Skip to main content
တုိက္ပြဲေရွာင္မ်ားကုိ ထိေရာက္စြာ အကူအညီ ေပးခ်င္ေသာ္လည္း ေလေၾကာင္းပုိ႔ေဆာင္ေရး အခက္အခဲရွိေနဟု ၀န္ႀကီး ဦးစိုးထက္ ေျပာ
Ads Block

တုိက္ပြဲေရွာင္မ်ားကုိ ထိေရာက္စြာ အကူအညီ ေပးခ်င္ေသာ္လည္း ေလေၾကာင္းပုိ႔ေဆာင္ေရး အခက္အခဲရွိေနဟု ၀န္ႀကီး ဦးစိုးထက္ ေျပာ

 

ပလက္၀ တိုက္ပြဲေရွာင္မ်ားကို ထိေရာက္စြာ အကူညီေပးခ်င္ေသာ္လည္း ေလေၾကာင္းပုိ႔ေဆာင္ေရး အစီအစဥ္ အခက္အခဲရွိေန ေၾကာင္း ခ်င္းျပည္နယ္အစုိးရအဖြဲ႔မွ ၀န္ႀကီး ဦးစုိးထက္က ေျပာသည္။

မတ္လ ၁၉ ရက္က အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ ခ်င္းျပည္နယ္အစုိးရအဖြဲ႔မွ စည္ပင္သာယာေရး၀န္ႀကီး ဦးစုိးထက္က ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

“တစ္ဘက္က ေတာင္တန္းေတြေပၚက ပစ္တယ္။ တပ္မေတာ္ကလည္း ႏုိင္ငံေတာ္ အစီအစဥ္နဲ႔ နယ္ေျမရွင္းလင္းေရး လုပ္ရ တယ္။ အဲဒီေတာ့ ေဒသမွာတစ္ခါမွ မျဖစ္ဘူးတဲ့ ေဒသခံေတြ ထိခုိက္တာေတြ ဒဏ္ရာရတာေတြရွိတယ္။ အဲဒီေတာ့ ျပည္နယ္ အစုိးရက ထိထိေရာက္ေရာက္ အကူအညီေပးခ်င္တယ္။ သုိ႔ေသာ္ ရဟတ္ယာဥ္တုိ႔ ဘာတုိ႔ဆုိတာက ႏုိင္ငံေတာ္ အစီအစဥ္နဲ႔မွ သုံးစြဲလုိ႔ရတာမ်ိဳးျဖစ္တယ္။ အခက္အခဲရွိတယ္။ ဒါေၾကာင့္ ျပည္နယ္အစုိးရက အေ၀းကေနပဲ ဆန္၊ ဆီ၊ ဆား၊ ပဲ ဒါေတြကုိ လူမႈ အဖြဲ႔အစည္းေတြက တစ္ဆင့္ အကူအညီေပးေနရတယ္။ အခုဆုိ ဆမီးၿမဳိ႕ေပၚကုိ ေရွာင္လာတာ မတ္လ ၁၉ ရက္ထိဆုိ စခန္း ေတြမွာ ၂၃၂၂ ဦးထိရွိလာၿပီ။ ပလက္၀မွာဆုိ ၃၀၀ ေလာက္ရွိတယ္လုိ႔ သိရတယ္”ဟု ၄င္းက ေျပာသည္။

၂၀၁၅ ခုနွစ္မွ စတင္ကာ ခ်င္းျပည္နယ္ ပလက္၀တြင္ AA လက္နက္ကုိင္အဖြဲ႔၏ လႈပ္ရွားမႈတုိ႔ရွိလာၿပီး ၂၀၁၈ ခုႏွစ္၊၂၀၁၉ ခုႏွစ္ တုိ႔တြင္ တပ္မေတာ္ႏွင့္ နွစ္ဘက္ထိေတြ႔မႈ ပုိမုိ မ်ားျပားလားခဲ့ၿပီး တုိက္ပြဲေရွာင္အေရအတြက္ တုိးပြားလာခဲ့သည္။

ပလက္၀ၿမိဳ႕သည္ ခ်င္းျပည္နယ္ေတာင္ပုိင္းတြင္ တည္ရိွၿပီး လူဦးေရ တစ္သိန္းေက်ာ္ ေနထုိင္ကာ အမ်ားစုမွာ ခူမီး၊ ရခုိင္၊ ခ်င္း တုိင္းရင္းသားမ်ိဳးႏြယ္စုမ်ား ေနထုိင္ေၾကာင္း သိရသည္။

မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ပလက်၀ တိုက်ပွဲရှောင်များကို ထိရောက်စွာ အကူညီပေးချင်သော်လည်း လေကြောင်းပို့ဆောင်ရေး အစီအစဉ် အခက်အခဲရှိနေ ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ဦးစိုးထက်က ပြောသည်။

မတ်လ ၁၉ ရက်က အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တစ်ဘက်က တောင်တန်းတွေပေါ်က ပစ်တယ်။ တပ်မတော်ကလည်း နိုင်ငံတော် အစီအစဉ်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ရ တယ်။ အဲဒီတော့ ဒေသမှာတစ်ခါမှ မဖြစ်ဘူးတဲ့ ဒေသခံတွေ ထိခိုက်တာတွေ ဒဏ်ရာရတာတွေရှိတယ်။ အဲဒီတော့ ပြည်နယ် အစိုးရက ထိထိရောက်ရောက် အကူအညီပေးချင်တယ်။ သို့သော် ရဟတ်ယာဉ်တို့ ဘာတို့ဆိုတာက နိုင်ငံတော် အစီအစဉ်နဲ့မှ သုံးစွဲလို့ရတာမျိုးဖြစ်တယ်။ အခက်အခဲရှိတယ်။ ဒါကြောင့် ပြည်နယ်အစိုးရက အဝေးကနေပဲ ဆန်၊ ဆီ၊ ဆား၊ ပဲ ဒါတွေကို လူမှု အဖွဲ့အစည်းတွေက တစ်ဆင့် အကူအညီပေးနေရတယ်။ အခုဆို ဆမီးမြို့ပေါ်ကို ရှောင်လာတာ မတ်လ ၁၉ ရက်ထိဆို စခန်း တွေမှာ ၂၃၂၂ ဦးထိရှိလာပြီ။ ပလက်ဝမှာဆို ၃၀၀ လောက်ရှိတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်မှ စတင်ကာ ချင်းပြည်နယ် ပလက်ဝတွင် AA လက်နက်ကိုင်အဖွဲ့၏ လှုပ်ရှားမှုတို့ရှိလာပြီး ၂၀၁၈ ခုနှစ်၊၂၀၁၉ ခုနှစ် တို့တွင် တပ်မတော်နှင့် နှစ်ဘက်ထိတွေ့မှု ပိုမို များပြားလားခဲ့ပြီး တိုက်ပွဲရှောင်အရေအတွက် တိုးပွားလာခဲ့သည်။

ပလက်ဝမြို့သည် ချင်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ကာ အများစုမှာ ခူမီး၊ ရခိုင်၊ ချင်း တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ကြောင်း သိရသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။