Skip to main content
ၾကက္ဖကိုခိုးယူသတ္စားသည္ဟုဆိုကာစကားမ်ားရာမွ လူသတ္မႈျဖစ္ပြား
Ads Block

ၾကက္ဖကိုခိုးယူသတ္စားသည္ဟုဆိုကာစကားမ်ားရာမွ လူသတ္မႈျဖစ္ပြား

 

ၾကက္ဖကိုခိုးယူသတ္စားသည္ဟုဆိုကာစကားမ်ားရာမွလူသတ္မႈ မင္းလွၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ ေ႐ႊေလာင္းေက်း႐ြာအုပ္စု၊ပန္းေတာေက်း႐ြာ၌ မတ္လ ၁၇ ရက္၊ ညေန ၅ နာရီခြဲခန္႔တြင္ တစ္ရြာတည္းသားခ်င္းလူသတ္မႈျဖစ္ပြားေၾကာင္းသတင္းေပးခ်က္ေၾကာင့္ တာ၀န္ရွိသူမ်ားကသြားေရာက္စစ္ေဆးခဲ့ၾကသည္။

စစ္ေဆးခ်က္အရအခင္းျဖစ္ေနရာ၌ ယင္းေက်းရြာေနေအာင္သူ(၂၈)ႏွစ္မွာဝဲဘက္ရင္ၫြန္႔ထိုးသြင္းဒဏ္ရာျဖင့္ ေျမႀကီးေပၚ၌ လဲက်ေသဆံုးေနသည္ကိုေတြ႔ရွိသျဖင့္ အေလာင္းကိုရင္ခြဲရံုသို႔တင္ပို႔ေပးခဲ့ၾကသည္။

အခင္းမျဖစ္ခင္အခ်ိန္၌ ေသဆံုးသူ ေအာင္သူမွာ ေနအိမ္ေရွ႕၌ထိုင္ေနစဥ္ တစ္ရြာတည္းေန ေက်ာ္သက္ေအာင္၊ (၃၀)ႏွစ္က ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီးလြန္ခဲ့ေသာ ၂ ရက္က ၎၏ၾကက္ဖကိုခိုးသတ္စားသည္ဟုဆိုကာ ေအာင္သူႏွင့္စကားမ်ားရန္ျဖစ္ၾကၿပီး အသင့္ပါလာေသာဆူးခြ်န္ျဖင့္ေအာင္သူ၏၀ဲရင္ညြန္႔ကို ထုိးလိုက္ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ထို႔ေၾကာင့္ ေသဆံုးသူ၏ဇနီးက အေရးယူေပးရန္တိုင္ၾကားခဲ့သျဖင့္ ေက်ာ္သက္ေအာင္၊ (၃၀)ႏွစ္ကိုဖမ္းဆီးၿပီး မင္းလွၿမိဳ႕နယ္၊ စစ္ကြင္းနယ္ေျမရဲစခန္း၌ (ပ)၈၃/၂၀၂၀၊ရာဇသတ္ႀကီးပုဒ္မ - ၃၀၂ (လူသတ္မႈ) ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။


ဒါးဇ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ကြက်ဖကိုခိုးယူသတ်စားသည်ဟုဆိုကာစကားများရာမှလူသတ်မှု မင်းလှမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ပန်းတောကျေးရွာ၌ မတ်လ ၁၇ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် တစ်ရွာတည်းသားချင်းလူသတ်မှုဖြစ်ပွားကြောင်းသတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရအခင်းဖြစ်နေရာ၌ ယင်းကျေးရွာနေအောင်သူ(၂၈)နှစ်မှာဝဲဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာဖြင့် မြေကြီးပေါ်၌ လဲကျသေဆုံးနေသည်ကိုတွေ့ရှိသဖြင့် အလောင်းကိုရင်ခွဲရုံသို့တင်ပို့ပေးခဲ့ကြသည်။

အခင်းမဖြစ်ခင်အချိန်၌ သေဆုံးသူ အောင်သူမှာ နေအိမ်ရှေ့၌ထိုင်နေစဉ် တစ်ရွာတည်းနေ ကျော်သက်အောင်၊ (၃၀)နှစ်က ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးလွန်ခဲ့သော ၂ ရက်က ၎င်း၏ကြက်ဖကိုခိုးသတ်စားသည်ဟုဆိုကာ အောင်သူနှင့်စကားများရန်ဖြစ်ကြပြီး အသင့်ပါလာသောဆူးချွန်ဖြင့်အောင်သူ၏ဝဲရင်ညွန့်ကို ထိုးလိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် သေဆုံးသူ၏ဇနီးက အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် ကျော်သက်အောင်၊ (၃၀)နှစ်ကိုဖမ်းဆီးပြီး မင်းလှမြို့နယ်၊ စစ်ကွင်းနယ်မြေရဲစခန်း၌ (ပ)၈၃/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။