Skip to main content
၂၀၀၈ ဖြဲ႕စည္းပံုျပင္ဆင္ေရးေနာက္ဆံုးေန႔တြင္လည္း မဲခြဲဆံုးျဖတ္မႈအားလံုးရႈံးနိမ့္
Ads Block

၂၀၀၈ ဖြဲ႕စည္းပံုျပင္ဆင္ေရးေနာက္ဆံုးေန႔တြင္လည္း မဲခြဲဆံုးျဖတ္မႈအားလံုးရႈံးနိမ့္

 

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး၏ ေနာက္ဆံုးေန႔မဲခြဲမႈတြင္ ပုဒ္မ- ၄၃၆(ခ)ေအာက္ရွိပုဒ္မ၊ ပုဒ္မခြဲ(၁၄)ခုလံုးျပင္ဆင္ရန္ မဲခြဲဆံုးျဖတ္ရာ ၇၅ ရာခိုင္ႏႈန္းမေက်ာ္သည့္အတြက္ အားလံုးရႈံးနိမ့္ခဲ့ေၾကာင္း သိရသည္။

မတ္လ (၂၀)ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀း (၂၇)ရက္ေျမာက္ေန႔တြင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး၏ ေနာက္ဆံုးေန႔မဲခြဲမႈတြင္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

မဲခြဲရာတြင္ NLDပ ါတီကဦးေဆာင္တင္သြင္းထားသည့္ ႏိုင္ငံေတာ္အလံေျပာင္းလဲေရးႏွင့္ သက္ဆိုင္သည့္ပုဒ္မ-၄၃၇ (က)လည္းပါ၀င္ၿပီး ယင္းပုဒ္မမွာလည္းေထာက္ခံမဲ (၃၉၅)မဲသာရရွိေသာေၾကာင့္ ရႈံးနိမ့္ခဲ့သည္။

တပ္မေတာ္အစိုးရလက္ထက္ကေျပာင္းလဲျပင္ဆင္ခဲ့သည့္ လက္ရွိဝါစိမ္းနီ-သုံးေရာင္ခ်ယ္အလံ၏ေနရာမွာတြင္ အနီေရာင္ေအာက္ခံတြင္ ၾကယ္ျဖဴႀကီးတစ္လုံးကို ၾကယ္ျဖဴငယ္ ၁၄ ခုကဝန္းရံထားသည့္ အလံသစ္ႏွင့္ အစားထိုးျပင္ဆင္ရန္ NLD ပါတီကဦးေဆာင္တင္သြင္းထားျခင္းျဖစ္သည္။

အလားတူအျခားေသာ ပယ္ဖ်က္ေရး၊ ျပင္ဆင္ေရးတို႔အတြက္ တင္သြင္းထားသည့္ ပုဒ္မ၊ ပုဒ္မခြဲမ်ားကို မဲခြဲရာတြင္လည္းေထာက္ခံမဲ (၄၀၀)ေက်ာ္ရရွိေသာ္လည္း ၇၅ရာခိုင္ႏႈန္းမေက်ာ္သည့္အတြက္ ရႈံးနိမ့္ခဲ့သည္။

၂၀၀၈ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္း၏ ပုဒ္မ- ၄၃၆(က)တြင္ ျပင္ဆင္ရန္တင္သြင္းသည့္အခ်က္ (၅၀)မွ (၂)ခ်က္သာ ၇၅ ရာခိုင္ႏႈန္းေက်ာ္ခဲ့ၿပီး၊ ပုဒ္မ- ၄၃၆(ခ)တြင္လည္း ျပင္ဆင္ရန္တင္သြင္းသည့္အခ်က္ (၈၀)မွ (၂)ခ်က္သာ ၇၅ ရာခိုင္ႏႈန္းေက်ာ္ခဲ့ေၾကာင္းသိရသည္။


ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )  

 

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၏ နောက်ဆုံးနေ့မဲခွဲမှုတွင် ပုဒ်မ- ၄၃၆(ခ)အောက်ရှိပုဒ်မ၊ ပုဒ်မခွဲ(၁၄)ခုလုံးပြင်ဆင်ရန် မဲခွဲဆုံးဖြတ်ရာ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် အားလုံးရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မတ်လ (၂၀)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၏ နောက်ဆုံးနေ့မဲခွဲမှုတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မဲခွဲရာတွင် NLDပ ါတီကဦးဆောင်တင်သွင်းထားသည့် နိုင်ငံတော်အလံပြောင်းလဲရေးနှင့် သက်ဆိုင်သည့်ပုဒ်မ-၄၃၇ (က)လည်းပါဝင်ပြီး ယင်းပုဒ်မမှာလည်းထောက်ခံမဲ (၃၉၅)မဲသာရရှိသောကြောင့် ရှုံးနိမ့်ခဲ့သည်။

တပ်မတော်အစိုးရလက်ထက်ကပြောင်းလဲပြင်ဆင်ခဲ့သည့် လက်ရှိဝါစိမ်းနီ-သုံးရောင်ချယ်အလံ၏နေရာမှာတွင် အနီရောင်အောက်ခံတွင် ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူငယ် ၁၄ ခုကဝန်းရံထားသည့် အလံသစ်နှင့် အစားထိုးပြင်ဆင်ရန် NLD ပါတီကဦးဆောင်တင်သွင်းထားခြင်းဖြစ်သည်။

အလားတူအခြားသော ပယ်ဖျက်ရေး၊ ပြင်ဆင်ရေးတို့အတွက် တင်သွင်းထားသည့် ပုဒ်မ၊ ပုဒ်မခွဲများကို မဲခွဲရာတွင်လည်းထောက်ခံမဲ (၄၀၀)ကျော်ရရှိသော်လည်း ၇၅ရာခိုင်နှုန်းမကျော်သည့်အတွက် ရှုံးနိမ့်ခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း၏ ပုဒ်မ- ၄၃၆(က)တွင် ပြင်ဆင်ရန်တင်သွင်းသည့်အချက် (၅၀)မှ (၂)ချက်သာ ၇၅ ရာခိုင်နှုန်းကျော်ခဲ့ပြီး၊ ပုဒ်မ- ၄၃၆(ခ)တွင်လည်း ပြင်ဆင်ရန်တင်သွင်းသည့်အချက် (၈၀)မှ (၂)ချက်သာ ၇၅ ရာခိုင်နှုန်းကျော်ခဲ့ကြောင်းသိရသည်။

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။