Skip to main content
ထိုင္းတြင္ COVID-19 ေၾကာင့္ ေသဆံုးသူ ၄ ဦး ရွိလာၿပီး ပိုးကူးစက္လူနာ ၈၀၀ ေက်ာ္ ရွိေန
Ads Block

ထိုင္းတြင္ COVID-19 ေၾကာင့္ ေသဆံုးသူ ၄ ဦး ရွိလာၿပီး ပိုးကူးစက္လူနာ ၈၀၀ ေက်ာ္ ရွိေန

 

ထိုင္းႏိုင္ငံမွာ အဂၤါေန႔ ( မတ္လ ၂၄ ရက္ ) က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၂ ဦး ထပ္တိုးၿပီး စုစုေပါင္း ေသဆံုးသူ ၄ ဦး ရွိေနၿပီ ျဖစ္တယ္လို႔ က်န္းမာေရး ၀န္ႀကီးဌာနက ေျပာၾကားပါတယ္။

ဒုတိယေျမာက္ ဗိုင္းရပ္စ္ကူးစက္လူနာ ေသဆံုးေၾကာင္း အာဏာပိုင္ေတြရဲ႕ ေၾကညာခ်က္ အေစာပိုင္းက ထြက္ရွိခဲ့ၿပီးေနာက္ ယခု ေၾကညာခ်က္ ထပ္မံထြက္ရွိ လာခဲ့ျခင္း ျဖစ္ပါတယ္။ ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္လူနာ ၁၀၆ ဦး ထပ္တိုးၿပီး စုစုေပါင္း ဗိုင္းရပ္စ္ကူးစက္လူနာ ၈၂၇ ဦးအထိ ရွိလာၿပီ ျဖစ္တယ္လို႔ အာဏာပိုင္ေတြက အဂၤါေန႔ ( မတ္လ ၂၄ ရက္ ) မွာ ေျပာဆုိပါတယ္။ 

ထပ္တိုးေသဆံုးသူ ၃ ဦးမွ အသက္ ၇၀ ႏွစ္အရြယ္ အမ်ဳိးသားမွာ တီဘီေရာဂါ၊ ၄၅ ႏွစ္အရြယ္ အမ်ဳိးသားမွာ ဆီးခ်ဳိေရာဂါ၊ အသက္ ၇၉ ႏွစ္အရြယ္ အမ်ဳိးသားမွာေတာ့ က်န္းမာေရးျပႆနာေတြ ရွိေနခဲ့တယ္လို႔ ျပည္သူ႔က်န္းမာေရး ၀န္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

အခုဆိုရင္ ထိုင္းႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္လူနာေတြမွ ျပန္လည္သက္သာလာသူ ၅၇ ဦး ရွိလာၿပီး က်န္ ၇၆၆ ဦးကေတာ့ ေဆးရံုမွာ ေဆးကုသမႈ ခံယူေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ ကမာၻတစ္၀န္း လံုးက ႏိုင္ငံအားလံုးနီးပါးမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ရွိေနၿပီး စုစုေပါင္း ဗိုင္းရပ္စ္ကူးစက္လူနာ ၃၀၀၀၀၀ ေက်ာ္ ထိရွိေနၿပီျဖစ္ကာ ဗိုင္းရပ္စ္ကူးစက္ ျဖစ္ပြားမႈႏႈန္းေတြ အရွိန္အဟုန္ ျမင့္တက္လာတယ္လို႔ ကမာၻ႔ က်န္းမာေရး အဖြဲ႔အစည္း (WHO) က ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ 

ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : channelnewsasia 

 

Unicode Version

 

ထိုင်းနိုင်ငံမှာ အင်္ဂါနေ့ ( မတ်လ ၂၄ ရက် ) က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ ဦး ထပ်တိုးပြီး စုစုပေါင်း သေဆုံးသူ ၄ ဦး ရှိနေပြီ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်လူနာ သေဆုံးကြောင်း အာဏာပိုင်တွေရဲ့ ကြေညာချက် အစောပိုင်းက ထွက်ရှိခဲ့ပြီးနောက် ယခု ကြေညာချက် ထပ်မံထွက်ရှိ လာခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၁၀၆ ဦး ထပ်တိုးပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်လူနာ ၈၂၇ ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့ ( မတ်လ ၂၄ ရက် ) မှာ ပြောဆိုပါတယ်။ 

ထပ်တိုးသေဆုံးသူ ၃ ဦးမှ အသက် ၇၀ နှစ်အရွယ် အမျိုးသားမှာ တီဘီရောဂါ၊ ၄၅ နှစ်အရွယ် အမျိုးသားမှာ ဆီးချိုရောဂါ၊ အသက် ၇၉ နှစ်အရွယ် အမျိုးသားမှာတော့ ကျန်းမာရေးပြဿနာတွေ ရှိနေခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာတွေမှ ပြန်လည်သက်သာလာသူ ၅၇ ဦး ရှိလာပြီး ကျန် ၇၆၆ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်း လုံးက နိုင်ငံအားလုံးနီးပါးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်လူနာ ၃၀၀၀၀၀ ကျော် ထိရှိနေပြီဖြစ်ကာ ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုနှုန်းတွေ အရှိန်အဟုန် မြင့်တက်လာတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) \ Ref : channelnewsasia 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။