Skip to main content
တိုင္းရင္းသားအားလံုးလက္ခံႏုိင္သည့္ ဒီမိ္ုကေရစီဖယ္ဒရယ္ျပည္ေထာင္စုႀကီးတည္ေဆာက္ေရး ႀကိဳးပမ္းေနေၾကာင္း ႏိုင္ငံေတာ္သမၼတေျပာၾကား
Ads Block

တိုင္းရင္းသားအားလံုးလက္ခံႏုိင္သည့္ ဒီမိ္ုကေရစီဖယ္ဒရယ္ျပည္ေထာင္စုႀကီးတည္ေဆာက္ေရး ႀကိဳးပမ္းေနေၾကာင္း ႏိုင္ငံေတာ္သမၼတေျပာၾကား

 

တိုင္းရင္းသားအားလံုးလက္ခံႏုိင္သည့္ ဒီမိ္ုကေရစီဖယ္ဒရယ္ျပည္ေထာင္စုႀကီးတည္ေဆာက္ေရးအတြက္ ႀကိဳးပမ္းေနေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားသည္။

မတ္လ (၁၉)ရက္ကက်ေရာက္သည့္ (၄၆)ႏွစ္ေျမာက္ မြန္ျပည္နယ္ေန႔အခမ္းအနားသို႔ေပးပို႔သည့္ သ၀ဏ္လႊာတြင္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

“မိမိတို႔အစိုးရအေနနဲ႔ တိုင္းရင္းသားျပည္သူမ်ားအားလံုး ႏွစ္ေပါင္းရွည္ၾကာေမွ်ာ္လင့္ေတာင့္တခဲ့ရတဲ့ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ လက္နက္ကိုင္ပဋိပကၡမ်ား၏အရင္းခံ အေၾကာင္းတရားျဖစ္တဲ့ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္း အေျဖရွာႏိုင္ေရး၊ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလံုးလက္ခံႏုိင္မယ့္ ဒီမိုကေရစီဖယ္ဒရယ္ ျပည္ေထာင္စုႀကီးတည္ေဆာက္ေရးတို႔ကိုအေကာင္အထည္ေဖာ္ရန္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လံုကိုက်င္းပေပးၿပီး အေကာင္အထည္ေဖာ္ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိပါတယ္။”ဟု ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာသည္။

လက္ရွိတြင္ စတုထၳအႀကိမ္ေျမာက္ (၂၁)ရာစုပင္လံုညီလာခံက်င္းပႏိုင္ေရးလုပ္ေဆာင္ေနၿပီး လႊတ္ေတာ္တြင္လည္း ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ရန္လုပ္ေဆာင္ေနသည္။
ဖြဲ႕စည္းပံုျပင္ဆင္ေရးတြင္ ပုဒ္မအမ်ားစုမွာတပ္မေတာ္ဘက္မွ မေထာက္ခံသည့္အတြက္ (၇၅)ရာခိုင္ႏႈန္းမေက်ာ္ဟုဆိုကာျပင္ဆင္ႏိုင္ျခင္းမရွိေပ။

NLD ပါတီကတင္သြင္းသည့္ ဥပေဒၾကမ္းမ်ားတြင္ တိုင္းရင္းသားမ်ား၏ အခြင့္အေရးဆိုင္ရာမ်ား ပါ၀င္မႈအားနည္းမႈေၾကာင့္လည္းအခ်ိဳ႕ေသာတိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က ကန္႔ကြက္မႈမ်ားရွိေနသည္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားအတြက္ ျပင္ဆင္ေနေသာ္လည္းရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းတို႔တြင္ တိုက္ပြဲျဖစ္ပြားမႈမ်ားလည္းရွိေနၿပီး အရပ္သားေသဆံုးမႈမွာလည္း ျမင့္တက္ေနသည္။

ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

တိုင်းရင်းသားအားလုံးလက်ခံနိုင်သည့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မတ်လ (၁၉)ရက်ကကျရောက်သည့် (၄၆)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

“မိမိတို့အစိုးရအနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံး နှစ်ပေါင်းရှည်ကြာမျှော်လင့်တောင့်တခဲ့ရတဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ၏အရင်းခံ အကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးလက်ခံနိုင်မယ့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးတို့ကိုအကောင်အထည်ဖော်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကိုကျင်းပပေးပြီး အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် စတုထ္ထအကြိမ်မြောက် (၂၁)ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးလုပ်ဆောင်နေပြီး လွှတ်တော်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လုပ်ဆောင်နေသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပုဒ်မအများစုမှာတပ်မတော်ဘက်မှ မထောက်ခံသည့်အတွက် (၇၅)ရာခိုင်နှုန်းမကျော်ဟုဆိုကာပြင်ဆင်နိုင်ခြင်းမရှိပေ။

NLD ပါတီကတင်သွင်းသည့် ဥပဒေကြမ်းများတွင် တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာများ ပါဝင်မှုအားနည်းမှုကြောင့်လည်းအချို့သောတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်မှုများရှိနေသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ပြင်ဆင်နေသော်လည်းရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားမှုများလည်းရှိနေပြီး အရပ်သားသေဆုံးမှုမှာလည်း မြင့်တက်နေသည်။

 ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။