Skip to main content
အလုပ္သမားမ်ား သပိတ္ေမွာက္ျခင္း၊ ဆႏၵျပျခင္းမ်ား မျပဳလုပ္ၾကရန္ စက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္ သမားသမဂၢ အဖြဲ႔ခ်ဳပ္ထုတ္ျပန္
Ads Block

အလုပ္သမားမ်ား သပိတ္ေမွာက္ျခင္း၊ ဆႏၵျပျခင္းမ်ား မျပဳလုပ္ၾကရန္ စက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္ သမားသမဂၢ အဖြဲ႔ခ်ဳပ္ထုတ္ျပန္

 

COVID 19 ကူးစက္မႈကို ႀကိဳတင္ကာကြယ္သည့္ေအနျဖင့္ အလုပ္သမားမ်ားအေနျဖင့္ သပိတ္ေမွာက္ျခင္း၊ ဆႏၵျပျခင္းမ်ား ကို လတ္တေလာကာအတြင္း မျပဳလုပ္ၾကရန္ ျမန္မာႏုိင္ငံ စက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္မွ ထုတ္ျပန္ေၾကညာလုိက္သည္။

အဆုိပါ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ မတ္လ ၁၉ ရက္က အကုန္သိ သတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္  ျမန္မာႏုိင္ငံ စက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ား အဖြဲ႔ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ကုိသက္ႏွင္း ေအာင္က ျပန္လည္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 

“ကြ်န္ေတာ္တုိ႔ စုိးရိမ္တာက ပထမတစ္ခ်က္ COVID 19 ေၾကာင့္ ကုန္ၾကမ္းေတြ ျပတ္လပ္တာကုိ အေၾကာင္းျပၿပီး စက္ရုံ၊ အ လုပ္ရုံေတြ ပိတ္မွာကုိ စုိးရိမ္တယ္။ ဆႏၵျပတာတုိ႔ သပိတ္ေမွာက္တာတုိ႔ကုိေပါ့။ ေနာက္တစ္ခ်က္က အဲဒီလုိဆႏၵျပရင္ လူစုလူေ၀း ျဖစ္မယ္။ အဲဒီထဲကမွ တစ္ေယာက္မ်ား နွာေစး၊ ေခ်ာင္းဆုိး၊ ဖ်ားၿပီး ဒီလုိေရာဂါျဖစ္ရင္ အလုပ္သမားအားလုံးကုိ ကူးသြားမွာ စုိးရိမ္ တယ္။ အဲဒီအတြက္ေၾကာင့္ ကြ်န္ေတာ္တုိ႔က ဥပေဒလုပ္ပုိင္ခြင့္အရ ခြင့္ျပဳေပးရတဲ့ ဆႏၵျပတာ၊ သပိတ္ေမွာက္တာ ဒါေတြေတာ့ ဒီ အခ်ိန္မွာ ခြင့္မျပဳဘူးဆုိတာကုိ ေၾကညာတာျဖစ္တယ္။ ကြ်န္ေတာ္တုိ႔ အဖြဲ႔ခ်ဳပ္၀င္ျဖစ္တဲ့ အလုပ္သမားေတြကုိလည္း အေၾကာင္း ၾကားထားၿပီးျဖစ္တယ္” ဟု ၄င္းကေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီးတြင္ စက္မႈဇုန္ ၂၉ ဇုန္ရွိကာ အမ်ားစုမွာ အထည္ခ်ဳပ္လုပ္သားမ်ားျဖစ္ၿပီး စုစုေပါင္း လူအင္အား ၅ သိန္း ၀န္းက်င္ရွိေၾကာင္း သိရသည္။

“လက္ရွိ ပိတ္ဖုိ႔ လုပ္ေနတာ စက္ရုံ ၂၀ ေလာက္ရွိတယ္။ ပိတ္ထားတာက ၁၂ ရုံရွိတယ္။ အလုပ္ရွင္ ထြက္ေျပးသြားတာ (၂) ရုံ ေပါ့။ အဲဒီေတာ့ အားလုံးပိတ္ထားတာ ၁၂ ရုံေလာက္ရွိတယ္။ လူတစ္ေသာင္းေလာက္ေတာ့ အလုပ္လက္မဲ့ျဖစ္သြားတယ္”ဟု COVID 19 ေၾကာင့္ စက္ရုံမ်ား ပိတ္သိမ္းသည့္ စာရင္းမ်ားကုိ ကုိသက္ႏွင္းေအာင္က ထပ္မံေျပာသည္။

တရုတ္ႏုိင္ငံ၀ူဟန္ၿမဳိ႕မွ ကုိရုိနာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြားသည့္ အဆုတ္ေရာင္ေရာဂါသည္ ကမၻာ့ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္ကို ပ်ံ႕ႏွံ႔ကူးစက္ေနၿပီး ကူးစက္သူ ၂ သိန္းေက်ာ္ႏွင့္ ေသဆံုးသူ ၈၀၀၀ ေက်ာ္ ရိွေနၿပီျဖစ္သည္။


မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

COVID 19 ကူးစက်မှုကို ကြိုတင်ကာကွယ်သည့်အေနဖြင့် အလုပ်သမားများအနေဖြင့် သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းများ ကို လတ်တလောကာအတွင်း မပြုလုပ်ကြရန် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မတ်လ ၁၉ ရက်က အကုန်သိ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင်  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်း အောင်က ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ စိုးရိမ်တာက ပထမတစ်ချက် COVID 19 ကြောင့် ကုန်ကြမ်းတွေ ပြတ်လပ်တာကို အကြောင်းပြပြီး စက်ရုံ၊ အ လုပ်ရုံတွေ ပိတ်မှာကို စိုးရိမ်တယ်။ ဆန္ဒပြတာတို့ သပိတ်မှောက်တာတို့ကိုပေါ့။ နောက်တစ်ချက်က အဲဒီလိုဆန္ဒပြရင် လူစုလူဝေး ဖြစ်မယ်။ အဲဒီထဲကမှ တစ်ယောက်များ နှာစေး၊ ချောင်းဆိုး၊ ဖျားပြီး ဒီလိုရောဂါဖြစ်ရင် အလုပ်သမားအားလုံးကို ကူးသွားမှာ စိုးရိမ် တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဥပဒေလုပ်ပိုင်ခွင့်အရ ခွင့်ပြုပေးရတဲ့ ဆန္ဒပြတာ၊ သပိတ်မှောက်တာ ဒါတွေတော့ ဒီ အချိန်မှာ ခွင့်မပြုဘူးဆိုတာကို ကြေညာတာဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်ဝင်ဖြစ်တဲ့ အလုပ်သမားတွေကိုလည်း အကြောင်း ကြားထားပြီးဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၂၉ ဇုန်ရှိကာ အများစုမှာ အထည်ချုပ်လုပ်သားများဖြစ်ပြီး စုစုပေါင်း လူအင်အား ၅ သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။

“လက်ရှိ ပိတ်ဖို့ လုပ်နေတာ စက်ရုံ ၂၀ လောက်ရှိတယ်။ ပိတ်ထားတာက ၁၂ ရုံရှိတယ်။ အလုပ်ရှင် ထွက်ပြေးသွားတာ (၂) ရုံ ပေါ့။ အဲဒီတော့ အားလုံးပိတ်ထားတာ ၁၂ ရုံလောက်ရှိတယ်။ လူတစ်သောင်းလောက်တော့ အလုပ်လက်မဲ့ဖြစ်သွားတယ်”ဟု COVID 19 ကြောင့် စက်ရုံများ ပိတ်သိမ်းသည့် စာရင်းများကို ကိုသက်နှင်းအောင်က ထပ်မံပြောသည်။

တရုတ်နိုင်ငံဝူဟန်မြို့မှ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို ပျံ့နှံ့ကူးစက်နေပြီး ကူးစက်သူ ၂ သိန်းကျော်နှင့် သေဆုံးသူ ၈၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။