Skip to main content
COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘ့ာကျန်းမာရေး အဖွဲ့အစည်းများ၏ ရန်ပုံငွေများထဲမှ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်သုံးစွဲခွင့်ပြုမည်
Ads Block

COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများ၏ ရန်ပုံငွေများထဲမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် မြန်မာနိုင်ငံကို သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မတ်လ ၁၈ ရက်က ကျင်းပသည့်COVID 19 နှင့် ပတ်သက်သည့် ဗီဒီယိုကွန့်ဖရန့် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

“GAVI the Vaccine Alliance ၏ Health system strengthening – 2 ရန်ပုံငွေ ထဲကနေ ၁၀ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၁၀ သန်းကို COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများမှာ အသုံးပြုနိုင်ကြောင်း ကျွန်တော်တို့ဆီကို အ ကြောင်းကြားလာပါတယ်။ 

ဒါကြောင့် လုပ်ငန်းစီမံချက် အဆိုပြုလွှာ တစ်စောင်ပေးပို့မှာ ဖြစ်လို့ ရန်ပုံငွေ၁၀ရာခိုင်နှုန်း ရရှိတော့မှာ ဖြစ်ပါတယ်။ အလားတူပဲ USAID က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပံ့ပိုးပေးထားတဲ့  ရန်ပုံငွေထဲကနေ မြန်မာနိုင်ငံအတွက် အမေရိ ကန် ဒေါ်လာ ၇ သိန်းကို ရယူအသုံးပြုနိုင်တယ်ဆိုတာ အကြောင်းကြားစာ ရောက်လာတဲ့အတွက် ဒီငွေတွေကို ကာကွယ်ထိန်း ချုပ်ရေးနဲ့ ဆေးရုံ လိုအပ်ချက်များ ပံ့ပိုးရာမှာ အဓိက အသုံးပြုသွားမှာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

တရုတ်နိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လက်ရှိတွင် ကမ္ဘာ့ နိုငိငံပေါင်း ၁၆၀ ကျော်သို့ ကူးစက်ပျံ့ နှံ့နေပြီး ကူးစက်ခံရသူ ၂၀၇၈၅၅ဦး၊ သေဆုံးသူ ၈၆၄၈ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Unicode Version

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။