Skip to main content
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ တွင်ယာဉ်မောင်းတစ်ဦးသာပါသည့်ကုန်တင်ယာဉ်မှလွဲ၍ အခြားမည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်မပေးထားဟု ဆို
Ads Block

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ တွင်ယာဉ်မောင်းတစ်ဦးသာပါသည့်ကုန်တင်ယာဉ်မှလွဲ၍ အခြားမည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်မပေးထားဟု ဆို

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ တွင်ယာဉ်မောင်းတစ်ဦးသာပါသည့်ကုန်တင်ယာဉ်မှလွဲ၍ အခြားမည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်မပေးထားကြောင်း သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အကုန်သိသတင်းဌာန၏မေးမြန်းမှုကို မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဖြေကြားပေးခြင်း ဖြစ်သည်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ တွင်ယာဉ်မောင်းတစ်ဦးသာပါသည့်ကုန်တင်ယာဉ်မှလွဲ၍ အခြားမည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်မပေးထားဟု ဆို

“အရင်တုန်းကတော့ Covid-19 ရောဂါကြောင့် ခဏပိတ်ထားတယ်ဆိုပြီးကြားတာပါ။ အခု ကုန်စည်စီးဆင်းဖို့အတွက် ကုန်ကားတွေကို ပြန်ပြီးဖြတ်သန်းခွင့်ပေးတာ။ ဒါလည်းယာဉ်မောင်းကို ကျန်းမာရေးဆေးစစ်မှုတွေ လုပ်ရမှာပေါ့။ တခြားလူတော့မပါစေနဲ့ပေါ့။ ထိုင်းတို့၊ စင်ကာပူတို့မှာ ပြန်ဖြစ်တာကလည်း ပြန်လာတဲ့သူတွေဆီက ကူးတာလေ။ နိုင်ငံခြားမှာပိတ်တာကလည်း လူတွေကိုပဲပိတ်တာ။ ကန့်သတ်ချက်တွေတော့ရှိတာပေါ့” ဟု မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်အရ ချင်းရိုင်ခရိုင်တစ်လျှောက်ရှိ ကုန်သွယ်ရေးစခန်းများနှင့် နယ်မြေဖြတ်သန်းရေးစခန်းများမှတစ်ဆင့် လူ၊ ယာဉ်၊ ယန္တရားနှင့်ကုန်စည်များ ဖြတ်သန်းသယ်/ပို့ / ဝင် /ထွက်ခြင်းအားယာယီရပ်ဆိုင်းခြင်းကိစ္စဟု ဖော်ပြထားကာ COVID-19 ကိ်ု မဖြစ်မနေထိန်းချုပ်ရန်လိုအပ်လာသည့်အတွက်ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ တွင်ယာဉ်မောင်းတစ်ဦးသာပါသည့်ကုန်တင်ယာဉ်မှလွဲ၍ အခြားမည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်မပေးထားဟု ဆို

သို့သော်မြန်မာ-ထိုင်းနယ်ခြားကော်မတီနှင့်ညှိနှိုင်းချက်အရ ယခုကဲ့သို့ကုန်တင်ယာဉ်ဖြတ်သန်းခွင့်ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က ဟိုဘက်ကိုကုန်တွေပို့တာပေါ့။ ပုံမှန်ဆိုရင် ကားပေါ်မှာ လူ ၂ ယောက်၊ ၃ ယောက်ပါတယ်။ တစ်ဖက်နိုင်ငံကိုသွားတဲ့အခါမှာပေါ့။ အခု ဒီဗိုင်းရပ်စ်ကိုထိန်းချုပ်ချင်လို့ဆိုပြီး ယာဉ်မောင်းတစ်ဦးပဲပါတဲ့ ကားတစ်မျိုးပဲခွင့်ပြုမယ်ဆိုပြီးပြောတယ်။ အခြားကားတွေတော့ခွင့်မပြုဘူးဆိုပြီး ကြားတယ်။ ဘာပဲပြောပြော တံတားကိုမပိတ်တာထက်စာရင် ခွင့်ပြုပေးထားတာကိုပဲကျေးဇူးတင်ရမယ်” ဟု မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကုန်တင်ပို့နေသည့် ကုန်သည်ဦးမျိုးဝင်းက ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မြဝတီမြို့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်ကလည်း ယခုကဲ့သို့ပြောသည်။

“ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)က ဖွင့်ထားတယ်လို့ကြားတာပဲ။ မြို့ကလူထုတွေရဲ့ ပြောကြားချက်အရတော့ ဖွင့်မလိုလို၊ ပိတ်မလိုဖြစ်နေတယ်လို့ပြောကြတယ်။ အသေးစိတ်တော့ မြဝတီအာဏာပိုင်တွေကို မေးမှပဲရမယ်” ဟု မြဝတီမြို့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပိုးကူးစက်လူနာမတွေ့ရှိသေးသော်လည်း စောင့်ကြည့်လူနာ (၂၀၄) ဦးနှင့် သံသယလူနာ(၂)ဦးအပါအဝင်စုစုပေါင်း ၂၀၆ ဦးရှိပြီး ယင်းတွင်ဓာတ်ခွဲခန်းအဖြေအရ Covid-19 ရောဂါပိုး မတွေ့ရှိရသူ ၁၈၇ ဦးရှိကြောင်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန)

<Zawgyi>


ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတားအမွတ္- ၂ တြင္ယာဥ္ေမာင္းတစ္ဦးသာပါသည့္ကုန္တင္ယာဥ္မွလြဲ၍ အျခားမည္သည့္ယာဥ္မွ ျဖတ္သန္းခြင့္မေပးထားဟု ဆို

ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတားအမွတ္- ၂ တြင္ယာဥ္ေမာင္းတစ္ဦးသာပါသည့္ကုန္တင္ယာဥ္မွလြဲ၍ အျခားမည္သည့္ယာဥ္မွ ျဖတ္သန္းခြင့္မေပးထားေၾကာင္း သိရသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာန၏ေမးျမန္းမႈကို ျမန္မာႏိုင္ငံကုန္သည္စက္မႈလက္မႈအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျဖၾကားေပးျခင္း ျဖစ္သည္။

“အရင္တုန္းကေတာ့ Covid-19 ေရာဂါေၾကာင့္ ခဏပိတ္ထားတယ္ဆိုၿပီးၾကားတာပါ။ အခု ကုန္စည္စီးဆင္းဖို႔အတြက္ ကုန္ကားေတြကို ျပန္ၿပီးျဖတ္သန္းခြင့္ေပးတာ။ ဒါလည္းယာဥ္ေမာင္းကို က်န္းမာေရးေဆးစစ္မႈေတြ လုပ္ရမွာေပါ့။ တျခားလူေတာ့မပါေစနဲ႔ေပါ့။ ထိုင္းတို႔၊ စင္ကာပူတို႔မွာ ျပန္ျဖစ္တာကလည္း ျပန္လာတဲ့သူေတြဆီက ကူးတာေလ။ ႏိုင္ငံျခားမွာပိတ္တာကလည္း လူေတြကိုပဲပိတ္တာ။ ကန္႔သတ္ခ်က္ေတြေတာ့ရွိတာေပါ့” ဟု ျမန္မာႏိုင္ငံကုန္သည္စက္မႈလက္မႈအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။

ထိုင္းႏိုင္ငံ၊ ခ်င္းရိုင္ခရိုင္မွထုတ္ျပန္ခဲ့ေသာထုတ္ျပန္ခ်က္အရ ခ်င္းရိုင္ခရိုင္တစ္ေလွ်ာက္ရွိ ကုန္သြယ္ေရးစခန္းမ်ားႏွင့္ နယ္ေျမျဖတ္သန္းေရးစခန္းမ်ားမွတစ္ဆင့္ လူ၊ ယာဥ္၊ ယႏၲရားႏွင့္ကုန္စည္မ်ား ျဖတ္သန္းသယ္/ပို႔ / ဝင္ /ထြက္ျခင္းအားယာယီရပ္ဆိုင္းျခင္းကိစၥဟု ေဖာ္ျပထားကာ COVID-19 ကိ္ု မျဖစ္မေနထိန္းခ်ဳပ္ရန္လိုအပ္လာသည့္အတြက္ယခုကဲ့သို႔လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ျမန္မာ-ထိုင္းနယ္ျခားေကာ္မတီႏွင့္ညႇိႏိႈင္းခ်က္အရ ယခုကဲ့သို႔ကုန္တင္ယာဥ္ျဖတ္သန္းခြင့္ရရွိထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ ကြ်န္ေတာ္တို႔က ဟိုဘက္ကိုကုန္ေတြပို႔တာေပါ့။ ပံုမွန္ဆိုရင္ ကားေပၚမွာ လူ ၂ ေယာက္၊ ၃ ေယာက္ပါတယ္။ တစ္ဖက္ႏိုင္ငံကိုသြားတဲ့အခါမွာေပါ့။ အခု ဒီဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ခ်င္လို႔ဆိုၿပီး ယာဥ္ေမာင္းတစ္ဦးပဲပါတဲ့ ကားတစ္မ်ိဳးပဲခြင့္ျပဳမယ္ဆိုၿပီးေျပာတယ္။ အျခားကားေတြေတာ့ခြင့္မျပဳဘူးဆိုၿပီး ၾကားတယ္။ ဘာပဲေျပာေျပာ တံတားကိုမပိတ္တာထက္စာရင္ ခြင့္ျပဳေပးထားတာကိုပဲေက်းဇူးတင္ရမယ္” ဟု ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔ ကုန္တင္ပို႔ေနသည့္ ကုန္သည္ဦးမ်ိဳးဝင္းက ေျပာသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ ျမ၀တီၿမိဳ႕ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဗိုလ္ကလည္း ယခုကဲ့သို႔ေျပာသည္။

“ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတားအမွတ္(၂)က ဖြင့္ထားတယ္လို႔ၾကားတာပဲ။ ၿမိဳ႕ကလူထုေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ဖြင့္မလိုလို၊ ပိတ္မလိုျဖစ္ေနတယ္လို႔ေျပာၾကတယ္။ အေသးစိတ္ေတာ့ ျမဝတီအာဏာပိုင္ေတြကို ေမးမွပဲရမယ္” ဟု ျမ၀တီၿမိဳ႕ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဗိုလ္က ေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ပိုးကူးစက္လူနာမေတြ႔ရွိေသးေသာ္လည္း ေစာင့္ၾကည့္လူနာ (၂၀၄) ဦးႏွင့္ သံသယလူနာ(၂)ဦးအပါအဝင္စုစုေပါင္း ၂၀၆ ဦးရွိၿပီး ယင္းတြင္ဓာတ္ခြဲခန္းအေျဖအရ Covid-19 ေရာဂါပိုး မေတြ႔ရွိရသူ ၁၈၇ ဦးရွိေၾကာင္း သိရသည္။

 စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။