Skip to main content
ဖြဲ႕စည္းပံုျပင္ဆင္ေရးပုဒ္မ- ၄၃၆(ခ)ေအာက္ရွိ ပုဒ္မတစ္ခုကိုျပင္ဆင္ရန္ မဲခြဲဆံုးျဖတ္မႈအႏိုင္ရရွိ 
Ads Block

ဖြဲ႕စည္းပံုျပင္ဆင္ေရးပုဒ္မ- ၄၃၆(ခ)ေအာက္ရွိ ပုဒ္မတစ္ခုကိုျပင္ဆင္ရန္ မဲခြဲဆံုးျဖတ္မႈအႏိုင္ရရွိ 

 

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး၏ပုဒ္မ- ၄၃၆(ခ)ေအာက္ရွိပုဒ္မ၊ ပုဒ္မခြဲမ်ားကိုမတ္လ (၁၉)ရက္က ျပည္ေထာင္စုလႊတ္ေတာ္တြင္မဲခြဲရာ ပုဒ္မတစ္ခုသာအႏိုင္ရရွိခဲ့ၿပီး က်န္ပုဒ္မ်ားရႈံးနိမ့္ခဲ့ေၾကာင္း သိရသည္။

ယင္းပုဒ္မမွာပုဒ္မ- ၃၄၄ ျဖစ္ၿပီး “မသန္မစြမ္း” စကားရပ္အား “မသန္စြမ္း” ျပင္ဆင္ရန္ NLD အဆိုျပဳခ်က္အား တပ္မေတာ္ကေထာက္ခံခဲ့သည့္အတြက္ ျပင္ဆင္ရန္ ဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္းသိ္ရသည္။

မဲခြဲရာတြင္ ပုဒ္မ ၄၃၆(ခ)ေအာက္ရွိပုဒ္မ၊ ပုဒ္မခြဲ (၁၄)ခုကို ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး၊ က်န္ပုဒ္မမ်ားမွာေထာက္ခံမဲ (၄၀၀)ေက်ာ္ရရွိေသာ္လည္း ၇၅ရာခိုင္ႏႈန္းမေက်ာ္သည့္အတြက္ ရႈံးနိမ္ခဲ့ျခင္းျဖစ္သည္။

မတ္လ ၁၀ ရက္ေန႔ကမဲခြဲစဥ္ကလည္း “မသန္မစြမ္း”စကားရပ္အား “မသန္စြမ္း”ဟုေျပာင္းလဲရန္ NLD ကအဆိုျပဳခဲ့သည့္ပုဒ္မ၃၂(က)ႏွင့္(ခ) ျပင္ဆင္ခ်က္မွာတပ္မေတာ္ကေထာက္ခံခဲ့သည့္အတြက္ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ရရွိခဲ့ၿပီးအႏိုင္ရခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ မတ္လ (၁၈)ရက္ကလည္း NLD ပါတီမွ ဦးထြန္းထြန္းဟိန္ႏွင့္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ဗိုလ္မွဴးေအာင္စန္းခ်စ္တို႔က ျပင္ဆင္ရန္တင္သြင္းခဲ့သည့္ ပုဒ္မ ၂၆၂(က)၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၀န္ႀကီးခ်ဳပ္မ်ား၏အရည္အခ်င္း သတ္မွတ္ခ်က္ကို ျပ႒ာန္းထားသည့္ပုဒ္မတြင္လည္း အႏိုင္ရခဲ့ေသးသည္။

လက္ရွိတြင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကိုမဲခြဲေနရာ၊ ပုဒ္မ ၄၃၆(က)ၿပီးဆံုးခဲ့ၿပီး၊ ယခုပုဒ္မ ၄၃၆(ခ)၏ ပုဒ္မ၊ ပုဒ္မခြဲမ်ားကိုမဲခြဲေနျခင္းျဖစ္သည္။

ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၏ပုဒ်မ- ၄၃၆(ခ)အောက်ရှိပုဒ်မ၊ ပုဒ်မခွဲများကိုမတ်လ (၁၉)ရက်က ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲရာ ပုဒ်မတစ်ခုသာအနိုင်ရရှိခဲ့ပြီး ကျန်ပုဒ်များရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းပုဒ်မမှာပုဒ်မ- ၃၄၄ ဖြစ်ပြီး “မသန်မစွမ်း” စကားရပ်အား “မသန်စွမ်း” ပြင်ဆင်ရန် NLD အဆိုပြုချက်အား တပ်မတော်ကထောက်ခံခဲ့သည့်အတွက် ပြင်ဆင်ရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

မဲခွဲရာတွင် ပုဒ်မ ၄၃၆(ခ)အောက်ရှိပုဒ်မ၊ ပုဒ်မခွဲ (၁၄)ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ပုဒ်မများမှာထောက်ခံမဲ (၄၀၀)ကျော်ရရှိသော်လည်း ၇၅ရာခိုင်နှုန်းမကျော်သည့်အတွက် ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၀ ရက်နေ့ကမဲခွဲစဉ်ကလည်း “မသန်မစွမ်း”စကားရပ်အား “မသန်စွမ်း”ဟုပြောင်းလဲရန် NLD ကအဆိုပြုခဲ့သည့်ပုဒ်မ၃၂(က)နှင့်(ခ) ပြင်ဆင်ချက်မှာတပ်မတော်ကထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီးအနိုင်ရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော မတ်လ (၁၈)ရက်ကလည်း NLD ပါတီမှ ဦးထွန်းထွန်းဟိန်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးအောင်စန်းချစ်တို့က ပြင်ဆင်ရန်တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၂(က)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏အရည်အချင်း သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားသည့်ပုဒ်မတွင်လည်း အနိုင်ရခဲ့သေးသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကိုမဲခွဲနေရာ၊ ပုဒ်မ ၄၃၆(က)ပြီးဆုံးခဲ့ပြီး၊ ယခုပုဒ်မ ၄၃၆(ခ)၏ ပုဒ်မ၊ ပုဒ်မခွဲများကိုမဲခွဲနေခြင်းဖြစ်သည်။

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။