Skip to main content
ဖြဲ႔စည္းပုံျပင္ႏုိင္ရန္ တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ ယုံၾကည္မႈ တည္ေဆာက္ရန္ လုိအပ္ေၾကာင္း ဗုိလ္မွဴးခ်ဳပ္ေမာင္ေမာင္ ေျပာ
Ads Block

ဖြဲ႔စည္းပုံျပင္ႏုိင္ရန္ တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ ယုံၾကည္မႈ တည္ေဆာက္ရန္ လုိအပ္ေၾကာင္း ဗုိလ္မွဴးခ်ဳပ္ေမာင္ေမာင္ ေျပာ

 

ဖြဲ႔စည္းပုံျပင္ႏုိင္ရန္ တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ တစ္ဘက္နွင့္တစ္ဘက္ ယုံၾကည္မႈ အရင္တည္ေဆာက္ရန္လုိအပ္ေၾကာင္း တပ္မေတာ္သား ကုိယ္စားလွယ္ ဗုိလ္မွဴးခ်ဳပ္ေမာင္ေမာင္က ေျပာသည္။
မတ္လ ၁၇ ရက္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္တြင္ သတင္းမီဒီယာမ်ားနွင့္ ေတြ႔ဆုံရာတြင္ ဖြဲ႔စည္းပုံအေျခခံ ဥပေဒႏွင့္ ပတ္သက္၍  တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ဖြဲ႔စည္းပုံ ျပင္ႏုိင္ဖုိ႔ဆုိရင္ တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ တစ္ဘက္နွင့္တစ္ဘက္ ယုံၾကည္မႈေတြတည္ေဆာက္ၿပီးမွ ေဆာင္ရြက္သင့္ပါတယ္။ ဖြဲ႔စည္းပုံျပင္ႏုိင္ဖုိ႔အတြက္ မဲအသာနဲ႔ ရႏုိင္တယ္လုိ႔ဆုိတာ မျဖစ္သင့္ပါဘူး။ အားလုံးပါ၀င္ၿပီးေတာ့မွ အေျဖရွာၿပီးေတာ့မွ ဘယ္လုိ ျပင္ ၾကမလဲဆုိတာကုိ ေဆာင္ရြက္မွသာလွ်င္ ဖြဲ႔စည္းပုံျပင္ဆင္ေရး လုပ္ငန္းေတြဟာ အက်ိဳးရလဒ္ ထြက္လာမွာ ျဖစ္ပါတယ္”ဟု ၄င္းကေျပာသည္။

၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံ ဥပေဒျပင္ဆင္ရန္ အေရးႀကီး အဆုိအျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီ ၂၉ ရက္ တြင္ အမ်ိဳးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ပါတီ၀င္ အမ်ိဳးသား လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က တင္သြင္းခဲ့ျခင္း ျဖစ္သည္။

၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္း ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ၿပီး ၂၀၀၈ ခုႏွစ္ေမလတြင္ ျပည္လုံးကြ်တ္ ဆႏၵခံယူပြဲ က်င္းပကာအတည္ျပဳျပဌာန္းခဲ့ျခင္း ျဖစ္သည္။

 “ပုဒ္မ၂၆၁ ျပင္ဆင္ေရးဆုိတာ ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာ NLD ကပဲ တင္ခဲ့တာ ေလ။ ၂၆၁ ကဘာနဲ႔ ဒြန္႔တြဲေန တာလဲ ဆုိေတာ့ လႊတ္ေတာ္ထဲမွာ ရွိေနတဲ့ လႊတ္ေတာ္ဖြဲ႔စည္းမႈ ကုိၾကည့္ရမယ္။ လႊတ္ေတာ္ဟာ ဒီမုိကေရစီ လႊတ္ေတာ္စစ္စစ္ ျဖစ္ၿပီလား။ ေရြးေကာက္ခံကုိယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ လႊတ္ေတာ္ ျဖစ္ၿပီလား။ ဒီဟာေလးကုိျပန္ၿပီး သတိခ်ပ္ရမွာ ေပါ့” ဟု အမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာျမတ္ဥာဏစုိးက ေျပာသည္။
 

မင္းသီဟန္  ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ဖွဲ့စည်းပုံပြင်နိုင်ရန် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှု အရင်တည်ဆောက်ရန်လိုအပ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။
မတ်လ ၁၇ ရက် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ဆိုရင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုတွေတည်ဆောက်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။ ဖွဲ့စည်းပုံပြင်နိုင်ဖို့အတွက် မဲအသာနဲ့ ရနိုင်တယ်လို့ဆိုတာ မဖြစ်သင့်ပါဘူး။ အားလုံးပါဝင်ပြီးတော့မှ အဖြေရှာပြီးတော့မှ ဘယ်လို ပြင် ကြမလဲဆိုတာကို ဆောင်ရွက်မှသာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းတွေဟာ အကျိုးရလဒ် ထွက်လာမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရန် အရေးကြီး အဆိုအဖြစ် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ပြီး ၂၀၀၈ ခုနှစ်မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာအတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။

 “ပုဒ်မ၂၆၁ ပြင်ဆင်ရေးဆိုတာ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ NLD ကပဲ တင်ခဲ့တာ လေ။ ၂၆၁ ကဘာနဲ့ ဒွန့်တွဲနေ တာလဲ ဆိုတော့ လွှတ်တော်ထဲမှာ ရှိနေတဲ့ လွှတ်တော်ဖွဲ့စည်းမှု ကိုကြည့်ရမယ်။ လွှတ်တော်ဟာ ဒီမိုကရေစီ လွှတ်တော်စစ်စစ် ဖြစ်ပြီလား။ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော် ဖြစ်ပြီလား။ ဒီဟာလေးကိုပြန်ပြီး သတိချပ်ရမှာ ပေါ့” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

မင်းသီဟန်  ( အကုန်သိ သတင်းဌာန )  

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။