Skip to main content
ကာခ်ဳပ္ေျပာၾကားခဲ့ေသာ “အေျခခံဥပေဒမွျပင္ဆင္သင့္ေသာအခ်က္မ်ား ျပင္ဆင္ရမည္” ဆိုျခင္းအေပၚ နားမလည္ေၾကာင္း ေဒါက္တာျမတ္ဥာဏစုိးေျပာ
Ads Block

ကာခ်ဳပ္ေျပာၾကားခဲ့ေသာ “အေျခခံဥပေဒမွျပင္ဆင္သင့္ေသာအခ်က္မ်ား ျပင္ဆင္ရမည္” ဆိုျခင္းအေပၚ နားမလည္ေၾကာင္း ေဒါက္တာျမတ္ဥာဏစုိးေျပာ

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာၾကားခဲ့ေသာ “အေျခခံဥပေဒမွျပင္ဆင္သင့္ေသာအခ်က္မ်ား ျပင္ဆင္ရမည္” ဆိုသည့္စကားအေပၚနားမလည္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒၾကမ္း ပူေပါင္းေရးေကာ္မတီမွ အတြင္းေရးမွဴး ေဒါက္တာျမတ္ဥာဏစုိးကေျပာသည္။

မတ္လ (၁၉)ရက္က ဖြဲ႕စည္းပုံအေျခခံဥပေဒဒုတိယအႀကိမ္ေျမာက္ျပင္ဆင္သည့္ မဲခြဲပြဲအၿပီး၌ အထက္ပါအတုိင္း ေျပာျခင္းျဖစ္သည္။

“ ကၽြန္ေတာ္နားမလည္ႏုိင္တာက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႀကီးကဖြဲ႕စည္းပုံအေျခခံဥပေဒကုိ ျပင္ဆင္သင့္၊ ျပင္ဆင္ထုိက္တဲ့အခ်က္ေတြရွိပါတယ္။ ျပင္ပါ့မယ္ဆုိတာကုိကၽြန္ေတာ္တုိ႔က တကယ့္ကုိယုံယုံၾကည္ၾကည္လက္ခံခဲ့တယ္။ တကယ္ျပင္မွာပဲလုိ႔ကၽြန္ေတာ္တုိ႔မွတ္ယူခဲ့ပါတယ္။ အဲဒီေတာ့ဒီေန႔အထိဆုိရင္ အခ်က္ ၄ ခ်က္ျပင္ဆင္ႏုိင္တယ္ေပါ့ေနာ္။ တကယ္ျပင္ဆင္သင့္၊ ျပင္ဆင္ထုိက္တာက သက္ႀကီးရြယ္အုိနဲ႔အုိမင္းမစြမ္းလား ၊ မသန္မစြမ္းနဲ႔မသန္စြမ္းလား၊ အဲဒါကုိပဲ ျပင္ဆင္သင့္၊ ျပင္ဆင္ထုိက္တယ္လုိ႔ဆုိလုိတာလား။ အဲဒီအေပၚမွာကၽြန္ေတာ္ တကယ္ကုိနားမလည္တာလား” ဟု ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒၾကမ္းပူေပါင္းေရးေကာ္မတီမွ အတြင္းေရးမွဴး ေဒါက္တာျမတ္ဥာဏစုိးကေျပာသည္။

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး၏ပုဒ္မ- ၄၃၆(ခ)ေအာက္ရွိပုဒ္မ၊ ပုဒ္မခြဲမ်ားကိုမတ္လ (၁၉)ရက္က ျပည္ေထာင္စုလႊတ္ေတာ္တြင္မဲခြဲရာ ပုဒ္မတစ္ခုသာအႏိုင္ရရွိခဲ့ၿပီး က်န္ပုဒ္မ်ားရႈံးနိမ့္ခဲ့ေၾကာင္း သိရသည္။ 

မတ္လ ၁၀ ရက္ေန႔ကမဲခြဲစဥ္ကလည္း “မသန္မစြမ္း”စကားရပ္အား “မသန္စြမ္း”ဟုေျပာင္းလဲရန္ NLD ကအဆိုျပဳခဲ့သည့္ပုဒ္မ၃၂(က)ႏွင့္(ခ) ျပင္ဆင္ခ်က္မွာတပ္မေတာ္ကေထာက္ခံခဲ့သည့္အတြက္ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ရရွိခဲ့ၿပီးအႏိုင္ရခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ မတ္လ (၁၈)ရက္ကလည္း NLD ပါတီမွ ဦးထြန္းထြန္းဟိန္ႏွင့္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးေအာင္စန္းခ်စ္တို႔က ျပင္ဆင္ရန္တင္သြင္းခဲ့သည့္ ပုဒ္မ ၂၆၂(က)၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၀န္ႀကီးခ်ဳပ္မ်ား၏အရည္အခ်င္း သတ္မွတ္ခ်က္ကို ျပ႒ာန္းထားသည့္ပုဒ္မတြင္လည္း အႏိုင္ရခဲ့ေသးသည္။

လက္ရွိတြင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကိုမဲခြဲေနရာ၊ ပုဒ္မ ၄၃၆(က)ၿပီးဆံုးခဲ့ၿပီး၊ ယခုပုဒ္မ ၄၃၆(ခ)၏ ပုဒ္မ၊ ပုဒ္မခြဲမ်ားကိုမဲခြဲေနျခင္းျဖစ္သည္။


 ေက်ာ္ၾကားဟိန္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားခဲ့သော “အခြေခံဥပဒေမှပြင်ဆင်သင့်သောအချက်များ ပြင်ဆင်ရမည်” ဆိုသည့်စကားအပေါ်နားမလည်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူပေါင်းရေးကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

မတ်လ (၁၉)ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဒုတိယအကြိမ်မြောက်ပြင်ဆင်သည့် မဲခွဲပွဲအပြီး၌ အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

“ ကျွန်တော်နားမလည်နိုင်တာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တဲ့အချက်တွေရှိပါတယ်။ ပြင်ပါ့မယ်ဆိုတာကိုကျွန်တော်တို့က တကယ့်ကိုယုံယုံကြည်ကြည်လက်ခံခဲ့တယ်။ တကယ်ပြင်မှာပဲလို့ကျွန်တော်တို့မှတ်ယူခဲ့ပါတယ်။ အဲဒီတော့ဒီနေ့အထိဆိုရင် အချက် ၄ ချက်ပြင်ဆင်နိုင်တယ်ပေါ့နော်။ တကယ်ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တာက သက်ကြီးရွယ်အိုနဲ့အိုမင်းမစွမ်းလား ၊ မသန်မစွမ်းနဲ့မသန်စွမ်းလား၊ အဲဒါကိုပဲ ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တယ်လို့ဆိုလိုတာလား။ အဲဒီအပေါ်မှာကျွန်တော် တကယ်ကိုနားမလည်တာလား” ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူပေါင်းရေးကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၏ပုဒ်မ- ၄၃၆(ခ)အောက်ရှိပုဒ်မ၊ ပုဒ်မခွဲများကိုမတ်လ (၁၉)ရက်က ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲရာ ပုဒ်မတစ်ခုသာအနိုင်ရရှိခဲ့ပြီး ကျန်ပုဒ်များရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ 

မတ်လ ၁၀ ရက်နေ့ကမဲခွဲစဉ်ကလည်း “မသန်မစွမ်း”စကားရပ်အား “မသန်စွမ်း”ဟုပြောင်းလဲရန် NLD ကအဆိုပြုခဲ့သည့်ပုဒ်မ၃၂(က)နှင့်(ခ) ပြင်ဆင်ချက်မှာတပ်မတော်ကထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီးအနိုင်ရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော မတ်လ (၁၈)ရက်ကလည်း NLD ပါတီမှ ဦးထွန်းထွန်းဟိန်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်စန်းချစ်တို့က ပြင်ဆင်ရန်တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၂(က)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏အရည်အချင်း သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားသည့်ပုဒ်မတွင်လည်း အနိုင်ရခဲ့သေးသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကိုမဲခွဲနေရာ၊ ပုဒ်မ ၄၃၆(က)ပြီးဆုံးခဲ့ပြီး၊ ယခုပုဒ်မ ၄၃၆(ခ)၏ ပုဒ်မ၊ ပုဒ်မခွဲများကိုမဲခွဲနေခြင်းဖြစ်သည်။


 ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။