Skip to main content
တပ္မေတာ္ စိန္ရတုအခမ္းအနား မက်င္းပျခင္းက စံျပျဖစ္ေအာင္ေနျခင္းျဖစ္ေၾကာင္း ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ 
Ads Block

တပ္မေတာ္ စိန္ရတုအခမ္းအနား မက်င္းပျခင္းက စံျပျဖစ္ေအာင္ေနျခင္းျဖစ္ေၾကာင္း ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ 

 

မတ္လ ၂ရ ရက္ေန႔၌ က်ေရာက္မည့္ တပ္မေတာ္၏ စိန္ရတုႏွစ္ပတ္လည္အခမ္းအနားကုိ မက်င္းပျဖစ္ျခင္းက ကုိရုိနာဗုိင္းရပ္(စ္) အတြက္ စံျပျဖစ္ေအာင္ေနျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္း ထြြန္းက ေျပာသည္။ 

ေနျပည္ေတာ္ စစ္သမုိင္းျပသတုိက္၌ မတ္လ ၂၂ ရက္က က်င္းပျပဳလုပ္သည့္ တပ္မေတာ္၏ သတင္းစာရွင္းလင္းပြဲတြင္ ၄င္းက ေအာက္ပါ အတုိင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ လာမည့္ မတ္လ ၂၇ ရက္ေန႔မွာ က်ေရာက္မယ့္ တပ္မေတာ္ စိန္ရတုႏွစ္ပတ္လည္ေန႔ အခမ္းအနားကုိ မက်င္းပျဖစ္ဖုိ႔ ေတာ္ ေတာ္ကုိ ႀကဳိးစားခဲ့ရပါတယ္။ လုပ္ဖုိ႔အတြက္လည္း အကုန္လည္းျပင္ဆင္ၿပီးပါၿပီ။ ေနာက္ဆုံးေတာ့ ေရာဂါျဖစ္ပြားမႈကလည္း ျမင့္ တက္လာတယ္ WHO ရဲ႕ထုတ္ျပန္ခ်က္အရ မက်င္းပေတာ့တာပါ။ ေရာဂါအတြက္ စံျပျဖစ္ေအာင္ေနျပလုိက္တာပါ” ဟု ၄င္းက ေျပာသည္။ 

မတ္လ ၂၁ ရက္အထိ ကမၻာ့က်န္းမာေရးအဖြဲ႔ဝင္ ၁၉၄ ႏုိင္ငံအနက္ ၁၇၇ ႏုိင္ငံတြင္ COVID-19 ေရာဂါျဖစ္ပြားမႈရွိေန၍ ေသဆုံး သူ ၁၀၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

 ေက်ာ္ၾကားဟိန္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

မတ်လ ၂ရ ရက်နေ့၌ ကျရောက်မည့် တပ်မတော်၏ စိန်ရတုနှစ်ပတ်လည်အခမ်းအနားကို မကျင်းပဖြစ်ခြင်းက ကိုရိုနာဗိုင်းရပ်(စ်) အတွက် စံပြဖြစ်အောင်နေခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။ 

နေပြည်တော် စစ်သမိုင်းပြသတိုက်၌ မတ်လ ၂၂ ရက်က ကျင်းပပြုလုပ်သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အောက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ လာမည့် မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် တပ်မတော် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို မကျင်းပဖြစ်ဖို့ တော် တော်ကို ကြိုးစားခဲ့ရပါတယ်။ လုပ်ဖို့အတွက်လည်း အကုန်လည်းပြင်ဆင်ပြီးပါပြီ။ နောက်ဆုံးတော့ ရောဂါဖြစ်ပွားမှုကလည်း မြင့် တက်လာတယ် WHO ရဲ့ထုတ်ပြန်ချက်အရ မကျင်းပတော့တာပါ။ ရောဂါအတွက် စံပြဖြစ်အောင်နေပြလိုက်တာပါ” ဟု ၎င်းက ပြောသည်။ 

မတ်လ ၂၁ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၇၇ နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုရှိနေ၍ သေဆုံး သူ ၁၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။