Skip to main content
Tom Hanks တို႔ ဇနီးေမာင္ႏွံ ေဆးရံုမွ ဆင္း 
Ads Block

Tom Hanks တို႔ ဇနီးေမာင္ႏွံ ေဆးရံုမွ ဆင္း 

 

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ မင္းသားႀကီး Tom Hanks နဲ႔ ဇနီး Rita Wilson တို႔စံုတြဲဟာ ၾသစေတးလ်ႏိုင္ငံ Queensland ေဆးရံုမွ ဆင္းခြင့္ရရွိၿပီး ၄င္းတို႔ေနအိမ္မွာ သီးျခားခြဲေနထိုင္ေနၿပီ လို႔ Hanks ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက CNN သတင္းဌာနကို တနလၤာေန႔က ေျပာခဲ့ပါတယ္။

Tom Hanks တို႔ စံုတြဲဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ေဆးရံုမွာ သီးျခားခြဲေနထိုင္ခဲ့ရတာ ျဖစ္ပါတယ္။ Hanks နဲ႔ Wilson တို႔ဟာ အဆိုေတာ္ Elvis Presley ရဲ႕ ဘ၀ျဖစ္စဥ္ကုိ ရုပ္ရွင္ရိုက္ကူးေရးအတြက္ ၾသစေၾတးလ်ကို ေရာက္ရွိေနတာျဖစ္ၿပီး အဲဒီရုပ္ရွင္မွာ Hanks ဟာ Presley ရဲ႕ မန္ေနဂ်ာအျဖစ္ သရုပ္ေဆာင္ရတာ ျဖစ္ပါတယ္။ ရုပ္ရွင္ထုတ္လုပ္ေရးကိုေတာ့ ေလာေလာဆယ္မွာ ဆိုင္းင့ံထားတယ္လို႔ သိရပါတယ္။ 

ဗိုင္းရပ္စ္ကူးစက္မႈနဲ႔ ပတ္သတ္ၿပီး Hanks က သူ႔ရဲ႕ အင္စတာဂရမ္မွာ အခုက်န္းမာေရး အရာရွိေတြရဲ႕ ေၾကညာခ်က္ေတြကို လိုက္နာေနေၾကာင္း၊ အမ်ားျပည္သူဆိုင္ရာ က်န္းမာေရးနဲ႔ လံုျခံဳေရးအတြက္ လိုအပ္တဲ့ စမ္းသပ္စစ္ေဆးျခင္း၊ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာျခင္းနဲ႔ သီးျခားခြဲေနဖို႔ကို ျပဳလုပ္မွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေရးသားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က Hanks ဟာ ေဆးရံုရဲ႕ ေစာင့္ေရွာက္ေပးမႈနဲ႔ ျပန္လည္သက္သာလာတဲ့ အေၾကာင္းကို ဆိုရွယ္မီဒီယာမွာ ေ၀မွ်ခဲ့ပါတယ္။ Wilson ကေတာ့ အျခားသီးျခားခြဲေနရသူေတြအတြက္ သီခ်င္းျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ 

ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref : CNN 

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မင်းသားကြီး Tom Hanks နဲ့ ဇနီး Rita Wilson တို့စုံတွဲဟာ သြစတေးလျနိုင်ငံ Queensland ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ၎င်းတို့နေအိမ်မှာ သီးခြားခွဲနေထိုင်နေပြီ လို့ Hanks ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက CNN သတင်းဌာနကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

Tom Hanks တို့ စုံတွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံမှာ သီးခြားခွဲနေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Hanks နဲ့ Wilson တို့ဟာ အဆိုတော် Elvis Presley ရဲ့ ဘဝဖြစ်စဉ်ကို ရုပ်ရှင်ရိုက်ကူးရေးအတွက် သြစတြေးလျကို ရောက်ရှိနေတာဖြစ်ပြီး အဲဒီရုပ်ရှင်မှာ Hanks ဟာ Presley ရဲ့ မန်နေဂျာအဖြစ် သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကိုတော့ လောလောဆယ်မှာ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ 

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သတ်ပြီး Hanks က သူ့ရဲ့ အင်စတာဂရမ်မှာ အခုကျန်းမာရေး အရာရှိတွေရဲ့ ကြေညာချက်တွေကို လိုက်နာနေကြောင်း၊ အများပြည်သူဆိုင်ရာ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းနဲ့ သီးခြားခွဲနေဖို့ကို ပြုလုပ်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Hanks ဟာ ဆေးရုံရဲ့ စောင့်ရှောက်ပေးမှုနဲ့ ပြန်လည်သက်သာလာတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပါတယ်။ Wilson ကတော့ အခြားသီးခြားခွဲနေရသူတွေအတွက် သီချင်းပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )   | Ref : CNN 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။