Skip to main content
တပ္မေတာ္သားမ်ား အသက္ေဘးမွလြတ္ေျမာက္ေစရန္ ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ေျပာ 
Ads Block

တပ္မေတာ္သားမ်ား အသက္ေဘးမွလြတ္ေျမာက္ေစရန္ ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ေျပာ 

 

တပ္မေတာ္သားမ်ား အသက္ေဘးမွလြတ္ေျမာက္ေစရန္ ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ 

တပ္မေတာ္သားမ်ား၏ လံုၿခံဳေရး၊ အသက္ေဘးအႏၱရာယ္ကင္းရွင္းေရးႏွင့္ပတ္သက္ၿပီး အထက္ပါအတိုင္း ေျပာၾကားျခင္းျဖစ္သည္။ 

“ကၽြန္ေတာ္ေျပာၿပီးသားပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ စစ္သည္ေတြရဲ႕အသက္ေဘးကေနအတြက္၊ လံုျခံဳေရးနဲ႔ပတ္သက္ၿပီး စစ္သည္ေတြရဲ႕အသက္ေဘးကေနလြတ္ေအာင္ အခုအခ်ိန္ထိလည္း ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရိွပါတယ္။ ဆက္လက္ၿပီးလည္း လုပ္ေဆာင္သြားမွာျဖစ္ပါတယ္” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

လက္ရွိ၌ တပ္မေတာ္ႏွင့္ ေအေအလက္နက္ကိုင္အဖြဲ႕အၾကားတိုက္ပြဲမ်ားမွာ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၅)ရက္မွ မတ္လ(၁၉) ရက္အထိဆက္တိုက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း ေအေအလက္နက္ကိုင္အဖြဲ႔က ထုတ္ျပန္ထားသည္။

“အရာရိွစစ္သည္အခ်ိဳ႕ အခုခ်ိန္ထိေပ်ာက္ဆံုးေနတဲ့သူေတြေတာ့ ရိွတယ္။ အဲ့ဒါကၽြန္ေတာ္တို႔ သူတို႔ဆီမွာေတာ့ ဖမ္းမိတယ္ဆိုၿပီး ထုတ္ျပန္ထားတာေတာ့ရိွတာေပါ့ေနာ္။ ကၽြန္ေတာ္တို႔ ၁၃ ဦးေပါ့ေနာ္။ ၁၃ ဦးကိုေတာ့ ကၽြန္ေတာ္တို႔ျပန္လည္ကယ္ဆယ္ႏုိင္ခဲ့ၿပီးျဖစ္တယ္။ ေနာက္ေပ်ာက္ဆံုးေနတဲ့သူေတြကိုလည္း ျပန္လည္ကယ္ဆယ္ႏုိင္ေရး ကၽြန္ေတာ္တို႔အေနနဲ႔ေဆာင္ရြက္လ်က္ရိွပါတယ္”ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။

၂၀၂၀ ခုႏွစ္၊ မတ္လ (၁၁) ရက္တြင္ တပ္မ (၇၇) လက္ေအာက္ခံ၊ ပဲခူးတိုင္း၊ ဘုရားႀကီးၿမိဳ႕၊အေျခစိုက္၊ ခမရ (၇) မွ ဗိုလ္ႀကီးအဆင့္ရွိေဆးတပ္မွဴးတစ္ဦး၊ အျခားဗိုလ္ႀကီးတစ္ဦးအပါအဝင္ စုစုေပါင္း(၁၀) ဦးခန႔္အား လက္နက္ (၁၄) လက္၊ ခဲယမ္းအခ်ိဳ႕ႏွင့္အတူလက္ရဖမ္းဆီးရမိေၾကာင္း ေအေအလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ထားသည္။

အံ့ညီညီ- ေနျပည္ေတာ္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

တပ်မတော်သားများ အသက်ဘေးမှလွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 

တပ်မတော်သားများ၏ လုံခြုံရေး၊ အသက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

“ကျွန်တော်ပြောပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ စစ်သည်တွေရဲ့အသက်ဘေးကနေအတွက်၊ လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်သည်တွေရဲ့အသက်ဘေးကနေလွတ်အောင် အခုအချိန်ထိလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်။ ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိ၌ တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့အကြားတိုက်ပွဲများမှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်မှ မတ်လ(၁၉) ရက်အထိဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

“အရာရှိစစ်သည်အချို့ အခုချိန်ထိပျောက်ဆုံးနေတဲ့သူတွေတော့ ရှိတယ်။ အဲ့ဒါကျွန်တော်တို့ သူတို့ဆီမှာတော့ ဖမ်းမိတယ်ဆိုပြီး ထုတ်ပြန်ထားတာတော့ရှိတာပေါ့နော်။ ကျွန်တော်တို့ ၁၃ ဦးပေါ့နော်။ ၁၃ ဦးကိုတော့ ကျွန်တော်တို့ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်တယ်။ နောက်ပျောက်ဆုံးနေတဲ့သူတွေကိုလည်း ပြန်လည်ကယ်ဆယ်နိုင်ရေး ကျွန်တော်တို့အနေနဲ့ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

၂၀၂၀ ခုနှစ်၊ မတ်လ (၁၁) ရက်တွင် တပ်မ (၇၇) လက်အောက်ခံ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ ခမရ (၇) မှ ဗိုလ်ကြီးအဆင့်ရှိဆေးတပ်မှူးတစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၁၀) ဦးခန့်အား လက်နက် (၁၄) လက်၊ ခဲယမ်းအချို့နှင့်အတူလက်ရဖမ်းဆီးရမိကြောင်း အေအေလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

အံ့ညီညီ- နေပြည်တော် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။