Skip to main content
ခ်င္းလူမ်ဳိးမ်ားအေနျဖင့္ ဖိႏွိပ္မႈမ်ားကိုေတာ္လွန္ရန္ အနာဂတ္တြင္လည္းအသင့္ျဖစ္ေနၾကရမည္ဟု CNF ဥကၠ႒ ပူးဇင္က်ဳံးေျပာ
Ads Block

ခ်င္းလူမ်ဳိးမ်ားအေနျဖင့္ ဖိႏွိပ္မႈမ်ားကိုေတာ္လွန္ရန္ အနာဂတ္တြင္လည္းအသင့္ျဖစ္ေနၾကရမည္ဟု CNF ဥကၠ႒ ပူးဇင္က်ဳံးေျပာ

 

ခ်င္းလူမ်ဳိးမ်ားအေနျဖင့္ အဂၤလိပ္မ်ား၊ လူမ်ိဳးႀကီး၀ါဒႏွင့္ စစ္အာဏာရွင္စနစ္တို႔ကိုေတာ္လွန္ခဲ့ၾကၿပီး အနာဂတ္တြင္လည္းအသင့္ျဖစ္ေနၾကရမည္ျဖစ္ေၾကာင္း CNF(ခ်င္းအမ်ိဳးသားတပ္ဦး)ဥကၠ႒ ပူးဇင္က်ံဳးက ေျပာသည္။ 

မတ္လ ၂၀ ရက္က က်ေရာက္သည့္ ခ်င္းအမ်ဳိးသားတပ္ဦး၏  (၃၂)ႏွစ္ေျမာက္ေတာ္လွန္ေရးေန႔၌ ၄င္းက အထက္ပါအတုိင္းေျပာၾကားခဲ့သည္။

“ ခ်င္းလူမ်ဳိးေတြကအဂၤလိပ္ေတြကုိေတာ္လွန္ခဲ့ၾကသလုိ လူမ်ဳိးႀကီးဝါဒနဲ႔စစ္အာဏာရွင္စနစ္ကုိလည္း ေတာ္လွန္ခဲ့ၾကပါတယ္။ ဖိႏွိပ္မႈေတြအတြက္ ခ်င္းလူမ်ဳိးမ်ားဟာအသက္၊ေသြး၊ေခၽြးေတြကုိလည္း စေတးခဲ့ၾကၿပီး ျဖစ္သလုိ ေနာက္လာမည့္အနာဂတ္မွာလည္းစေတးဖုိ႔အသင့္ျဖစ္ေနၾကရမွာျဖစ္ပါတယ္” ဟု CNF(ခ်င္းအမ်ိဳးသားတပ္ဦး)ဥကၠ႒ ပူးဇင္က်ဳံးက ေျပာသည္။ 
လက္ရွိတြင္ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ေအေအလက္နက္ကိုင္အဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ခ်င္းလူမ်ိဳးမ်ား ေသဆံုးမႈ၊ ဒဏ္ရာရရွိမႈမ်ားရွိခဲ့သည္။ 

ထို႔အျပင္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕ရွိ တိုက္ပြဲျဖစ္ပြားရာ ဝက္မေက်းရြာ၊ ၿပိဳင္တိန္ေက်းရြာႏွင့္ မိတ္ဇာေက်းရြာ ၁၊၂၊၃ တို႔မွေဒသခံမ်ားသည္လည္း ဆမီးၿမိဳ႕သို႔ တိုက္ပြဲေရွာင္ခဲ့ၾကၿပီး ေထာက္ပ့ံကူညီမႈမ်ား လိုအပ္ေနေၾကာင္း သိရသည္။ 

ေက်ာ္ၾကားဟိန္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ချင်းလူမျိုးများအနေဖြင့် အင်္ဂလိပ်များ၊ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တို့ကိုတော်လှန်ခဲ့ကြပြီး အနာဂတ်တွင်လည်းအသင့်ဖြစ်နေကြရမည်ဖြစ်ကြောင်း CNF(ချင်းအမျိုးသားတပ်ဦး)ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။ 

မတ်လ ၂၀ ရက်က ကျရောက်သည့် ချင်းအမျိုးသားတပ်ဦး၏  (၃၂)နှစ်မြောက်တော်လှန်ရေးနေ့၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

“ ချင်းလူမျိုးတွေကအင်္ဂလိပ်တွေကိုတော်လှန်ခဲ့ကြသလို လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ်ကိုလည်း တော်လှန်ခဲ့ကြပါတယ်။ ဖိနှိပ်မှုတွေအတွက် ချင်းလူမျိုးများဟာအသက်၊သွေး၊ချွေးတွေကိုလည်း စတေးခဲ့ကြပြီး ဖြစ်သလို နောက်လာမည့်အနာဂတ်မှာလည်းစတေးဖို့အသင့်ဖြစ်နေကြရမှာဖြစ်ပါတယ်” ဟု CNF(ချင်းအမျိုးသားတပ်ဦး)ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။ 
လက်ရှိတွင်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ချင်းလူမျိုးများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။ 

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ တိုက်ပွဲဖြစ်ပွားရာ ဝက်မကျေးရွာ၊ ပြိုင်တိန်ကျေးရွာနှင့် မိတ်ဇာကျေးရွာ ၁၊၂၊၃ တို့မှဒေသခံများသည်လည်း ဆမီးမြို့သို့ တိုက်ပွဲရှောင်ခဲ့ကြပြီး ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ 

ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။