Skip to main content
Sg
Ads Block

သဃၤန္းကၽြန္းၿမိဳ႕နယ္တြင္ေတြ႕ရွိသည့္ တရုတ္ႏိုင္ငံသားမ်ားအား စစ္ေဆးေနဆဲဟု ဆို

 

ရန္ကုန္တိုင္းေဒသႀကီၤး၊ သဃၤန္းကၽြန္းၿမိဳ႕နယ္၏ ေနအိမ္(၂)အိမ္တြင္ မတ္လ (၂၁)ရက္ညပိုင္းကေတြ႕ရွိခဲ့သည့္ တရုတ္ႏိုင္ငံသား (၁၁၈)ဦးအားစစ္ေဆးေနဆဲျဖစ္ေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္၊ အမွတ္(၂)မဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးကအကုန္သိသတင္းဌာနသို႔ ေျပာသည္။

ျဖစ္စဥ္မွာ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သုဝဏၰ၊ ၃၀ ရပ္ကြက္၊ ႏွင္းဆီနီလမ္းႏွင့္ ပန္းဝါလမ္းရွိေနအိမ္ ၂ အိမ္တြင္ တ႐ုတ္ႏိုင္ငံသားအမ်ားအျပားေနထိုင္သည္ဟုရပ္ကြက္ေနျပည္သူမ်ား၏တိုင္ၾကားခ်က္အရ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္သက္ဆိုင္ရာဌာနအသီးသီးမွ တာဝန္ရွိသူမ်ားကမတ္လ ၂၁ ရက္၊ ညပိုင္းတြင္ သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

“အခုထိေတာ့စစ္ေဆးေနဆဲပါပဲ။ တကယ္လို႔သူတို႔ေထာင္ထားတဲ့ကုမၸဏီက MIC မွာ တရား၀င္ မွတ္ပံုတင္မထားဘူးဆိုရင္ ျပည္ႏွင္ဒဏ္ေပးလို႔ရပါတယ္။ အခုထိေတာ့စစ္ေဆးေနဆဲပါပဲ။ တျခားသူေတြ အ၀င္အထြက္ေတြလည္း အပူခ်ိန္တိုင္းတာတို႔၊ ဘာတိ္ု႔ေတာ့ ကၽြန္ေတာ္တို႔ၿမိဳ႕နယ္မွာ လုပ္ေဆာင္ေနပါတယ္။”ဟု သဃၤန္းကၽြန္းၿမိဳ႕နယ္၊ အမွတ္(၂)မဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

မတ္လ (၂၁)ရက္ညပိုင္းကဌာနဆိုင္ရာမ်ားစစ္ေဆးရာတြင္ႏွင္းဆီးလမ္းေနအိမ္၌ တ႐ုတ္ႏိုင္ငံသား ၆၄ ဦး ေတြ႕ရွိၿပီးေနထိုင္ခြင့္ျပဳထားသူမွာ၂၂ဦး ျဖစ္ကာ ပန္းဝါလမ္းေနအိမ္တြင္တ႐ုတ္ႏိုင္ငံသား ၅၄ ဦးရွိၿပီး ေနထိုင္ခြင့္ျပဳထားသူ ၁၀ ဦးသာေတြ႕ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မတ္လ (၂၂)ရက္ကရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ႏွင့္ဌာနဆိုင္ရာအဖြဲ႕မ်ားသည္ အဆိုပါတ႐ုတ္ႏိုင္ငံသားမ်ား ေနထိုင္သည့္ ေနအိမ္ပိုင္ရွင္ႏွင့္ေတြ႕ဆုံကာ စစ္ေဆးေမးျမန္းခဲ့ေၾကာင္း သိရသည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

 

သင်္ဃန်းကျွန်းမြို့နယ်တွင်တွေ့ရှိသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးနေဆဲဟု ဆို

ရန်ကုန်တိုင်းဒေသကြီၤး၊ သင်္ဃန်းကျွန်းမြို့နယ်၏ နေအိမ်(၂)အိမ်တွင် မတ်လ (၂၁)ရက်ညပိုင်းကတွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသား (၁၁၈)ဦးအားစစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးကအကုန်သိသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၃၀ ရပ်ကွက်၊ နှင်းဆီနီလမ်းနှင့် ပန်းဝါလမ်းရှိနေအိမ် ၂ အိမ်တွင် တရုတ်နိုင်ငံသားအများအပြားနေထိုင်သည်ဟုရပ်ကွက်နေပြည်သူများ၏တိုင်ကြားချက်အရ လွှတ်တော်ကိုယ်စားလှယ်များနှင့်သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကမတ်လ ၂၁ ရက်၊ ညပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“အခုထိတော့စစ်ဆေးနေဆဲပါပဲ။ တကယ်လို့သူတို့ထောင်ထားတဲ့ကုမ္ပဏီက MIC မှာ တရားဝင် မှတ်ပုံတင်မထားဘူးဆိုရင် ပြည်နှင်ဒဏ်ပေးလို့ရပါတယ်။ အခုထိတော့စစ်ဆေးနေဆဲပါပဲ။ တခြားသူတွေ အဝင်အထွက်တွေလည်း အပူချိန်တိုင်းတာတို့၊ ဘာတို့တော့ ကျွန်တော်တို့မြို့နယ်မှာ လုပ်ဆောင်နေပါတယ်။”ဟု သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

မတ်လ (၂၁)ရက်ညပိုင်းကဌာနဆိုင်ရာများစစ်ဆေးရာတွင်နှင်းဆီးလမ်းနေအိမ်၌ တရုတ်နိုင်ငံသား ၆၄ ဦး တွေ့ရှိပြီးနေထိုင်ခွင့်ပြုထားသူမှာ၂၂ဦး ဖြစ်ကာ ပန်းဝါလမ်းနေအိမ်တွင်တရုတ်နိုင်ငံသား ၅၄ ဦးရှိပြီး နေထိုင်ခွင့်ပြုထားသူ ၁၀ ဦးသာတွေ့ကြောင်း သိရသည်။

ထို့ကြောင့် မတ်လ (၂၂)ရက်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့်ဌာနဆိုင်ရာအဖွဲ့များသည် အဆိုပါတရုတ်နိုင်ငံသားများ နေထိုင်သည့် နေအိမ်ပိုင်ရှင်နှင့်တွေ့ဆုံကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။


ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။