Skip to main content
၂ ႏွစ္အရြယ္သမီးျဖစ္သူမွာ ေနအိမ္ေပၚ၌အေလးစြန္႔မိရာမွ ပေထြး၏ရိုက္ႏွက္ခံရၿပီး ေသဆံုး
Ads Block

၂ ႏွစ္အရြယ္သမီးျဖစ္သူမွာ ေနအိမ္ေပၚ၌အေလးစြန္႔မိရာမွ ပေထြး၏ရိုက္ႏွက္ခံရၿပီး ေသဆံုး

 

၂ ႏွစ္အရြယ္သမီးျဖစ္သူမွာ ေနအိမ္ေပၚ၌အေလးစြန္႔မိရာမွ ပေထြး၏ရိုက္ႏွက္ခံရၿပီးေသဆံုးမႈ လပြတၱာၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္းသတင္းရရွိသည္။

ျဖစ္စဥ္မွာ ဧရာ၀တီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္၊ ၃ မိုင္ေဆးရံု၌ ၂ ႏွစ္အရြယ္ကေလးတစ္ဦးဒဏ္ရာမ်ားျဖင့္ မတ္လ ၁၈ ရက္၊ ည ၉ နာရီခြဲတြင္ေရာက္ရွိလာသျဖင့္ စစ္ေဆးေပးရန္အေၾကာင္းၾကားခ်က္ေၾကာင့္ နယ္ေျမပိုင္တပ္ဖြဲ႔၀င္မ်ားကအသိသက္ေသမ်ားႏွင့္ သြားေရာက္စစ္ေဆးခဲ့ၾကသည္။

ဒဏ္ရာရွိသူကေလးမွာဘုန္းႀကီးကုန္းေက်းရြာအုပ္စု၊ ေရ၀န္ႀကီးေက်းရြာေနမေမျမတ္ႏုိး(၂)ႏွစ္ျဖစ္ၿပီး ဦးေခါင္းညိဳမဲ၊ ခ်က္ရင္ဘက္ညိဳမဲ၊ ဆီးခံုနားဖူးေယာင္ဒဏ္ရာမ်ားႏွင့္ ေပါင္၊ ႏွဖူးေယာင္ဒဏ္ရာ ၁ ခ်က္စီတို႔ျဖင့္ စိုးရိမ္စရာလူနာအျဖစ္ကုသမႈခံယူေနသည္ကိုေတြ႔ရွိခဲ့ၾကသည္။

စစ္ေမးခ်က္အရပေထြးျဖစ္သူသိန္းစုိင္(၃၀)ႏွစ္ဆိုသူကမတ္လ ၁၇ ရက္၊ နံနက္ ၁၁ နာရီတြင္ ေနအိမ္ေပၚ၌ မစင္စြန္႔သည့္ကိစၥျဖင့္ မေမျမတ္ႏုိးကို ၀ါးျခမ္းျပားျဖင့္ရိုက္ႏွက္သည့္အျပင္ ေျခေထာက္ႏွင့္ပါကန္ခဲ့ရာ ၾကမ္းျပင္ႏွင့္ေခါင္းထိမိခဲ့ေသာေၾကာင့္ မေမျမတ္ႏုိးမွာအခင္းျဖစ္ေနရာတြင္ သတိလစ္သြားခဲ့ေၾကာင္း စစ္ေဆးသိရွိရသည္။

ထို႔ေနာက္ ေနာက္တစ္ရက္(မတ္လ ၁၈ ရက္)အထိကေလးမွာသတိမရေသးသျဖင့္ ပိုးေလာင္းတိုက္နယ္ေဆးရံုသို႔ ျပသခဲ့ၿပီးေနာက္ စိုးရိမ္ရလူနာျဖစ္သျဖင့္ ေန႔လယ္တြင္ (၃)မိုင္ျပည္သူ႔ေဆးရံုသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့သည္။

“ ကေလးကိုအရြယ္နဲ႔မလိုက္ေအာင္မတရားရိုက္ႏွက္ဆံုးမတဲ့အတြက္ ေခါင္းထိသြားတယ္။ ဦးေခါင္း ေသြးယိုစိမ့္သြားတတယ္လုိ႔ သိရတယ္။ သတိလံုး၀မရဘူး။ အဲဒီလိုနဲ႔ ၃ မုိင္ေဆးရံုကိုမတ္လ ၁၈ ရက္ေန႔ကေရာက္ၿပီးဒီေန႔(မတ္လ ၂၀ ရက္)နံနက္မွာဆံုးသြားခဲ့ရတယ္။ အခုျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးၿပီးဥပေဒအတိုင္းအေရးယူေဆာင္ရြက္ေနပါတယ္” ဟု ၃ မိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွ ၿမိဳ႕နယ္မွဴးက ေျပာသည္။

အမႈႏွင္ျပတ္သက္၍ ၃ မိုင္ျပည္သူ႔ေဆးရံု၌ ေဆးကုသမႈခံယူရင္းမတ္လ ၂၀ ရက္၊ ယေန႔ နံနက္ ၁၀ နာရီတြင္ မေမျမတ္ႏုိး(၂)ႏွစ္မွာရရွိသည့္ဒဏ္ရာျဖင့္ ဆံုးပါးသြားေသာေၾကာင့္ ျပစ္မႈက်ဴးလြန္သူသိန္းစုိင္(၃၀)ႏွစ္ကို ကနဦးအမႈဖြင့္လွစ္ထားသည့္ ပုဒ္မ - ၃၂၅ မွ လူသတ္မႈပုဒ္မ - ၃၀၂ သို႔ ကန္ဘက္နယ္ေျမရဲစခန္း၌ အမႈေျပာင္းလဲဖြင္လွစ္ကာစစ္ေဆးေနေၾကာင္း သိရသည္။  

ဒါးဇ ( အကုန္သိ သတင္းဌာန )  | Source - မင္းႏိုင္(၃ မိုင္)

 

Unicode Version 

 

၂ နှစ်အရွယ်သမီးဖြစ်သူမှာ နေအိမ်ပေါ်၌အလေးစွန့်မိရာမှ ပထွေး၏ရိုက်နှက်ခံရပြီးသေဆုံးမှု လပွတ္တာမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ၃ မိုင်ဆေးရုံ၌ ၂ နှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာများဖြင့် မတ်လ ၁၈ ရက်၊ ည ၉ နာရီခွဲတွင်ရောက်ရှိလာသဖြင့် စစ်ဆေးပေးရန်အကြောင်းကြားချက်ကြောင့် နယ်မြေပိုင်တပ်ဖွဲ့ဝင်များကအသိသက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြသည်။

ဒဏ်ရာရှိသူကလေးမှာဘုန်းကြီးကုန်းကျေးရွာအုပ်စု၊ ရေဝန်ကြီးကျေးရွာနေမမေမြတ်နိုး(၂)နှစ်ဖြစ်ပြီး ဦးခေါင်းညိုမဲ၊ ချက်ရင်ဘက်ညိုမဲ၊ ဆီးခုံနားဖူးယောင်ဒဏ်ရာများနှင့် ပေါင်၊ နှဖူးယောင်ဒဏ်ရာ ၁ ချက်စီတို့ဖြင့် စိုးရိမ်စရာလူနာအဖြစ်ကုသမှုခံယူနေသည်ကိုတွေ့ရှိခဲ့ကြသည်။

စစ်မေးချက်အရပထွေးဖြစ်သူသိန်းစိုင်(၃၀)နှစ်ဆိုသူကမတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီတွင် နေအိမ်ပေါ်၌ မစင်စွန့်သည့်ကိစ္စဖြင့် မမေမြတ်နိုးကို ဝါးခြမ်းပြားဖြင့်ရိုက်နှက်သည့်အပြင် ခြေထောက်နှင့်ပါကန်ခဲ့ရာ ကြမ်းပြင်နှင့်ခေါင်းထိမိခဲ့သောကြောင့် မမေမြတ်နိုးမှာအခင်းဖြစ်နေရာတွင် သတိလစ်သွားခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ထို့နောက် နောက်တစ်ရက်(မတ်လ ၁၈ ရက်)အထိကလေးမှာသတိမရသေးသဖြင့် ပိုးလောင်းတိုက်နယ်ဆေးရုံသို့ ပြသခဲ့ပြီးနောက် စိုးရိမ်ရလူနာဖြစ်သဖြင့် နေ့လယ်တွင် (၃)မိုင်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ ကလေးကိုအရွယ်နဲ့မလိုက်အောင်မတရားရိုက်နှက်ဆုံးမတဲ့အတွက် ခေါင်းထိသွားတယ်။ ဦးခေါင်း သွေးယိုစိမ့်သွားတတယ်လို့ သိရတယ်။ သတိလုံးဝမရဘူး။ အဲဒီလိုနဲ့ ၃ မိုင်ဆေးရုံကိုမတ်လ ၁၈ ရက်နေ့ကရောက်ပြီးဒီနေ့(မတ်လ ၂၀ ရက်)နံနက်မှာဆုံးသွားခဲ့ရတယ်။ အခုပြစ်မှုကျူးလွန်သူကို ဖမ်းဆီးပြီးဥပဒေအတိုင်းအရေးယူဆောင်ရွက်နေပါတယ်” ဟု ၃ မိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူးက ပြောသည်။

အမှုနှင်ပြတ်သက်၍ ၃ မိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူရင်းမတ်လ ၂၀ ရက်၊ ယနေ့ နံနက် ၁၀ နာရီတွင် မမေမြတ်နိုး(၂)နှစ်မှာရရှိသည့်ဒဏ်ရာဖြင့် ဆုံးပါးသွားသောကြောင့် ပြစ်မှုကျူးလွန်သူသိန်းစိုင်(၃၀)နှစ်ကို ကနဦးအမှုဖွင့်လှစ်ထားသည့် ပုဒ်မ - ၃၂၅ မှ လူသတ်မှုပုဒ်မ - ၃၀၂ သို့ ကန်ဘက်နယ်မြေရဲစခန်း၌ အမှုပြောင်းလဲဖွင်လှစ်ကာစစ်ဆေးနေကြောင်း သိရသည်။  

 

ဒါးဇ ( အကုန်သိ သတင်းဌာန )  | Source - မင်းနိုင်(၃ မိုင်)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။