Skip to main content
ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္
Ads Block

ေ၀ဘာဂီႏွင့္ျပည္သူ ့ေဆးရုံမ်ားအတြက္ ဗုိင္းရပ္စ္ကာကြယ္ေရးေဆးဘက္သုံးပစၥည္းမ်ား တပ္ခ်ဳပ္ ဦးေဆာင္၍ လွဴဒါန္း

ကုိရုိနာဗုိင္းရပ္စ္ ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ ေျမာက္ဥကၠလာ ေ၀ဘာဂီေဆးရုံအပါအ၀င္ ျပည္သူ ့ေဆးရုံမ်ားသုိ ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ႏွင့္တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက ေငြက်ပ္သိန္း ၁၅၀၀ နီးပါးတန္ေၾကးရွိ ေဆးဘက္ဆုိင္ရာပစၥည္းမ်ား လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 

ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္


တစ္ကမၻာလုံးကူးစက္ႏုိင္ေသာ ေရာဂါပုိးအျဖစ္ WHO က ေၾကညာခဲ့ျပီးသည့္ေနာက္တြင္ ျမန္မာႏုိင္ငံအတြင္းရွိ တပ္မေတာ္ေဆးရုံမ်ားႏွင့္ အစုိးရပုိင္ေဆးရုံမ်ားတြင္ ေဆးဘက္ဆုိင္ရာသုံး ကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ား လုိအပ္ခ်က္ျဖစ္ေပၚေနမႈကုိ တပ္မေတာ္ဘက္က ကူညီေထာက္ပံ့ေပးလွဴျခင္းျဖစ္ျပီး ယင္းအခမ္းအနားကုိ မဂၤလာဒုံျမိဳ ့နယ္ရွိ တပ္မေတာ္အရုိးေရာဂါအထူးကုေဆးရုံၾကီး၌ မတ္လ ၂၃ ရက္ နံနက္ပုိင္းတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။ အဆုိပါအခမ္းအနားသုိ ့ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ကုိယ္တုိင္ တက္ေရာက္အမွာစကားေျပာၾကားခဲ့ျပီး ေဆး၀န္ထမ္းတပ္ဖြဲ႔ညႊန္ၾကားေရးမွဴးရုံးမွ ညႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္စုိး၀င္းကလည္း တပ္မေတာ္ဘက္အပုိင္း၌ ၾကိဳတင္ကာကြယ္ေရးျပင္ဆင္ထားမႈအပုိင္းကုိ ရွင္းျပခဲ့ေၾကာင္းလည္း သိရသည္။ ယင္းေနာက္တြင္ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ၾကီး မ်ဳိးေဇာ္သိန္းက ေျမာက္ဥကၠလာပ ေ၀ဘာဂီေဆးရုံၾကီးအတြက္ ေငြက်ပ္ ၂၅ သိန္းတန္ ေရသန္ ့စက္ႏွင့္ ျပည္သူ ့ေဆးရုံမ်ားသုိ ့ေငြက်ပ္သိန္း ၁၄၄၇ သိန္းေက်ာ္တန္ဖိုးရွိေသာ COVID-19 ၾကိဳတင္ကာကြယ္ေရးဆုိင္ရာေဆး၀ါးမ်ားကုိ ရန္ကုန္တုိင္းေဒသၾကီး ျပည္သူ ့က်န္းမာေရးဦးစီးဌာန၏ ဌာနမွဴး ေဒါက္တာထြန္းျမင့္ထံ ေပးအပ္လွဴဒါန္းခဲ့ေၾကာင္းလည္း သိရသည္။ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက စုေပါင္းလွဴဒါန္းေသာ ကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားတြင္ အလွဴေငြအားျဖင့္ က်ပ္သိန္း ၁၄၈၀ ၊ Ventilator(၆)လုံး၊ Portable Ventilator(၆၀)စုံ၊ ေအာက္ဆီဂ်င္(၅)လုံး၊ လူဦးေရ(၂၀၀၀၀)စာအတြက္ Test Kit မ်ား ပါ၀င္ခဲ့ေၾကာင္းလည္း သိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးမွာ ထိပ္တန္းစစ္ဘက္ေခါင္းေဆာင္မ်ားအေနျဖင့္ ရန္ကုန္တုိင္းေဒသၾကီးအတြင္းရွိ တပ္မေတာ္ေဆးရုံမ်ား၌ ကုိရုိနာဗုိင္းရပ္စ္ၾကိဳတင္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ထားမႈကုိလည္း ဆက္လက္စစ္ေဆးခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီထံမွ သိရသည္။ 

Unicode Version 

တပ္မေတာ္

ဝေဘာဂီနှင့်ပြည်သူ့ဆေးရုံများအတွက် ဗိုင်းရပ်စ်ကာကွယ်ရေးဆေးဘက်သုံးပစ္စည်းများ တပ်ချုပ် ဦးဆောင်၍ လှူဒါန်း
---------   Iris(အကုန်သိသတင်းဌာန)    ----------
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံအပါအဝင် ပြည်သူ့ဆေးရုံများသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ငွေကျပ်သိန်း ၁၅၀၀ နီးပါးတန်ကြေးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

တစ်ကမ္ဘာလုံးကူးစက်နိုင်သော ရောဂါပိုးအဖြစ် WHO က ကြေညာခဲ့ပြီးသည့်နောက်တွင် မြန်မာနိုင်ငံအတွင်းရှိ တပ်မတော်ဆေးရုံများနှင့် အစိုးရပိုင်ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာသုံး ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လိုအပ်ချက်ဖြစ်ပေါ်နေမှုကို တပ်မတော်ဘက်က ကူညီထောက်ပံ့ပေးလှူခြင်းဖြစ်ပြီး ယင်းအခမ်းအနားကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၌ မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားသို့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းကလည်း တပ်မတော်ဘက်အပိုင်း၌ ကြိုတင်ကာကွယ်ရေးပြင်ဆင်ထားမှုအပိုင်းကို ရှင်းပြခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက်တွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးအတွက် ငွေကျပ် ၂၅ သိန်းတန် ရေသန့်စက်နှင့် ပြည်သူ့ဆေးရုံများသို့ငွေကျပ်သိန်း ၁၄၄၇ သိန်းကျော်တန်ဖိုးရှိသော COVID-19 ကြိုတင်ကာကွယ်ရေးဆိုင်ရာဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဌာနမှူး ဒေါက်တာထွန်းမြင့်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက စုပေါင်းလှူဒါန်းသော ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများတွင် အလှူငွေအားဖြင့် ကျပ်သိန်း ၁၄၈၀ ၊ Ventilator(၆)လုံး၊ Portable Ventilator(၆၀)စုံ၊ အောက်ဆီဂျင်(၅)လုံး၊ လူဦးရေ(၂၀၀၀၀)စာအတွက် Test Kit များ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

တပ္မေတာ္အလွဴ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တပ်မတော်ဆေးရုံများ၌ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ထားမှုကိုလည်း ဆက်လက်စစ်ဆေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီထံမှ သိရသည်။ 

#ဗုိလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္   #တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။