Skip to main content
ျပည္သူမ်ားအေနျဖင့္ ကုိရုိနာဗုိင္းရပ္(စ္)ေၾကာင့္ေရြးေကာက္ပြဲပ်က္ျပယ္မည္ကို စုိးရိမ္ရန္မလိုေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏုိင္ေျပာ 
Ads Block

ျပည္သူမ်ားအေနျဖင့္ ကုိရုိနာဗုိင္းရပ္(စ္)ေၾကာင့္ေရြးေကာက္ပြဲပ်က္ျပယ္မည္ကို စုိးရိမ္ရန္မလိုေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏုိင္ေျပာ 

 

ျပည္သူမ်ားအေနျဖင့္ ကုိရုိနာဗုိင္းရပ္(စ္)ေၾကာင့္ေရြးေကာက္ပြဲပ်က္ျပယ္မည္ကို စုိးရိမ္ရန္မလိုေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏုိင္က ေျပာၾကားသည္။ 

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရုံးသတင္းထုတ္ျပန္ေရးခန္းမ၌ မတ္လ ၁၉ ရက္ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါအတိုင္းေျပာျခင္းျဖစ္သည္။ 

“ ကုိရုိနာဗုိင္းရပ္(စ္) ျဖစ္ပြားေနေပမဲ့ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔က ကုိယ့္လုပ္သင့္၊ လုပ္ထုိက္တာေတြကုိ လုပ္ေဆာင္ရပါမယ္။ ျပည္သူေတြအေနနဲ႔ကုိရုိနာဗုိင္းရပ္(စ္)ေၾကာင့္ ေရြးေကာက္ပြဲပ်က္ျပယ္မႈကုိစုိးရိမ္စရာမလုိပါဘူး။ ျမန္မာႏုိင္ငံမွာက  ကုိရုိနာဗုိင္းရပ္(စ္)မျဖစ္ပါဘူး။ ေရြးေကာက္ပြဲေအာင္ေအာင္ျမင္ျမင္ျဖစ္လာမယ္” ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ဦးျမင့္ႏုိင္ကေျပာသည္။ 

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲ၌ မဲေပးခြင့္ရွိသူျပည္သူေပါင္း ၃၇ သန္းေက်ာ္အထိရွိ၍ ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပဳိင္မည့္ပါတီအေရအတြက္ ၉၀ ေက်ာ္အထိရွိေၾကာင္း သိရသည္။
တရုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွစတင္ျဖစ္ပြားသည့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာ့ႏိုင္ငံအမ်ားအျပားတြင္ ေသဆံုးသူမ်ားႏွင့္ ကူးစက္ခံရသူမ်ားရွိေနၿပီး ျမန္မာႏုိင္ငံတြင္ လက္ရွိ(မတ္လ ၁၉ ရက္)အထိ ကူးစက္ခံရသူမရွိေသးေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။ 

ေက်ာ္ၾကားဟိန္း ( အကုန္သိ သတင္းဌာန )

 

Unicode Version 

 

ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်(စ်)ကြောင့်ရွေးကောက်ပွဲပျက်ပြယ်မည်ကို စိုးရိမ်ရန်မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသတင်းထုတ်ပြန်ရေးခန်းမ၌ မတ်လ ၁၉ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။ 

“ ကိုရိုနာဗိုင်းရပ်(စ်) ဖြစ်ပွားနေပေမဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့က ကိုယ့်လုပ်သင့်၊ လုပ်ထိုက်တာတွေကို လုပ်ဆောင်ရပါမယ်။ ပြည်သူတွေအနေနဲ့ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် ရွေးကောက်ပွဲပျက်ပြယ်မှုကိုစိုးရိမ်စရာမလိုပါဘူး။ မြန်မာနိုင်ငံမှာက  ကိုရိုနာဗိုင်းရပ်(စ်)မဖြစ်ပါဘူး။ ရွေးကောက်ပွဲအောင်အောင်မြင်မြင်ဖြစ်လာမယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ကပြောသည်။ 

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူပြည်သူပေါင်း ၃၇ သန်းကျော်အထိရှိ၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီအရေအတွက် ၉၀ ကျော်အထိရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် သေဆုံးသူများနှင့် ကူးစက်ခံရသူများရှိနေပြီး မြန်မာနိုင်ငံတွင် လက်ရှိ(မတ်လ ၁၉ ရက်)အထိ ကူးစက်ခံရသူမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ 

ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။