Skip to main content
AA ႏွင့္ ပတ္သက္၍ စကားေတြ အမ်ားႀကီး မေျပာေတာ့ဟု တပ္မေတာ္ သေဘာထားအား ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးေျပာ
Ads Block

AA ႏွင့္ ပတ္သက္၍ စကားေတြ အမ်ားႀကီး မေျပာေတာ့ဟု တပ္မေတာ္ သေဘာထားအား ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးေျပာ

 

AA ႏွင့္ ပတ္သက္၍ စကားအမ်ားႀကီး ေျပာေတာ့မည္ မဟုတ္ေၾကာင္း တပ္မေတာ္၏ သေဘာထားအား တပ္မေတာ္သတင္း မွန္ ျပန္ၾကားေရးေကာ္မတီမွ ဥကၠ႒ ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးက ေျပာသည္။

မတ္လ၂၂ရက္ကက်င္းပသည့္ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲတြင္ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီ ဥကၠ႒ ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးက ေျပာသည္။

“ ကြ်န္ေတာ္တုိ႔ တပ္မေတာ္အေနနဲ႔ေတာ့ စကားေတြအမ်ားႀကီး မေျပာေတာ့ပါဘူး။ ေစာင့္ၾကည့္လုိက္ပါ” ဟု ၄င္းက ေျပာသည္။

ရခုိင္ျပည္နယ္အတြင္း ၂၀၁၈ ခုနွစ္မွစတင္ကာ ၂၀၁၉ ခုနွစ္အတြင္း တပ္မေတာ္နွင့္ AA လက္နက္ကုိင္အဖြဲ႔တုိ႔ နွစ္ဘက္ ထိေတြ႔ မႈမ်ား ပုိမုိရွိလာခဲ့ၿပီး ၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ဘူးသီးေတာင္၊ ေမာင္ေတာ စသည္ၿမဳိ႕နယ္တုိ႔တြင္ ထိေတြ႔မႈမ်ား က်ယ္ျပန္႔လာ ခဲ့သည္။

AA လက္နက္ကုိင္အဖြဲ႔သည္ ၂၀၁၆ ခုႏွစ္မွ စတင္ကာ ရခုိင္ျပည္နယ္ နယ္စပ္အေျချပဳလႈပ္ရွားကာ ေခါင္းေဆာင္မွာ ထြန္းျမတ္ႏုိင္ ျဖစ္၍ ရခုိင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဟု အမည္ျဖင့္ ဖြဲ႔စည္းကာ လူအင္အားမ်ားစုေဆာင္းခဲ့ျခင္း ျဖစ္သည္။

“AA လုပ္ရပ္ဟာ တပ္မေတာ္ကုိ ဂုဏ္သိကၡာခ်သလုိ ျဖစ္ေနပါတယ္။ ဓားစာခံ ဖမ္းသြားၿပီး လဲမလုိ လုပ္တာဟာ အရင္တစ္ခါ ကလည္း ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းေျပာၿပီး ျဖစ္သလုိ တပ္မေတာ္အေနနဲ႔ လုပ္မွာမဟုတ္ပါဘူး”ဟု တပ္မေတာ္ သတင္းမွန္ျပန္ ၾကားေရး ေကာ္မတီမွ ဒုဥကၠ႒ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာသည္။

မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

AA နှင့် ပတ်သက်၍ စကားအများကြီး ပြောတော့မည် မဟုတ်ကြောင်း တပ်မတော်၏ သဘောထားအား တပ်မတော်သတင်း မှန် ပြန်ကြားရေးကော်မတီမှ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

မတ်လ၂၂ရက်ကကျင်းပသည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

“ ကျွန်တော်တို့ တပ်မတော်အနေနဲ့တော့ စကားတွေအများကြီး မပြောတော့ပါဘူး။ စောင့်ကြည့်လိုက်ပါ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှစတင်ကာ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ နှစ်ဘက် ထိတွေ့ မှုများ ပိုမိုရှိလာခဲ့ပြီး ၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည်မြို့နယ်တို့တွင် ထိတွေ့မှုများ ကျယ်ပြန့်လာ ခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ် နယ်စပ်အခြေပြုလှုပ်ရှားကာ ခေါင်းဆောင်မှာ ထွန်းမြတ်နိုင် ဖြစ်၍ ရခိုင်ပြည်နယ် လွတ်မြောက်ရေးတပ်ဟု အမည်ဖြင့် ဖွဲ့စည်းကာ လူအင်အားများစုဆောင်းခဲ့ခြင်း ဖြစ်သည်။

“AA လုပ်ရပ်ဟာ တပ်မတော်ကို ဂုဏ်သိက္ခာချသလို ဖြစ်နေပါတယ်။ ဓားစာခံ ဖမ်းသွားပြီး လဲမလို လုပ်တာဟာ အရင်တစ်ခါ ကလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောပြီး ဖြစ်သလို တပ်မတော်အနေနဲ့ လုပ်မှာမဟုတ်ပါဘူး”ဟု တပ်မတော် သတင်းမှန်ပြန် ကြားရေး ကော်မတီမှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။