ဗုိင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈေတြ ျမင့္တက္လာၿပီး မက္ဒရစ္ၿမိဳ႕ရွိ ေရွာ့ပင္းေမာလ္တစ္ခုမွ ေရခဲခန္းႀကီးကုိ လူေသထားရာ ယာယီေရခဲတုိက္အျဖစ္ ယာယီေျပာင္းလဲ အသုံးျပဳလုိက္ေၾကာင္း သိရပါတယ္။ 

ႏုိင္ငံမွာ ကပ္ေရာဂါေဘး အဆုိး၀ါးဆုံးက်ေရာက္ရာ ေနရာျဖစ္တစ္ခုျဖစ္ေနတဲ့ ပင္စင္စား အၿငိမ္းစား ေနအိမ္ေတြမွာ စစ္တပ္က ေရာဂါကာကြယ္ေရးနဲ႕ ပုိးသတ္ေဆးျဖန္းမႈေတြ ကူညီလုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ စပိန္ႏုိင္ငံတစ္၀န္းက အေဆာက္အအုံေတြမွာ COVID-19 ေၾကာင့္ ေသဆုံးဦးေရ ဒါဇင္မ်ားစြာရွိ ေနခဲ့ပါတယ္။ 

ဒီ ေနအိမ္ေတြမွာ သက္ႀကီးရြယ္အုိေတြအေပၚ ဆက္ဆံပုံေတြနဲ႕ပတ္သက္ၿပီး မိမိတုိ ့ တင္းက်ပ္တဲ့ အေရးယူေဆာင္ရြက္မႈေတြ လုပ္ေနပါေၾကာင္း ကာကြယ္ေရး၀န္ႀကီး မာဂါရီတာ ေရာ့ဘလက္စ္က Telecinco နဲ႕ အင္တာဗ်ဴးမွာ ေျပာဆုိခဲ့ပါတယ္။ 

ယင္း ေနအိမ္ေတြသုိ ့ စစ္တပ္ေရာက္ခဲ့ခ်ိန္မွာ အခ်ိဳ႕လူေတြ လုံးလုံး စြန္႔ပစ္ခံထားရတာေတြ႕ရသလုိ တစ္ခါတစ္ရံ အိပ္ယာေတြေပၚမွာ ေသဆုံးေနသူေတြကုိေတာင္ ေတြ႕ရတယ္လုိ ့ သူက ေျပာဆုိပါတယ္။ 

ယခုျဖစ္ရပ္ေတြနဲ႕ ပတ္သက္လုိ ့ စုံစမ္းစစ္ေဆးမႈ စေနၿပီျဖစ္ေၾကာင္း ေရွ႕ေနခ်ဳပ္က ေၾကညာခဲ့ပါတယ္။ 

စပိန္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူ ၄၆၂ ဦး ထပ္တုိးခဲ့တာေၾကာင့္ တနလၤာေန ့အထိ စုစုေပါင္း ေသဆုံးဦးေရ ၂၁၈၂ ဦး ရွိလာတယ္လုိ ့ က်န္းမာေရး ၀န္ႀကီးဌာနက ေျပာဆု္ိပါတယ္။ 

တစ္ခ်ိန္တည္းမွာပဲ ၿမိဳ႕ေတာ္မွာ ေသဆုံးသူဦးေရ တုိးျမင့္လာတာေၾကာင့္ မက္ဒရစ္မွာရွိတဲ့ ေရွာ့ပင္း စင္တာႀကီးမွ ေရခဲခန္း သုိ ့မဟုတ္ ေရခဲနန္းေတာ္ေနရာကုိ ယာယီ ေရခဲတုိက္အျဖစ္ ေျပာင္းလဲအသုံးျပဳ ထားေၾကာင္း မက္ဒရစ္ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူက AFP သတင္းကုိ ေျပာဆုိခဲ့ပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကူညီဆောင်ရွက်နေတဲ့ စပိန်စစ်သားတွေဟာ ပင်စင်စား နေအိမ်တွေမှာ စွန့်ပစ်ခံထားရတဲ့ သက်ကြီးရွယ်အို လူနာတွေနဲ့ အလောင်းတစ်ချို့တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေ မြင့်တက်လာပြီး မက်ဒရစ်မြို့ရှိ ရှော့ပင်းမောလ်တစ်ခုမှ ရေခဲခန်းကြီးကို လူသေထားရာ ယာယီရေခဲတိုက်အဖြစ် ယာယီပြောင်းလဲ အသုံးပြုလိုက်ကြောင်း သိရပါတယ်။ 

နိုင်ငံမှာ ကပ်ရောဂါဘေး အဆိုးဝါးဆုံးကျရောက်ရာ နေရာဖြစ်တစ်ခုဖြစ်နေတဲ့ ပင်စင်စား အငြိမ်းစား နေအိမ်တွေမှာ စစ်တပ်က ရောဂါကာကွယ်ရေးနဲ့ ပိုးသတ်ဆေးဖြန်းမှုတွေ ကူညီလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ စပိန်နိုင်ငံတစ်ဝန်းက အဆောက်အအုံတွေမှာ COVID-19 ကြောင့် သေဆုံးဦးရေ ဒါဇင်များစွာရှိ နေခဲ့ပါတယ်။ 

ဒီ နေအိမ်တွေမှာ သက်ကြီးရွယ်အိုတွေအပေါ် ဆက်ဆံပုံတွေနဲ့ပတ်သက်ပြီး မိမိတို့ တင်းကျပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါကြောင်း ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရော့ဘလက်စ်က Telecinco နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

ယင်း နေအိမ်တွေသို့ စစ်တပ်ရောက်ခဲ့ချိန်မှာ အချို့လူတွေ လုံးလုံး စွန့်ပစ်ခံထားရတာတွေ့ရသလို တစ်ခါတစ်ရံ အိပ်ယာတွေပေါ်မှာ သေဆုံးနေသူတွေကိုတောင် တွေ့ရတယ်လို့ သူက ပြောဆိုပါတယ်။ 

ယခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု စနေပြီဖြစ်ကြောင်း ရှေ့နေချုပ်က ကြေညာခဲ့ပါတယ်။ 

စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၄၆၂ ဦး ထပ်တိုးခဲ့တာကြောင့် တနင်္လာနေ့အထိ စုစုပေါင်း သေဆုံးဦးရေ ၂၁၈၂ ဦး ရှိလာတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ မြို့တော်မှာ သေဆုံးသူဦးရေ တိုးမြင့်လာတာကြောင့် မက်ဒရစ်မှာရှိတဲ့ ရှော့ပင်း စင်တာကြီးမှ ရေခဲခန်း သို့မဟုတ် ရေခဲနန်းတော်နေရာကို ယာယီ ရေခဲတိုက်အဖြစ် ပြောင်းလဲအသုံးပြု ထားကြောင်း မက်ဒရစ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းကို ပြောဆိုခဲ့ပါတယ်။ 

 ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA
     

     

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။