Skip to main content
တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးကိုပါ လဝက ဥပဒေဖြင့်အရေး ယူမည်
Ads Block
တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးကိုပါ လဝက ဥပဒေဖြင့်အရေး ယူမည်
တရုတ်နိုင်ငံသား ၁၁၈ ဦးကို လက်ခံထားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားကိုပါ လဝက ဥပဒေဖြင့် အရေးယူ မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။
မတ်လ၂၃ ရက်က အကုန်သိ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမောင်မောင်ဦးက အတည်ပြုပြောသည်။
တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးကိုပါ လဝက ဥပဒေဖြင့်အရေး ယူမည်
“အိမ်ရှင်က ဒီမနက်တောင်လာ သွားသေးတယ်။ အမျိုးသမီးတစ်ဦးပဲ။ သူကမှ တဆင့်အိမ်ပြန်ငှားထားတာပေါ့။ ဒါပေမဲ့ ငှားထား တာရော အိမ်ရှင်ရော လဝက ဥပဒေနဲ့ အရေးယူဖို့ရှိတယ်” ဟု ၄င်းက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဍရပ်ကွက် နှင်းဆီလမ်းနှင့် ပန်းလှိုင်လမ်းမှ အိမ်တွင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း ရပ် ကွက်မှ သတင်းပေးပို့မှုကြောင့် မတ်လ ၂၁ ရက် ဝင်ရောက်စစ်ဆေးရာတွင် တရုတ်နိုင်ငံသား ၁၁၈ ဦး အိမ်နှစ်အိမ်မှ စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ၄င်းတို့သည် လုပ်ငန်းလုပ်ကိုင်ရန် အတွက်ဖြစ်ကြောင်း တရုတ်နိုင်ငံသားများမှ ထွက်ဆိုထားပြီး ၄င်းတို့ကို တရားဝင် ဝင်ရောက်လာခြင်း ဟုတ်မဟုတ် စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးကိုပါ လဝက ဥပဒေဖြင့်အရေး ယူမည်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မိမိနေအိမ်သို့ နိုင်ငံခြားသား လာရောက်နေထိုင်ပါက သတင်းပို့ဆောင်ရွက်ရမည် ဖြစ်သည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
<Zawgyi>
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။